Sales Hotline : 09448001653       Download App



ကျောင်းလျှောက်မည့်သူတိုင်း သိထားသင့်သည့် ထိုင်းနိုင်ငံက နာမည်ကြီးတက္ကသိုလ် (၅) ခု

 

 

ထိုင်းနိုင်ငံမှာ ကျောင်းသွားတက်မယ့်သူတွေ၊ ပညာတော်သင်ဆု လျှောက်ထားမယ့်သူတွေအတွက် လက်ရှိမှာ ကျောင်းလျှောက်ထားမှုနှုန်း မြင့်မားပြီး ရေပန်းစားနေတဲ့ ထိပ်တန်းတက္ကသိုလ် (၅) ခုအကြောင်းကို ရေးသား ဖော်ပြပေးလိုက်ပါတယ်။ 

 

  1. Chulalongkorn University

 

ချူလာလောင်ကုန်း တက္ကသိုလ်ဟာ လက်ရှိထိုင်းနိုင်ငံမှာ နံပါတ် ၁ နေရာမှာ တည်ရှိနေပြီးတော့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာတော့ အဆင့် ၂၂၄ မှာ ရပ်တည်နေပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ   တည်ရှိတဲ့   သုတေသနတက္ကသိုလ်တစ်ခုဖြစ်ပြီး   လက်ရှိဘာသာရပ် လျှောက်ထားမှုအားဖြင့်လည်း ထိုင်းနိုင်ငံမှာ ဝင့်ခွင့်အမှတ်အမြင့်ဆုံး တက္ကသိုလ်လို့ ပြောလို့ရပါတယ်။ ၁၉၁၇ ခုနှစ်ကတည်းက စတင်တည်ခဲ့ပြီး နှစ်၁၀၀  ကျော်ကြာမြင့်ပြီဖြစ်တဲ့ ချူလာလောင်ကုန်းတက္ကသိုလ်ဟာ အောင်မြင်မှုများစွာ ရရှိထားတာ ဖြစ်ပါတယ်။ 

 

ဝင်ခွင့်အားဖြင့်လည်း ထိုင်းနိုင်ငံမှာ အခက်ခဲဆုံး တက္ကသိုလ်လို့ ပြောလို့ ရပါတယ်။ ထိုင်းနိုင်ငံမှာတောင်  အထက်တန်းကျောင်းမှာ  Top Ten စာရင်းဝင်သူများကိုပဲ တက္ကသိုလ်က ရွေးချယ်လက်ခံလေ့ ရှိပါတယ်။   ဆေးပညာဆိုင်ရာဘာသာရပ်များနဲ့   ဆေးဝါးကျွမ်းကျင် ဘာသာရပ်တွေကတော့ တက္ကသိုလ်ရဲ့  နာမည်ကြီးဘာသာရပ်တွေ ဖြစ်ပါတယ်။

 

Official Website Link 

> https://www.chula.ac.th/en/

 

  1. Mahidol University

 

Mahidol တက္ကသိုလ်မှာ ထိုင်းနိုင်ငံရဲ့ အစိုးရသုတေသန တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တည်ရှိပြီး ၂၀၁၁ ခုနှစ်မှာ ထိုင်းနိုင်ငံအတွက် အကောင်းဆုံး နံပါတ်ချိတ်ထားတဲ့ တက္ကသိုလ်ဆိုရင်လည်း ဟုတ်ပါတယ်။ Mahidol တက္ကသိုလ်မှာဆိုရင် တက်ရောက်နိုင်တဲ့ ပရိုဂရမ်ပေါင်း ၆၂၉ ခုရှိပြီး တက္ကသိုလ်ရဲ့ လက်အောက်မှာဆိုရင် မဟာဌာနခွဲပေါင်း ၁၇ ခု၊ ကောလိပ် ၆ခု၊ သုတေသနအဖွဲ့အစည်းပေါင်း ၉ ခုနဲ့ တက္ကသိုလ်နယ်မြေခွဲ ၆ ခု တည်ရှိပါတယ်။ 

 

ဆေးပညာဘာသာရပ်နဲ့ သိပ္ပံဘာသာရပ်တွေမှာ နာမည်ကြီးပြီး အနုပညာဘာသာရပ်နဲ့ အင်ဂျင်နီယာ ဘာသာရပ်များက  ဝင်ခွင့်အမြင့်ဆုံးနေရာမှာ  ရပ်တည်နေပါတယ်။  သွားဆေးပညာ ဘာသာရပ်နဲ့ အနုပညာဘာသာရပ်တို့က တက္ကသိုလ်ရဲ့ နာမည်ကြီး မေဂျာတွေလို့ ဆိုနိုင်ပါတယ်။

 

Official Website Link 

> https://mahidol.ac.th/

 

  1. Chiang Mai University

 

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ တည်ရှိတဲ့ ချင်းမိုင်တက္ကသိုလ်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသရဲ့ အကောင်းဆုံး နံပါတ် ၁ တက္ကသိုလ် ဖြစ်ပါတယ်။ ဘန်ကောက်မြို့ပြင်နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ တက္ကသိုလ်များ အားလုံးထဲက ဝင်ခွင့်အမှတ်အမြင့်ဆုံး  တက္ကသိုလ်တစ်ခုပါ။ တက္ကသိုလ်တွင် လျှောက်ထားနိုင်သော ပရိုဂရမ်ပေါင်း ၂၅၃ ခုရှိပြီး Certificate ပရိုဂရမ် ၂ ခု၊ ရိုးရိုးဘွဲ့တန်း ၈၇ ခု၊ ဘွဲ့လွန်နဲ့ ဘွဲ့လွန်ဒီပလိုမာ ၁၆၃ ခုရှိပြီး ကျောင်းသား၊ ကျောင်းသူပေါင်း  ၂၅,၀၀၀ကျော် ရှိပါတယ်။

 

ထို့အပြင် နိုင်ငံတကာကျောင်းသားများအတွက် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသော ရိုးရိုးဘွဲ့တန်း ၂ ခုနှင့် မဟာနှင့် ပါရဂူတန်း ၁၈ ခုရှိပါတယ်။ ချင်းမိုင်တက္ကသိုလ်ရဲ့ ဆေးပညာဘာသာဝင်ခွင့် ရမှတ်က တစ်နိုင်ငံလုံးမှာ အမြင့်ဆုံးနံပါတ် ၄ နေရာမှာ ရှိပါတယ်။ စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်နဲ့ သူနာပြုဘာသာရပ်တွေကတော့ ချင်းမိုင်တက္ကသိုလ်ရဲ့ နာမည်ကြီး လူသိများတဲ့ ဘာသာရပ်တွေပဲ ဖြစ်ပါတယ်။ 

 

Official Website Link 

> https://www.cmu.ac.th/en/


 

                                                          Advertisements

                                                          Click Here - HTUN Plastic 

  1. Thammasat University

 

ထိုင်းနိုင်ငံ၏ ဒုတိယသက်တမ်းအကြာဆုံး တက္ကသိုလ်ဖြစ်ပြီး စည်းကမ်းကြီးမားပြီး စနစ်ကျမှုကြောင့် အထူးနာမည်ကြီးပါတယ်။ တက္ကသိုလ်လက်အောက်တွင် မဟာဌာနခွဲ၊ ကောလိပ်နှင့် အဖွဲ့အစည်းပေါင်း ၃၃ ခုရှိပြီး ကျောင်းသားဦးရေ ၃၃,၀၀၀ ကျော် တက်ရောက်လျက် ရှိပါတယ်။ 

 

Thammasat တက္ကသိုလ်မှ ကျောင်းပြီးသွားတဲ့ ကျောင်းသား၊ ကျောင်းသူဟောင်းများမှာလည်း နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားတဲ့ သူတွေများတာမို့ တက္ကသိုလ်ကို တက်ရောက်ချင်တဲ့သူ များပြားလှပါတယ်။ ဘာသာရပ်တွေအားဖြင့် ဥပဒေဘာသာရပ်၊ စီးပွားရေးနဲ့ စာရင်းကိုင်ဘာသာရပ်၊ နိုင်ငံရေးသိပ္ပံဘာသာရပ်၊ လူမှုစီမံခန့်ခွဲရေးဘာသာရပ်၊ အနုပညာဘာသာရပ်နှင့် သတင်းထောက်ဘာသာရပ်တို့မှာ နာမည်ကြီး လျှောက်ထားသူ များပြားပါတယ်။

 

Official Website Link 

> https://tu.ac.th/en

 

  1. Kasetsart University

 

ထိုင်းနိုင်ငံရဲ့ အကြီးဆုံး တက္ကသိုလ်တစ်ခုဖြစ်ပြီး အစောဆုံး စတင်တည်ထောင်ခဲ့တဲ့ တတိယမြောက် တက္ကသိုလ်လည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ပုဂ္ဂလိကဆိုင်ရာ သုတေသန တက္ကသိုလ်တစ်ခုဖြစ်တဲ့ ဒီ Kasetsart တက္ကသိုလ်ဟာဆိုရင် ထိုင်းနိုင်ငံရဲ့ ပထမဆုံး စိုက်ပျိုးရေးတက္ကသိုလ် တစ်ခုလည်း ဖြစ်ပါတယ်။ 

 

နာမည်ကြီး ဘာသာရပ်ဌာနများလည်း အများအပြားရှိသလို အင်ဂျင်နီယာဘာသာရပ် ဝင်ခွင့် အမှတ်က တစ်နိုင်ငံလုံးမှာ အမှတ်အမြင့်ဆုံး နံပါတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။ ပညာရေးသိပ္ပံဘာသာရပ်၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊ အင်ဂျင်နီယာ၊ လူမှုဆက်ဆံရေး ဘာသာရပ်တွေကလည်း နာမည်ကြီး လူသိများပြီး လျှောက်ထားမှုနှုန်းများတဲ့ ဘာသာရပ်တွေပဲ ဖြစ်ပါတယ်။ 

 

Official Website Link 

> https://www.ku.ac.th/

International Latest Post Read 1287 times