“ခန္ဓာကိုယ်က ဝေဒနာကို ခံစားနေရပေမယ့် ကျွန်မရဲ့ အိမ်မက်တွေကိုတော့ မစွန့်လွှတ်ချင်ခဲ့ဘူး”လို့ အာရုံကြော ကစဥ့်ကလျားဝေဒနာကြောင့် တစ်နေ့ကို သတိလစ်လဲကျလေ့ရှိတဲ့ ကျောင်းသူလေး ဆစ်ဒ်နီအေဘဲလ်က ဒီလို ပြောကြားခဲ့တာပါ။
ကျောင်းသူလေး ဆစ်ဒ်နီဟာဆိုရင် အခုဆိုရင် ဘွဲ့ (၄) ခုကို ရရှိတော့မှာပါ။ အရီဇိုးနားပြည်နယ်က တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူလေး ဆစ်ဒ်နီဟာ သူမရဲ့ ရှားရှားပါးပါး အာရုံကြောဆိုင်ရာ ရောဂါအခြေအနေကို ဆန်းစစ်သိရှိပြီးနောက်မှာတော့ သူမရင်ဆိုင်ရမယ့် စိန်ခေါ်မှုအတွက် တွန်းအားတွေ ပိုရှိလာခဲ့ပါတယ်။
သူမဟာ အထိုင်အထလုပ်တဲ့အခါ အာရုံကြောစနစ် ချို့ယွင်းပြီး ကစဥ့်ကလျားဖြစ်ကာ မူးဝေတာ၊ ပင်ပန်းနွမ်းနယ်လာတာ၊ နှလုံးခုန်မြန်လာတာ စတဲ့ ဝေဒနာတွေကို ခံစားရလေ့ရှိတဲ့ Postural Orthostatic Tachycardia Syndrome (POTS) ရောဂါအခြေအနေကို ခံစားနေရတာပါ။
Advertisement
ဆစ်ဒ်နီဟာလက်ရှိ ASU (Arizona State University) မှာ စတုတ္ထနှစ်မြောက် ကျောင်းသူပါ။ သူမဟာလာမယ့် မေလမှာ Business(Law), Business Entrepreneurship,Sport Business & Art(Photography) စတဲ့ ဘွဲ့တွေကို ရရှိတော့မှာပါ။
ကောလိပ်ကျောင်းသူဘဝတုန်းက ဆစ်ဒ်နီဟာ ကျောင်းတက်တဲ့ ပထမဆုံးနေ့မှာပဲ သတိလစ် လဲကျသွားခဲ့လို့ အရေးပေါ်လူနာတင်ယာဥ်နဲ့ ဆေးရုံပို့ဆောင်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ဆစ်ဒ်နီဟာ ရောဂါပြင်းထန်လာပြီး တစ်နေ့ကို အကြိမ်ဖန်ပေါင်းများစွာ သတိလစ်လာပါတယ်။ ဆိုးဝါးတဲ့ နေ့တွေမှာဆို တစ်နေ့ကို ၁၅ ကြိမ်လောက် သတိလစ်သွားတတ်ပါတယ်။
နောက်ပိုင်းမှာ အခြေအနေကို ထိန်းနိုင်ခဲ့ပေမယ့် တစ်ရက်ကို ၁ ကြိမ်ကနေ ၃ ကြိမ်ကြား သတိလစ်တာက ပုံမှန်လို ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ခန္ဓာကိုယ်က မသန်စွမ်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ ဆစ်ဒ်နီဟာ ဘွဲ့ ၄ ခုကို ရရှိတော့မှာ ဖြစ်ပြီး သူ့ရဲ့ ပျှမ်းမျှရမှတ်က GPA 4.13 အထိ ရရှိကာ ၉၇ မှတ်လောက်ထိ ရရှိခဲ့ပါတယ်။
Source :College Student Pushes Past Nerve Disorder To Graduate With Four Degrees