ဆောင်းပါးရေးသားခြင်းကို ဝါသနာပါတဲ့ လူငယ်များအတွက် ထူးခြားတဲ့ အခွင့်အရေးကို မြန်မာ့ပညာရေးလမ်းညွှန်မှ ပြန်လည်မျှဝေပေးချင်ပါတယ်။ ဒါကတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် Sign of Law မှ ကြီးမှူးကျင်းပတဲ့ ဆောင်းပါးပြိုင်ပွဲလေးပါ။
ဒီပြိုင်ပွဲမှာဆိုရင် ဆုငွေကျပ်အနေဖြင့် ပထမဆု ကျပ် ၂ သိန်းအထိရရှိနိုင်မှာပါ။ ယခုဆောင်းပါးပြိုင်ပွဲမှာ မြန်မာနိုင်ငံ အရပ်ရပ်မှ လူငယ်များပါဝင်ယှဥ်ပြိုင်နိုင်စေရန် ရည်ရွယ်ပြီး အွန်လိုင်းမှတစ်ဆင့် ပြိုင်ပွဲကို ကျင်းပပေးမယ်လို့ သိရှိရပါတယ်။
ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းမှာ မသန်စွမ်းသူများအနေဖြင့် ပိုမိုပါဝင်လာနိုင်ပြီး လူထုအကြား မသန်စွမ်းသူများ အပေါ်မှာ ထားရှိတဲ့ မှားယွင်းနေသော အမြင်များကို အတိုင်းအတာတစ်ခုထိ ပြောင်းလဲပေးနိုင်ရန် ရည်ရွယ်ပြီး ဒီပွဲကို ကျင်းပပေးခြင်းဖြစ်တယ်လို့ Sign of Law မှ ဆိုထားပါတယ်။
ဒီပြိုင်ပွဲကို အသက် ၁၈နှစ်မှ ၃၀အတွင်းရှိ မြန်မာနိုင်ငံတစ်ဝှမ်းမှ လူငယ်တိုင်း ဝင်ရောက်ယှဥ်ပြိုင်နိုင်ပြီး ပါဝင်ယှဥ်ပြိုင်သူများ အနေဖြင့် မိမိတို့ရေးသားထားသော ဆောင်းပါးစာမူများကို ဘက်လိုက်မှု အလျဥ်းမရှိပဲ၊ အမုန်းစကားမပါဝင်ပဲ ရေးသားနိုင်ရမှာဖြစ်ပြီး တိကျမှန်ကန်တဲ့ သဒ္ဒါအထားအသိုနှင့် သတင်းအချက်အလက်တွေ ပြည့်စုံမှန်ကန်မှု ရှိရမှာပဲဖြစ်ပါတယ်။
Advertisements
ပြိုင်ပွဲစည်းကမ်းများမှာ အောက်ပါအတိုင်းပဲဖြစ်ပါတယ်_
မိမိကိုယ်တိုင်ဖန်တီးရေးသားထားသောဆောင်းပါးဖြစ်ရပါမယ်။
အမုန်းစကားများဖြန့်ဝေသောဆောင်းပါးမဖြစ်ရ။
ဆောင်းပါးတစ်ပုဒ်ရေးရန်လိုအပ်သောFormatဖြစ်ရပါမယ်။
A4ဖြင့်အနည်းဆုံး ၅ မျက်နှာမှ အများဆုံး ၈ မျက်နှာအထိ ကွန်ပြူတာစာစီပြီး [email protected] သို့ မတ်လ၂၀ရက်နေ့ နောက်ဆုံးထားပြီးပြန်လည်ပေးပို့ရပါမယ်။
ပြိုင်ပွဲအတွက် သတ်မှတ်နေ့ရက်များကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်_
လျှောက်လွှာစတင်လက်ခံမည့်ရက် - ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့
လျှောက်လွှာပိတ်မည့်ရက် - ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့
အကဲဖြတ်စစ်ဆေးမည့်ရက် - ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့ မှ ဧပြီလ ၄ ရက်နေ့ထိ
ဆုကြေငြာပေးမည့်ရက် - ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့
ပြိုင်ပွဲတွင်ပေးအပ်သွားမည့်ဆုအရေအတွက် နှင့် ဆုကြေးငွေများမှာ အောက်ပါအတိုင်းပဲဖြစ်ပါတယ်_
ပထမဆု - ၂ သိန်းကျပ်
ဒုတိယဆု - ၁ သိန်း ၂ သောင်းကျပ်
တတိယဆု - ၆ သောင်းကျပ်
ပြိုင်ပွဲဝင်မှာ အနေဖြင့် ၂၀၂၂ ခုနှစ်ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “လူသားအားလုံးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်သော နည်းလမ်းများဖြင့် အဖြေရှာခြင်း-မသန်စွမ်းသူများအပါအဝင် အားလုံး လက်လှမ်းမီနိုင်ပြီး သာတူညီမျှသောကမ္ဘာကို တည်ဆောက်နိုင်ရန်အတွက် ဆန်းသစ်တီထွင်မှု၏ အရေးပါသော အခန်းကဏ္ဍ" “Transformative solutions for inclusive development: the role of innovation in fuelling an accessible and equitable world" ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ မသန်စွမ်းသူများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ထိုအခက်အခဲများကို ဖယ်ရှားနိုင်သည့် နည်းလမ်းများ၊ မသန်စွမ်းသူများကို လူ့အသိုက်အဝန်းထဲ ပါဝင်လာနိုင်အောင် တစ်စုံတစ်ယောက်ချင်းမှသည် အဖွဲ့အစည်းလိုက် လုပ်ဆောင်ပေးသင့်သည့် အချက်များ၊ လူသားအားလုံးပါဝင်နိုင်သော လူ့အသိုက်အဝန်းတည်ဆောက်ရေး (inclusivity) အစရှိသည့် အကြောင်းအရာတွေကို ကျောင်းသား/လူထုကို အသိပညာပေးရန် အဓိကထား၍ ဖော်ပြပေးရမှာဖြစ်ပါတယ်လို့ သိရှိရပါတယ်။
Credited to - Sign of Love Facebook Page မှပြန်လည်ကူးယူဖော်ပြပါသည်။