ဘွဲ့လွန်မြန်မာပြက္ခဒိန်ပညာဒီပလိုမာသင်တန်း စတင်ဖွင့်လှစ်မည်

 

 

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနနှင့် အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တို့မှပူးပေါင်းဖွင့်လှစ်သော ၂၀၂၃-၂-၂၄ ပညာသင်နှစ် ဘွဲ့လွန်မြန်မာပြက္ခဒိန်ပညာဒီပလိုမာသင်တန်းကို အနုပညာအထက်တန်းကျောင်း(ရန်ကုန်)တွင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သင်တန်းကာလမှာ ၁နှစ်နှင့် ၆လကြာမြင့်မည်ဖြစ်ပြီး သင်တန်းအောင်မြင်ပြီးဆုံးပါက ဘွဲ့လွန်မြန်မာပြက္ခဒိန် ဒီပလိုမာ(Post Graduate Diploma in Myanmar Calendar) ဘွဲ့ရရှိမည်ဖြစ်သည်။ သင်တန်းကို ၂၀၂၃ခုနှစ် မေလ ၁၅ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နံနက် ၉း၀၀နာရီမှ ညနေ ၃း၃၀အထိ အချိန်ပြည့်တက်ရောက် ရမည်ဖြစ်သည်။

Advertisement

Click Here > Asia Power Quality

အဆိုပါသင်တန်းကိုအစိုးရအသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတိုင်းတက်ရောက်နိုင်သည်။ သင်ကြားပို့ချမည့် ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

 

  • သံဒိဌတွက်ရိုးပညာ

  • သူရိယသိဒ္ဓါန္တတွက်ရိုးပညာ

  • သင်္ကြန်တွက်ရိုးပညာ

  • ပြက္ခဒိန်ပညာ

  • နက္ခတ္တပညာ

  • လထပ်ရက်ငင်လေ့လာချက်ပညာ

  • နေကြတ်

  • လကြတ်လေ့လာချက်ပညာ

  • ဇာတာဖွဲ့နည်းပညာ

  • မင်္ဂလာအခါပေးပညာ

 

သင်တန်းကိုအမှတ်(၁၃၁)၊ကမ္ဘာအေးဘုရားလမ်း၊ရွှေတောင်ကြားရပ်ကွက်၊အနုပညာအထက်တန်းကျောင်း (ရန်ကုန်)တွင် တက်ရောက်ရမည်ဖြစ်သည်။ လျှောက်ထားလိုသူများ အနေဖြင့် ပညာအရည်အချင်း ထောက်ခံချက်၊ ဓာတ်ပုံ (၅)ပုံတို့နှင့်အတူ လျှောက်ထားရမည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးမှူး၏ ခွင့်ပြုချက်ကို တစ်ပါတည်း ပူးတွဲလျှောက်ထားရမည်။

 

ဝင်ခွင့်လျှောက်လွှာပုံစံများကို ၂၀၂၃ ဧပြီလ ၂၀ရက်နေ့မှစတင်၍ အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊၊အနုပညာအထက်တန်းကျောင်း(ရန်ကုန်/မန္တလေး)တို့တွင် ထုတ်ယူရရှိနိုင်ပြီး မေလ ၅ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်။

 

ဝင်ခွင့်စာမေးပွဲအနေဖြင့် မြန်မာ၊ အင်္ဂလိပ်စာ နှင့် သင်္ချာ (၃)ဘာသာကို မေလ ၉ ရက်နေ့တွင်ဖြေဆိုကြရမည် ဖြစ်ပြီး လူတွေ့စစ်ဆေးခြင်းကို မေလ ၁၀ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

 

အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၀၆၇ ၃၄၀၈၄၄၃၊ ၀၁ ၉၅၅၅၆၄၂၊ ၀၉ ၂၅၀၂၇၄၄၉၄၊ ၀၉ ၄၂၀၀၁၂၈၀၈ နံပါတ်များသို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင််သည်။

 

Source: 

 

Latest Post Local News Vocational Read 1014 times