သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (တောင်ကြီးကျောင်းခွဲ) တွင် ၂၀၂၃ ပညာသင်နှစ်အတွက် ရက်ကန်းပညာ စိတ်ပါဝင်စားသူများ သင်တန်းလျှောက်ထားနိုင်ကြောင်း သိရှိရသည်။
သင်တန်းမှာ (၆)လကြာမြင့်မည်ဖြစ်ပြီး သင်တန်းကာလမှာ ၂၀၂၃ခုနှစ် ဇူလိုင်လ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့အထိဖြစ်သည်။ သင်တန်းကို အခြေခံမူလတန်းအောင်မြင်ပြီးသူများတက်ရောက်နိုင်ပြီး အသက်အားဖြင့် ၁၆နှစ်မှ ၂၅နှစ်အတွင်း အိမ်ထောင်မရှိသူ အပျို/လူပျိုဖြစ်ရမည်။
Advertisement
သင်တန်းတက်ရောက်စဥ်ကာလအတွင်း ကျောင်းအဆောင်တွင် အခမဲ့နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး သင်တန်းသား တစ်ဦးလျှင် ပညာသင်ထောက်ပံ့ကြေး တစ်လ ၃၀,၀၀၀/- ကျပ် ပေးအပ်သွားမည်ဖြစ်သည်။
သင်တန်းဝင်ခွင့်အတွက် ပညာအရည်အချင်းထောက်ခံချက်၊ သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်ဖြစ်သည်။ သင်တန်းမှာ တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်း၊ရေအေးကွင်းရပ်ကွက်တွင် တက်ရောက်ရမည်ဖြစ်သည်။
သင်တန်းသားဦးရေကန့်သတ်ထားသည်။ အသေးစိတ်အချက်အလက်များကို စုံစမ်းသိရှိလိုပါက ဖုန်းနံပါတ် ၀၈၁ - ၂၁၂၁၆၁၄ နှင့် ၀၉ - ၂၆၁၇၀၈၅၆၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
Source Form >