Sales Hotline : 09448001653       Download App



အင်ဂျင်နီယာဘာသာရပ်စိတ်ဝင်စားသူတိုင်းလျှောက်ထားသင့်တဲ့ ပညာတော်သင်ဆု

 

 

၂၀၂၃ခုနှစ် ပညာသင်နှစ်အတွက် ထိုင်းနိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်များထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ School of Engineering, King Mongkut’s Institute of Technology Ladkrabang (KMITL) ရဲ့ ဒုတိယအကြိမ်မြောက် ပညာတော်သင်ဆုတွေ လာပါပြီ။ 

 

အင်ဂျင်နီယာဘာသာရပ်ကို လက်ရှိမှာ တက်ရောက်ဆဲ ဒါမှမဟုတ် တက်ရောက်ဖို့စိတ်ဝင်စားတဲ့သူတွေအတွက် အထူးအခွင့်အရေးပါပဲ။ ဒီတစ်ခေါက်ကတော့ ဘွဲ့မရသေးတဲ့ ကျောင်းသားတွေကို ဒုတိယအကြိမ်မြောက် ခေါ်ယူတဲ့ အစီအစဥ်ပါ။

 

လျှောက်ထားလို့ရမယ့် ဘာသာရပ်တွေကို အောက်မှာဖော်ပြပေးထားပါတယ်_

 

  • Biomedical Engineering

  • Chemical Engineering

  • Civil Engineering

  • Computer Engineering

  • Electrical Engineering – Electrical Power 

  • Electrical Engineering – Mechatronics 

  • Engineering Management and Entrepreneurship 

  • Energy Engineering

  • Financial Engineering

  • Industrial Engineering and Logistics Management 

  • Mechanical Engineering

  • Robotics & AI Engineering 

                                                             Advertisements 

                                                            Click Here > Education Fair Myanmar

ထိုင်းနိုင်ငံသားမှလွဲ နိုင်ငံတကာမှ အရည်အချင်းပြည့်မီ ထူးချွန်သော ကျောင်းသားတိုင်း လျှောက်ထားလို့ရပါတယ်။ 

ပညာအရည်အချင်းကန့်သတ်ချက်နဲ့ လိုအပ်တဲ့အထောက်အထားတွေကို အောက်မှာဖော်ပြပေးထားပါတယ်

  1. Your application form 

  2. A photocopy of the applicant's national identification card or passport 

  3. Academic Records - High School Transcript, SAT, ACT, IB etc. 

  4. English Proficiency Test score - IELTS, TOEFL etc. 

  5. Two recommendation letters from teachers or supervisors. 

  6. Personal Statement 

  7. Portfolios Achievements (optional)

 

လျှောက်ထားရမယ့် နောက်ဆုံးရက်ကတော့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ဖြစ်ပြီး ဧပြီလ ၃ ရက်နေ့မှာ အင်တာဗျူးရွေးချယ်ခံရသူများစာရင်းကိုပြန်လည်ကြေညာပေးသွားမှာဖြစ်ပါတယ်။အင်တာဗျူးကတော့ ဧပြီလ ၈ ရက်နေ့မှာပြုလုပ်သွားမှာဖြစ်ပြီး ရလာဒ်တွေကိုတော့ ဧပြီလ ၂၀ ရက်နေ့မှာ ကြေညာပေးသွားမှာပါ။ 

 

လျှောက်ထားရမယ့်လင့်ခ်ကတော့ ဒီမှာပါ > https://bit.ly/3lQRnLW

 

ဖော်ပြထားတဲ့လင့်ခ်ကနေ Admission နဲ့ Scholarship ကိုတစ်ပြိုင်တည်းလျှောက်ထားရမှာဖြစ်ပါတယ်။

 

အောက်ဖော်ပြပါလင့်ခ်မှတစ်ဆင့် ကျောင်းလျှောက်ပုံအဆင့်ဆင့်၊ ကျောင်းဝင်ခွင့်၊ ကျောင်းလခ၊ လိုအပ်တဲ့ အထောက်အထားစတဲ့ အသေးစိတ်အချက်အလက်တွေကို ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။


> https://bit.ly/3KmgTTA

International Latest Post Read 953 times