Sales Hotline : 09448001653       Download App



တောင်သူများ လျှောက်ထားနိုင်သည့် စိုက်ပျိုးစီးပွား စီမံခန့်ခွဲမှု ပညာသင်ဆု

 

 

Yara Myanmar နှင့် Strategy First University တို့မှ ပူးပေါင်း၍ စိုက်ပျိုးစီးပွားစီမံခန့်ခွဲမှုသင်တန်း (Agriculture Business Management) (ဒုတိယအသုတ်) အတွက် ပညာသင်ဆု လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရှိရသည်။

 

သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ တောင်သူများအနေဖြင့် မိမိတို့၏ လုပ်ငန်းခွင်တွင် စီးပွားရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် ပိုမိုကောင်းမွန်ပြီး အမြတ်အစွန်း ရရှိနိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောာင်ရွက်လာနိုင်စေရန် ဖြစ်သည်။

 

အဆိုပါ တောင်သူအကျိုးပြု စိုက်ပျိုးစီးပွားစီမံခန့်ခွဲမှု သင်တန်းကို လျှောက်ထားလိုသူများ အနေဖြင့် ပညာအရည်အချင်း အနိမ့်ဆုံး သတ်မှတ်ချက် အထက်တန်းအဆင့် ရှိရမည် ဖြစ်သည်။ 

Advertisement 

Click Here > Golden House 

လျှောက်ထားလာသူများအနက်မှ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော တောင်သူအယောက် (၂၀) အား ရွေးချယ် တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ပညာသင်ဆုပေးအပ်ကာ သင်တန်းအား အခမဲ့ တက်ရောက်ခွင့်ပြုသွားမည် ဖြစ်သည်။

 

သင်တန်းတက်ရောက်မှု ပြီးမြောက်အောင်မြင်သွားပါက Yara Myanmar နှင့် Strategy First University တို့မှ သင်တန်းပြီးမြောက် အောင်မြင်ကြောင်းလက်မှတ် ချီးမြှင့်သွားမည် ဖြစ်သည်။

 

တက်ရောက်လိုသူများ အနေဖြင့် အောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် လျှောက်လွှာဖောင်ကို ဖြည့်စွက်ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်သည်။ ရွေးချယ်ခံရသော တောင်သူများအား Yara Myanmar မှ ပြန်လည် ဆက်သွယ် အကြောင်းကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

လျှောက်လွှာဖောင် 

> https://bit.ly/agribusiness_apply 


Ref: https://bit.ly/3HfL0d1

Latest Post Local News Local Read 1396 times