Sales Hotline : 09448001653       Download App



ခေါက်ရိုးကျိုးအယူအဆများကိုချိုးဖျက်ပြီး အိမ်မက်ကိုရအောင် အကောင်အထည်ဖော်ခဲ့သူ

 

အိန္ဒိယနိုင်ငံမှ နာမည်ကြီးပညာတတ်အမျိုးသမီးတစ်ဦးဖြစ်သည့် ဆူဒါမာသီဟာ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ TATA Engineering and Locomotive Company (TELCO) မှာ ပထမဦးဆုံးသော အမျိုးသမီးအင်ဂျင်နီယာတစ်ဦးဖြစ်လာခဲ့သူပါ။ 

 

အင်ဂျင်နီယာပညာရပ်ဆိုတာ ယောင်္ကျားလေးတွေနဲ့ပဲသက်ဆိုင်ပြီး မိန်းကလေးတွေအတွက် မဟုတ်ဘူးလို့ မှတ်ယူထားတဲ့ အိန္ဒိယနိုင်ငံရဲ့ ခေါက်ရိုးကျိုးအယူအဆကို ချိုးဖျက်ခဲ့တာကတော့ ဆူဒါမာသီပဲဖြစ်ပါတယ်။ 

 

သူမဟာ ၁၉၅၁ခုနှစ်မှာ မွေးဖွားခဲ့ပြီး လက်ရှိမှာ အသက် ၇၂ နှစ်ထဲရောက်ရှိနေပါပြီ။  အိန္ဒိယအစိုးရကချီးမြှင့်တဲ့ဆုပေါင်းများစွာကိုလည်း ဆူဒါက ရယူထားနိုင်ပြီး သူမနဲ့ပတ်သက်တဲ့ စာအုပ်ပေါင်းများစွာလည်း ထွက်ရှိထားပါတယ်။ အိန္ဒိယနိုင်ငံ Infosys Foundationရဲ့ ဥက္ကဌတစ်ဦးလဲဖြစ်သလို စာရေးဆရာမ၊ အိန္ဒိယနိုင်ငံရဲ့ပညာရေးလမ်းပြသူ၊ ပရဟိတသမားတစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ ငယ်စဥ်က  နေ့စဥ်ကြုံတွေ့လေ့ရှိရတဲ့ စိန်ခေါ်မှုတွေ၊ စည်းဘောင်တွေကို အံတုပြီးအင်ဂျင်နီယာဘွဲ့ကို ရအောင်ယူနိုင်ခဲ့ပါတယ်။ 

 

သူမအင်ဂျင်နီယာကျောင်းတက်မယ်လို့ အိမ်မှာပြောတဲ့အချိန်တုန်းက မိသားစုဝင်တွေအားလုံးက အိမ်ထဲကိုဗုံးကျဲလာသလိုပဲ အားလုံးအံ့ဩနဘန်းနဲ့ အလန့်တကြားဖြစ်ကုန်ကြတယ်လို့ဆိုပါတယ်။B.V.B. College of Engineering & Technology  ကျောင်းမှာ  Electrical and Electronics Engineering ဘာသာရပ်ကို တက်ရောက်သင်ယူခဲ့တာပါ။

Advertisement

Click Here > ATT 

တက္ကသိုလ်တက်ဖို့ ကျောင်းသွားအပ်တဲ့အခါမှာ မာသီရဲ့အဖေကို ကျောင်းအုပ်ကြီးက ဒီလိုပြောလာပါတယ် “ ဒေါက်တာဟစ်ရှာခင်ဗျား ခင်ဗျားသမီးကအလွန်ထက်မြက်တာသိပေမယ့်လို့ ကျောင်းမှာပြဿနာတက်မှာတော့ စိုးရိမ်မိပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီကောလိပ်မှာ မိန်းကလေးဆိုလို့ ခင်ဗျားသမီးတစ်ယောက်ပဲရှိမှာ၊ ဒီတော့ သူ့အတွက်အများကြီးခက်ခဲပါလိမ့်မယ်၊ ကျောင်းဝင်းထဲမှာ အမျိုးသမီးအိမ်သာ မရှိပါဘူးခင်ဗျာ၊ အမျိုးသမီးတွေနေတဲ့ အခန်းလည်း မရှိဘူး ကျောင်းသားတွေက ရွယ်တူတွေဆိုတော့ ခင်ဗျားသမီးကို နှောင့်ယှက်ကောင်းနှောင့်ယှက်ကြပါလိမ့်မယ်” လို့ပြောခဲ့တာပါ။ 

 

မာသီကတော့ ကျောင်းအုပ်ကြီးရဲ့ ပြောစကားတွေကို မမူပဲ သူမဖြစ်ချင်တဲ့ အင်ဂျင်နီယာအိမ်မက်ကို ရအောင် အကောင်အထည်ဖော်ကြိုးစားခဲ့ပါတယ်။ ကျောင်းမှာလည်း မာသီဟာ ကျောင်းအုပ်ကြီးပြောခဲ့တဲ့အတိုင်း တကယ်ကိုပဲ စိတ်အနှောင့်အယှက်ဖြစ်စရာ အမျိုးမျိုးကို နေ့စဥ်နှင့်အမျှကြုံတွေ့ခဲ့ရပါတယ်။ ကျား/မ လိင်ခွဲခြားတဲ့ နှိမ့်ချပြောဆိုမှုတွေကိုလည်း ခံခဲ့ရပါတယ်။ 

 

အနှောင့်အယှက်အခက်အခဲတွေကြားထဲကနေ နောက်ဆုံးတော့ မာသီဟာ အင်ဂျင်နီယာဘွဲ့ကို ရအောင်ယူနိုင်ခဲ့ပြီး အမျိုးသမီးအင်ဂျင်နီယာမခန့်တဲ့ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး ကားကုမ္ပဏီမှာလည်း အလုပ်ရအောင်ဝင်လုပ်နိုင် ခဲ့ပါတယ်။ 

 

Ref: Sudha Murthy 

 

Latest Post International News Read 487 times