အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ရုံးချိန်လွတ်သင်တန်း ဧပြီလတွင် စတင် ဖွင့်လှစ်မည်

 

ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) မှ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း (အမှတ်စဥ်-၇) ကို စတင် ဖွင့်လှစ် သင်ကြားမည် ဖြစ်ကြောင်း သိရှိရသည်။

 

သင်တန်းမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ပထမအပတ်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး အပတ်စဥ် စနေ၊ တနင်္ဂနွေ တက်ရောက်ရမည်ဖြစ်ကာ သင်တန်းကာလ (၄) ပတ် ကြာမြင့်မည် ဖြစ်သည်။ 

 

လျှောက်ထားလိုသူများအနေဖြင့် အမှတ် (၂၂၈/၂၄၀)၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) စတုတ္ထထပ်တွင် လူကိုယ်တိုင် လာရောက် စာရင်းပေးသွင်းရမည်။ 

Advertisement 

Click Here > Tayza Wynn

လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများကို တစ်ပါတည်း ပူးတွဲ တင်ပြရမည်_

 

  • ဘွဲ့လက်မှတ်မိတ္တူ

  • အထက်တန်းအောင်လက်မှတ်

  • နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ

  • ဓာတ်ပုံ တစ်လက်မပတ်လည် (၃) ပုံ

 

သင်တန်းသားဦးရေ အယောက် (၇၀) မှ (၉၀)အထိ လက်ခံ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းချိန်မှာ နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီအထိ ဖြစ်သည်။ 

 

အသေးစိတ်အချက်အလက်များကို ကုန်သွယ်မှု သင်တန်းကျောင်း၏ ဖုန်းနံပါတ်ဖြစ်သော ၀၁-၂၅၀၈၇၁၊ ၀၁-၃၇၈၇၉၈ နံပါတ်များသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သည်။

 

Local News Latest Post Read 694 times