Sales Hotline : 09448001653       Download App



လူငယ်များ၏ အိမ်မက်ဖြစ်သော ဩစတြေးလျ ပညာတော်သင်ဆု

 

 

ဒီတစ်ခေါက်မှာတော့ လူငယ်တော်တော်များများ စောင့်မျှော်နေတဲ့  ဩစတြေးလျပညာတော်သင်ဆု အကြောင်း ပြောပြပေးချင်ပါတယ်။  ဒါကတော့ “Australia Awards Scholarship 2024”ပါ။ ဒီပညာတော်သင်ဆုဟာ ပညာသင်စရိတ် ၁၀၀ ရာခိုင်နှုန်း   အပြည့်အဝ   ထောက်ပံ့ပေးသွားမယ့် ဆု ဖြစ်ပါတယ်။

 

ဒီဆုက ဩစတြေးလျအစိုးရရဲ့ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနကနေ လက်ရှိဖွံ့ဖြိုးဆဲကာလမှာ ရောက်ရှိနေတဲ့ နိုင်ငံရပ်ခြားမှ ကျောင်းသား/ ကျောင်းသူများ ဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာ ရည်ရွယ်ပြီး ပေးအပ်ထောက်ပံ့ ပေးထားတဲ့ ပညာတော်သင်ဆု အမျိုးအစား ဖြစ်ပါတယ်။ 

 

ဒီတစ်ခေါက် ပညာတော်သင်ဆုပရိုဂရမ်က မြန်မာနိုင်ငံကကျောင်းသား အရေအတွက်အများကြီးကို ပေးတဲ့ ပရိုဂရမ်မို့လို့ အခွင့်အရေးလည်း ပိုကောင်းတယ်လို့ ပြောလို့ရပါတယ်။ လက်ရှိမှာ တက္ကသိုလ်တစ်ခုခုမှာ ဘွဲ့ရရှိထားပြီး အသက် (၂၅) ပြည့်ပြီးသူတွေ လျှောက်ထားလို့ ရပါတယ်။

 

လျှောက်ထားရမယ့်ဘွဲ့ကတော့ မာစတာ (Master) ဘွဲ့ပါ။ နောက်ဆုံးလျှောက်ထားချိန် (Deadline) ကလည်း ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ဖြစ်လို့ သေချာလေးပြင်ဆင်ပြီး အချိန်ယူ လျှောက်ထားစေချင်ပါတယ်။

 

ဒါဆို လျှောက်ထားဖို့အတွက် ဘာတွေလိုအပ်လဲ အောက်မှာ အသေးစိတ် ဖော်ပြပေးထားပါတယ်_

 

  • လက်ရှိ မြန်မာနိုင်ငံမှာနေထိုင်တဲ့  မြန်မာနိုင်ငံသားဖြစ်ရပါမယ်။

  • ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရပါမယ်။

  • ၂၀၂၃ မေလ ၁ ရက်နေ့မှာ အနည်းဆုံး အသက် ၂၅ နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်။

  • လက်ရှိမှာ လုပ်ငန်းအတွေ့အကြုံ လုပ်သက် အနည်းဆုံး (၂) နှစ်ရှိရပါမယ်။

Advertisement

Click Here > Geo Resources Service Co.,Ltd.

စာရွက်စာတမ်း လိုအပ်ချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

 

  • မှတ်ပုံတင် (သို့) နိုင်ငံကူးလက်မှတ် (NRC or Passport)

  • နိုတြီပြန်ထားသော ဘွဲ့လက်မှတ် (Bachelor Degree Certificate)

  • နိုတြီပြန်ထားသော အခြားသော ပညာအရည်အချင်း အထောက်အထား မှတ်တမ်းများ (Academic transcripts)

  • ထောက်ခံသူ (၂) ယောက် ( အလုပ်မှ တစ်ဦး၊ ကျောင်းမှ တစ်ဦး ) 2 References ( One from Academic & One from Work )

  • ပြည့်စုံစွာ ရေးသားထားသော ကိုယ်ရေးရာဇဝင် (CV)

  • ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရေးသားထားသော အစီရင်ခံစာတစ်စောင် (Development Impact Plan)

  • သုတေသနဆိုင်ရာ အဆိုတင်သွင်းမှု တစ်စောင် (Research Proposal)

  • အင်္ဂလိပ်စာ အရည်အချင်းစစ်မှတ်တမ်း (Language Proficiency Test Score)

 

(Scholarship တင်တဲ့အခါမှာ Language Proficiency Test Score တင်စရာ မလိုသေးပေမဲ့ IELTS 6.5 or higher result ကို လျှောက်နေစဉ်အတွင်း ဖြေထားဖို့တော့ လိုအပ်ပါတယ်)

 

တကယ်လို့ ရွေးချယ်လျှောက်ထားမှု အောင်မြင်သွားလို့ Scholarship Study ပြီးသွားတဲ့အခါ အနည်းဆုံး ၂ နှစ်အတွင်း ကိုယ့်နိုင်ငံကိုယ်ပြန်ဖို့ လိုအပ်ပါတယ်။

 

ဒီပညာတော်သင်ဆုက ရရှိမယ့်   အခွင့်အလမ်းနဲ့   အကျိုးကျေးဇူးတွေကို  အောက်မှာ ဖော်ပြပေးထားပါတယ်_

 

  • Return air travel

  • One-off establishment allowance on arrival

  • Full tuition fees

  • Contribution to living expenses

  • Introductory academic program

  • Overseas student health cover for the duration of the scholarship

  • Supplementary academic support

  • Fieldwork allowance for research students and masters

 

Scholarship Opening Date - 1st February 2023

Scholarship Closing Date - 1st May 2023

 

ပညာတော်သင်ဆုနဲ့  ပတ်သက်ပြီး  မြန်မာနိုင်ငံသားတွေအတွက်   သီးသန့်ထုတ်ထားတဲ့ အသေးစိတ်

အချက်အလက်နဲ့ လမ်းညွှန်ချက်တွေကိုတော့ အောက်ကလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

 

Information & Instruction for Myanmar Applicants > https://bit.ly/3llYGv6 

 

Australia Awards Scholarship ရဲ့  Official Website မှာလည်း ဝင်ရောက် လေ့လာနိုင်ပါတယ်။

 

Official Website Link > https://bit.ly/4099202 

International Latest Post Read 1051 times