Sales Hotline : 09448001653       Download App



မလျော့သော ဇွဲလုံ့လကြောင့် ကျောင်းစောင့်ဘဝ ၂၇ နှစ် လုပ်ပြီးမှ ကျောင်းအုပ်ကြီးဖြစ်လာခဲ့သူ

 

 

ဇွဲလုံ့လတို့ကြောင့် အောင်မြင်မှု ရရှိခဲ့တဲ့ သာဓကတစ်ခုကို ပြပါဆိုရင် ဂျိုးဇက်ပ်ဂိတ်ဆွန်ညာရဲ့ ဇာတ်လမ်းအကြောင်းကို ပြောပြရပါလိမ့်မယ်။ “ကျောင်းစောင့်အလုပ် လုပ်ရတာ ကောင်းမွန်ပြီး ရိုးသားတဲ့ အလုပ်ပါပဲ” လို့ ဆွန်ညာက ဆိုပါတယ်။ 

 

ဒါပေမယ့် အကန့်အသတ်မရှိတဲ့ အလားအလာတွေနဲ့ ပညာတတ်တစ်ယောက်အဖြစ် ကျောင်းသားတွေကို ပညာမျှဝေပေးရတာက ပိုပြီးအကျိုးရှိစေမယ်လို့ သူကထင်ပါတယ်။ ဆွန်ညာက ပေါ့တ်ဘာရီ မူလတန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့ ဝက်စ်လီဂျုန်းစ်ဆီကလည်း အကြံဉာဏ် အများကြီး ရယူခဲ့ပါတယ်။

 

လူဝီစီယားနားပြည်နယ်၊ ပို့တ်ဘာရီ မူလတန်းကျောင်းမှာ ကျောင်းစောင့်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆွန်ညာ့ကို ကျောင်းအုပ်ကြီးဂျုန်းစ်မှ တစ်နေ့ ဒီလို ခေါ်ပြောပါတော့တယ်။“အမှိုက်သိမ်းတဲ့ အလုပ်ထက်စာရင် အဖြေလွှာတွေကို စစ်ဆေးပြီး အမှတ်ခြစ်ပေးရတဲ့ အလုပ်က မင်းနဲ့ပိုကိုက်လိမ့်မယ်” လို့ ပြောခဲ့တာပါ။

Advertisement

Click Here > First National Insurance

ကျောင်းစောင့်အဖြစ် တာဝန်ထမ်းဆောင်ပြီး ၁၅ နှစ်အကြာမှာ ဆွန်ညာဟာ ဂျုန်းစ်ရဲ့ အကြံပေးချက်အရ ကျောင်းပြန်တက်ခဲ့ပါတယ်။  ထိုအချိန်မှာ   ဆွန်ညာဟာ   အသက် ၃၉ နှစ် ရှိနေပြီး    အချိန်ပြည့်အလုပ်ကိုလည်း လုပ်နေပါသေးတယ်။ 

 

ဆွန်ညာဟာ သူလိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့ အချိန်ဇယားတွေကို ချမှတ်ခဲ့ပါတယ်။ မနက် ၅ နာရီဆို ဆွန်ညာဟာ ကျောင်းကို ရောက်ရှိနေပါပြီ။ မနက် ၇ နာရီအထိကို ကျောင်းစောင့်အလုပ်ကို လုပ်ပြီး အလုပ်တွေ ပြီးသွားရင်တော့ လူဝီစီယားနားတက္ကသိုလ်ကို စာသွားသင်ပါတယ်။  

 

ညဘက်အတန်းတွေလည်း တက်ရပြီး ကျောင်းကအပြန် ညဘက်လည်း အလုပ်ဝင်လုပ်ပါသေးတယ်။ အလုပ်ပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ ဆွန်ညာဟာ ကျောင်းက အိမ်စာတွေကို လုပ်ပါသေးတယ်။ သူ့အတွက် အနားယူအိပ်စက်ရတဲ့အချိန် အများကြီးမရှိဘူးလို့ ဆွန်ညာက ဆိုပါတယ်။

 

ဆွန်ညာရဲ့ ကြိုးစားမှုနဲ့ စိတ်ပိုင်းဖြတ်မှုတွေဟာ နောက်ဆုံးမှာ အောင်မြင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ လူဝီစီယားနားပြည်နယ်တက္ကသိုလ်မှ အထွေထွေလေ့လာမှုဆိုင်ရာ တွဲဘက်ဘွဲ့ကို ရရှိခဲ့ပြီး နောက် ၂ နှစ်အကြာမှာ မူလတန်းပြဆရာအဖြစ် ဘွဲ့ရရှိခဲ့ပါတယ်။ ဒါ့အပြင် မဟာဘွဲ့တစ်ဘွဲ့ကိုလည်း ထပ်ယူခဲ့ပါသေးတယ်။

 

၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာတော့  သူ ၂၇ နှစ်တိုင်တိုင်  ကျောင်းစောင့်လုပ်လာခဲ့တဲ့  ပို့တ်ဘာရီမူလတန်း

ကျောင်းရဲ့ ကျောင်းအုပ်ကြီး ဖြစ်လာခဲ့ပါပြီ။ ဆွန်ညာဟာ အထက်တန်းကျောင်းပြီးတာနဲ့ ကောလိပ်တတ်ဖို့ စီစဥ်ထားခဲ့တာပါ။ ဒါပေမယ့် မိသားစုအခြေအနေကြောင့် ကောလိပ်ပထမနှစ်ဝက်မှာ ကျောင်းထွက်ခဲ့ရပြီး ကျောင်းစောင့်အဖြစ် အလုပ်ဝင်လုပ်ခဲ့ရပါတယ်။ 

 

ကျောင်းစောင့်မလုပ်ခင် ဆွန်ညာဟာ ဆောက်လုပ်ရေး၊ စတိုးဆိုင်၊ သစ်စက်စတဲ့နေရာတွေမှာ အလုပ်ဝင်လုပ်ခဲ့ပါသေးတယ်။ ဆွန်ညာရဲ့ မလျော့သောဇွဲလုံ့လနှင့် ကျောင်းအုပ်ကြီးဂျုန်းစ်ရဲ့ အားပေးစကား တစ်ခွန်းကြောင့် နောက်ဆုံးမှာ ကျောင်းအုပ်ကြီးဘဝကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ 


Source From: He worked as an elementary school’s janitor for 27 years, then one day, he became its principal

Latest Post International News Read 300 times