စစ်ကိုင်းသမဝါယမတက္ကသိုလ်တွင် မဟာဘွဲ့သင်တန်းများ စတင် လျှောက်ထားနိုင်

 

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) မှ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် အသုံးချသုတေသနပညာမဟာဘွဲ့ (MAR) သင်တန်းနှင့် စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MBA) သင်တန်းများကို ခေါ်ယူနေကြောင်း သိရှိရသည်။

 

သင်တန်းလျှောက်ထားလိုသူများအနေဖြင့်  လျှောက်လွှာပုံစံများကို  သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း) သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်)   မိမိလျှောက်ထား လိုသည့် သင်တန်း၏ အွန်လိုင်းမှဖြစ်စေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့ နောက်ဆုံးထား၍ ရယူ လျှောက်ထားနိုင်မည် ဖြစ်သည်။

 

လျှောက်လွှာနှင့်အတူ  အောက်ပါစာရွက်စာတမ်းများ၏  မူရင်းကို Scan ဖတ်ပြီး ပူးတွဲ ပေးပို့ တင်ပြရမည်_

 

  • ဘွဲ့လက်မှတ် (သို့) ယာယီဘွဲ့ထောက်ခံစာ

  • တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်

  • နိုင်ငံသားစီစစ်ရေးကတ်

  • ပညာအရည်အချင်းထောက်ခံချက်နှင့်လုပ်ငန်းအတွေ့အကြုံ လုပ်ဆောင်ချက်

  • ပတ်စ်ပို့ဓာတ်ပုံ (၄) ပုံ

Advertisement

Click Here > Ko Tint Lwin 

ပညာအရည်အချင်း ကန့်သတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်_

 

  • အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူ ဖြစ်ရမည်။

  • တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။

  • ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာ ပါရှိရမည်။

  • သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မှီစွာ တက်ရောက်နိုင်သူဖြစ်ပြီး Online သင်တန်းဖြစ်သည့်အတွက် လိုအပ်သော နည်းပညာများအား ကောင်းစွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။

 

ပမာဏအဆင့် ရွေးချယ်ခံရသောသူများအနေဖြင့် ဝင်ခွင့်ရေးဖြေစာမေးပွဲ ဖြေဆိုရမည် ဖြစ်သည်။ ရေးဖြေစာမေးပွဲကို ဧပြီလ ၃၀ ရက်နေ့ (တနင်္ဂနွေနေ့) တွင် အွန်လိုင်းမှ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့အချိန်စာရင်းကို ၂၀၂၃ ခုနှစ် မေလ ၂  ရက်နေ့တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း ကြေညာထားသည်။

 

အဆိုပါ သင်တန်းကာလမှာ ၂ နှစ်ကြာမြင့်မည်ဖြစ်ပြီး အပတ်စဥ် စနေ၊ တနင်္ဂနွေ ( နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀နာရီ အထိ ) အွန်လိုင်းမှ တက်ရောက်ရမည် ဖြစ်သည်။

 

လျှောက်ထားမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို

  • Website : https://www.ucmsonlinestudy.org/ နှင့် 

  • Facebook Page : University of Co-operative and Management, Sagaing တို့တွင် ဝင်ရောက် လေ့လာနိုင်သည်။


အသေးစိတ် ထပ်မံ သိရှိလိုပါက သင်တန်းရေးရာဌာန၏ ဖုန်းနံပါတ်ဖြစ်သော ၀၉ ၄၂၇၉၀၆၁၇၀၊ ၀၇၂ ၂၀၂၃၀၁၅ နှင့် အီးမေးလ် [email protected] သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

 

Source From : 

 

Local News Latest Post Read 1021 times