စစ်ကိုင်းပညာရေးတက္ကသိုလ်မှ မဟာပညာရေးဘွဲ့ (အရည်အချင်းစစ်) MEd (Q) သင်တန်းအမှတ်စဥ် (၄) ကို သင်ကြား ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သိရှိရသည်။
သင်တန်းအမည်မှာ မဟာပညာရေးဘွဲ့ (အရည်အချင်းစစ်) MEd(Q) သင်တန်းဖြစ်ပြီး သင်တန်းကာလ တစ်နှစ်ကြာမြင့်မည် ဖြစ်ကာ သင်တန်းပြီးမြောက် အောင်မြင်ပါက ပညာရေးဘွဲ့ (B.Ed) ဘွဲ့ ရရှိမည် ဖြစ်သည်။
သင်တန်းမှာ ၂၀၂၃ ခုနှစ် ဇွန်လ ၈ရက်နေ့ (ကြာသပတေးနေ့)တွင် စစ်ကိုင်းပညာရေးတက္ကသိုလ်၌ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး
ဆရာအတက်ပညာဦးစီးဌာန လက်အောက်ရှိ ပညာရေးဒီဂရီကောလိပ်များ (မြစ်ကြီးနား၊ တောင်ကြီး၊ လာရှိုး၊ လွိုင်ကော်၊ မန္တလေး၊ မိတ္ထီလာ၊ စစ်ကိုင်း၊ မုံရွာ၊ ဟားခါး၊ ကျိုင်းတုံ၊ ကသာ၊ မကွေး၊ ပခုက္ကူ) တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမဝန်ထမ်းများ၊
ပညာရေး သုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနများ၊
ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဘွဲ့ရဆရာ၊ ဆရာမ ဝန်ထမ်းများ တက်ရောက်နိုင်သည်။
လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများကို ပူးတွဲတင်ပြရမည်_
ဘွဲ့လက်မှတ်
အမှတ်စာရင်းမူရင်းနှင့် မိတ္တူမှန်
ပတ်စ်ပို့တ်အရွယ် ဓာတ်ပုံ (၂)ပုံ
ဝန်ထမ်းဖြစ်ကြောင်းနှင့် လုပ်သက်မှန်ကန်ကြောင်း၊ မဟာပညာရေးဘွဲ့ (အရည်အချင်းစစ်) MEd(Q) သင်တန်းဝင်ခွင့်စာမေးပွဲကို ဖြေဆိုခွင့်ပြုကြောင်းနှင့် ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်ပါက အချိန်ပြည့် တက်ရောက်ခွင့်ပြုကြောင်း သက်ဆိုင်ရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (သို့) တာဝန်ပေးအပ်ထားသော အရာရှိကြီးများ၊ ကျောင်းအုပ်ကြီးတို့၏ ထောက်ခံချက်
Advertisement
Click Here > Reliance Security
သင်တန်းတက်ရောက်လိုသူများအနေဖြင့် အရည်အချင်းစစ် ရေးဖြေနှင့် နှုတ်ဖြေ စာမေးပွဲကို ဖြေဆိုရမည် ဖြစ်သည်။ အသက်အရွယ်အားဖြင့် ကန့်သတ်ချက်မရှိပါ။
လုပ်သက်အားဖြင့် ဆရာအတတ်ပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်သာ ပညာရေးဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေပြီး သင်တန်းစတင်ဖွင့်လှစ်သည့်နေတွင် လုပ်သက် (၅) နှစ် ပြည့်ပြီးသူ ပညာရေးဘွဲ့ရ ဆရာ၊ ဆရာမဝန်ထမ်းများ ဖြစ်ရမည်။
ပညာရေးစိတ်ပညာ (သို့)ပညာရေးသဘောတရား (သို့) သင်ပြနည်း (သို့)ကာယပညာများအနက် ဘာသာရပ် တစ်ခုကိုသာ ရွေးချယ် လျှောက်ထားရမည် ဖြစ်ပြီး တစ်ဘာသာထက် ပိုလျှောက်ထားလာသော လျှောက်လွှာများကို ထည့်သွင်းစဥ်းစားမည် မဟုတ်ကြောင်း သိရသည်။
သက်ဆိုင်ရာအထူးပြု ပညာရေးဘာသာရပ်အလိုက် မေးခွန်းလွှာတစ်ခု (၂)နာရီ မေးခွန်းဖြေဆိုရမည်။ လျှောက်လွှာများကို ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် စတင်လက်ခံမည် ဖြစ်ပြီး ၂၀၂၃ခုနှစ် ဧပြီလ ၂၈ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားနိုင်သည်။
လျှောက်လွှာများကို သင်တန်းရေးရာဌာန၊ စစ်ကိုင်းတိုင်းပညာရေးတက္ကသိုလ်သို့ တိုက်ရိုက်ပေးပို့ လျှောက်ထား နိုင်သည်။ ဝင်ခွင့်စာမေးပွဲ (ရေးဖြေ) ကို ၂၀၂၃ ခုနှစ် မေလ ၄ ရက်နေ့၊ နှုတ်ဖြေစာမေးပွဲကို ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီအထိ စစ်ကိုင်းပညာရေးတက္ကသိုလ် တွင် ဖြေဆိုရမည် ဖြစ်သည်။
ဘာသာရပ်များနှင့် စပ်လျဥ်း၍ အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာအလိုက် ပါမောက္ခ၊ ဌာနမှူးများ ထံတွင်လည်းကောင်း၊ သင်တန်းဝင်ခွင့်နှင့် စပ်လျဥ်း၍
ဌာနမှူး (သင်တန်း) ၀၉ - ၂၀၀၆၀၉၄၊
ဒု-ဌာနမှူး (သင်တန်း) ၀၉ - ၇၉၇၉၉၆၃၅၈၊
မော်ကွန်းထိန်း ၀၉ - ၄၄၄၆၉၄၈၆၂ တို့ထံတွင် ဆက်သွယ် မေးမြန်း စုံစမ်းနိုင်သည်။
Source: