Sales Hotline : 09448001653       Download App



လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း စတင်လျှောက်ထားနိုင်

 

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သော ၂၀၂၃ ခုနှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) အမှတ်စဥ် (၉/၂၃) သင်တန်းကို ပညာရေးဒီဂရီကောလိပ်များ၌ ၂၀၂၃ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

 

လျှောက်ထားလိုသူများအတွက် သင်တန်းဝင်ခွင့်လျှောက်လွှာပုံစံကို အောက်တွင်ဖော်ပြပေးထားပြီး သတ်မှတ်ပုံစံအတိုင်း ကိုယ်တိုင် ရေးသားဖြည့်သွင်းကာ လျှောက်ထားပေးရမည်။ 

 

သင်တန်းဝင်ခွင့်လျှောက်ထားလိုသူများ အနေဖြင့် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်_

 

(က) လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။

 

(ခ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ( မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ စိတ်ပညာ၊ အဏ္ဏဝါသိပ္ပံ၊ ကုန်ထုတ်ဓာတုဗေဒ၊ Microbiology၊ Biotechnology Biochemistry Environmental Studies Geology BA(မြန်မာမှု)၊ B.A(ရသ)၊ B.A(ဂီတ)၊ B.A(သဘင်)၊ B.A(ပန်းချီ)၊ BA(ပန်းပု)၊ B.Sc(Sports)၊ B.Econ(stats)၊ B.Com) ရရှိပြီးသူ ဖြစ်ရမည်။

 

(ဂ) ပြင်ပဘွဲ့ရများအတွက် ၂၀၂၃ ခုနှစ်၊ မေလ (၃၁)ရက်တွင် အသက်(၃၅)နှစ်ထက် မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက အမြဲတမ်း ဝန်ထမ်းဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ မေလ (၃၁)ရက်တွင် အသက်(၄၀)နှစ် ထက်မကြီးသူ ဖြစ်ရန်နှင့် သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲ၏ ခွင့်ပြုချက်ကို ပူးတွဲ တင်ပြရမည်။ 

 

(ဃ) ၂၀၂-၂၀၂၃ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၉/၃) သင်တန်းအတွက် လျှောက်ထားသူများသည် အင်္ဂလိပ်စာ၊ ပညာရေးဆိုင်ရာ ဗဟုသုတ ရေးဖြေစာမေးပွဲနှင့် လူတွေ့နှုတ်ဖြေကို သက်ဆိုင်ရာပညာရေး ဒီဂရီကောလိပ်များတွင် ဖြေဆိုကြရမည် ဖြစ်ပြီး စာမေးပွဲ ဖြေဆိုရမည့်ရက်အား သက်ဆိုင်ရာ ပညာရေးဒီဂရီ ကောလိပ်များတွင် ကြေညာမည် ဖြစ်သည်။

 

(င) ကျန်းမာရေးကောင်းမွန်၍ ဆရာ့တာဝန် ထမ်းဆောင်နိုင်ပြီး မည်သည့်ပညာရေး ဒီဂရီကောလိပ်တွင်

မဆို တက်ရောက်နိုင်သူ ဖြစ်ရမည်။

 

(စ)  အကျင့်စာရိတ္တကောင်းမွန်ပြီး ပြစ်မှုကင်းရှင်းသူ ဖြစ်ရမည်။

 

(ဆ) သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်ရပါ။ 

 

(ဇ) သင်တန်းတက်ရောက်နေစဉ်..ကိုယ်လက်ကြံ့ခိုင်လှုပ်ရှားမှုများ နေ့စဉ်ဆောင်ရွက်ရမည် ဖြစ်ပါ၍ ရွေးချယ်ခံရသည့် သင်တန်းသူသည် ကိုယ်ဝန်ဆောင်ခြင်း မရှိရပါ။

Advertisement

Click Here > Myat Mi Ba Construction 

လျှောက်လွှာကို ၂ဝ၂၃ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့ထက် နောက်မကျစေဘဲလျှောက်လွှာတင်ရမည့် ပညာရေးဒီဂရီကောလိပ်တည်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်ရှိ မြို့နယ်တစ်ခုကို ကိုယ်စားပြု၍ လျှောက်ထားရမည်။ နေပြည်တော် ကောင်စီနယ်မြေအတွက် တောင်ငူပညာရေးဒီဂရီကောလိပ်တွင် လျှောက်ထားနိုင်သည်။ ပညာရေးဝန်ကြီးဌာန (သို့မဟုတ်) ဦးစီးဌာနသို့ တိုက်ရိုက်လျှောက်ထား ခြင်းမပြုရ။

 

လျှောက်လွှာနှင့်အတူ အောက်ပါ စာရွက်စာတမ်းများ ပူးတွဲ တင်ပြရမည်_

 

  • တက္ကသိုလ်ဝင်တန်း အထောက်အထား (မိတ္တူ)

  • ဘွဲ့လက်မှတ် (မိတ္တူ)

  • နိုင်ငံသားစီစစ်ရေးကတ်ပြား (မိတ္တူ)

  • ၆ လအတွင်း ရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ဓာတ်ပုံ(၂)ပုံ

 

ပညာရေးဒီဂရီကောလိပ်အသီးသီးတွင် ရေးဖြေအောင်မြင်သူများစာရင်းနှင့် လူတွေ့ဖြေဆိုမည့်ရက်ကို သက်ဆိုင်ရာ ဒီဂရီကောလိပ်များ၌ ၂၀၂၃ ခုနှစ်၊ မေလအတွင်း ထုတ်ပြန်ကြေညာမည် ဖြစ်ပြီး လူတွေ့ဖြေဆို အောင်မြင်သူများသာ တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။ 

 

သင်တန်းတက်ရောက်ခွင့် ရရှိသူများအနေဖြင့် တက္ကသိုလ်စာမေးပွဲ အောင်မြင်ကြောင်းနှင့် ဘွဲ့ရရှိမှု အထောက်အထား (မူရင်း) တင်ပြနိုင်ရမည်။ သင်တန်းတက်ရောက်ခွင့် ရရှိသူများသည် သင်တန်းပြီးဆုံးအောင် တက်ရောက်ရမည်။ မူလတန်းဆရာ အတတ်ပညာ လတ်မှတ်ရရှိပြီးနောက် လက်ထောက်မူလတန်းပြအဖြစ် အနည်းဆုံး (၅) နှစ် တာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိ လက်မှတ် ရေးထိုးရမည်။

 

သင်တန်းပြီးဆုံးအောင် မတက်ရောက်ခဲ့လျှင် သော်လည်းကောင်း၊ ခန့်အပ်ထားခြင်းခံရသော အခြေခံပညာ ကျောင်းများတွင် တာဝန်မထမ်းဆောင်ခဲ့လျှင်သော်လည်းကောင်း သတ်မှတ်လျှော်ကြေးငွေ (၅)သိန်းကျပ်နှင့်အတူ လစဥ်ထောက်ပံ့ကြေးကို ပြန်လည်ပေးလျော်ရမည်ဖြစ်ကြောင်း သိရှိရသည်။

 

Source From: 

 

Latest Post International News Read 1041 times