Sales Hotline : 09448001653       Download App



ထိုင်းနိုင်ငံ နည်းပညာတက္ကသိုလ်မှ ကျောင်းသားအယောက် (၄၀) စာ ပညာသင်ဆုပေးအပ်

ထိုင်းနိုင်ငံရဲ့ နည်းပညာတက္ကသိုလ်ထဲကမှ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်တဲ့ Thammasat University လက်အောက်ခံ Sirindhorn International Institute of Technology (SIIT)  ကနေ ၂၀၂၃ ပညာသင်နှစ်အတွက် ကမ္ဘာတစ်ဝှမ်းမှ ထူးချွန်တဲ့ ကျောင်းသားအယောက် (၄၀) စာ ပညာတော်သင်ဆု ၁၀၀ ရာခိုင်နှုန်းပေးအပ်တဲ့ ပရိုဂရမ်အကြောင်းကို ပြောပြပေးချင်ပါတယ်။ 

 

ဒီပရိုဂရမ်ကတော့ မာစတာ (Master) နဲ့ ပီအိတ်ချ်ဒီ (PhD) ဘွဲ့တက်ရောက်မယ့် ကျောင်းသားတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ လျှောက်ထားလို့ရတဲ့ ဘာသာရပ်တွေကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်_

 

  •  Biochemical Engineering/ Biochemistry

  •  Environmental Engineering/ Science/ Technology/ Management

  •  Chemical Engineering/ Chemistry

  •  Industrial Engineering and Logistics Systems

  •  Civil Engineering

  •  Digital Engineering

  •  Computer Engineering/ Science

  •  Logistics and Supply Chain Systems Engineering

  •  Electrical Engineering

  •  Management Technology

  •  Energy Technology/ Management

  •  Materials Engineering/ Science/ Technology

  •  Engineering Management

  •  Mechanical Engineering

  •  Artificial Intelligence and Internet of Things

Advertisement

Click Here > Better World

 

စာသင်နှစ်ကတော့ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ စတက်ရမှာပါ။ Master ဘွဲ့အတွက် စာသင်နှစ်က ၂ နှစ် ကြာမြင့်မှာဖြစ်ပြီး Doctoral ဘွဲ့အတွက် ၃ နှစ်ကြာ တက်ရောက်ရမှာပါ။

 

ပညာသင်ဆုအနေနဲ့ ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာ အောက်မှာ ဖော်ပြပေးထားပါတယ်_

 

  • ၁၀၀ ရာခိုင်နှုန်း ကျောင်းစရိတ်ထောက်ပံ့ကြေးငွေ ( မှတ်ချက် - TU Matriculation Fee (600Baht - 51,600 MMK),TU Educational Support Fees (800 Baht - 68,800 MMK  -IT Service by TU + 55 Baht- 4,730 MMK  - Group Insurance Fee per Semester) ဖော်ပြပါ ကုန်ကျစရိတ်များ မပါဝင်ပါ။ )

  • နေထိုင်စားသောက်မှုစရိတ် (10,000 Baht per month - 860,000 MMK)

  • လေယာဥ်လက်မှတ်ခ အသွားအပြန်

  • အထွေထွေ အသုံးစရိတ်

  • ကျန်းမာရေးနှင့် မတော်တဆ ထိခိုက်မှုအာမခံ

 

ပညာတော်သင်ဆုရရှိခဲ့ရင် ကျောင်းသားများအနေနဲ့ တက္ကသိုလ်အဆောင်မှာ အနည်းဆုံး ၁၂ လ နေထိုင်ပေးဖို့ လိုအပ်ပါတယ်။ဘယ်လိုလူတွေ လျှောက်ထားနိုင်လဲဆိုတာ အောက်မှာဖော်ပြပေးထားပါတယ်_

 

  • ထိုင်းနိုင်ငံသား မဖြစ်ရပါ။

  • ပညာအရည်အချင်း ထူးချွန်ကောင်းမွန်ကြောင်း ထောက်ခံချက် ( အတန်းထဲတွင် Top 20 ထဲဝင်ရင် ပိုဦးစားပေးမည်။ )

  • ကိုယ်တက်ရောက်ခဲ့သော တက္ကသိုလ်ရဲ့ ပါမောက္ခ (သို့) ကထိက (၂) ဦး၏ ထောက်ခံချက်စာ နှစ်စောင်

  • ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်လက်မှတ်

  • လက်ရှိတွင် အခြားသော ပညာတော်သင်ဆု လျှောက်ထားသူမဖြစ်ရ

 

အထက်မှာ ဖော်ပြခဲ့တာတွေကတော့ သူတို့ဆီက သတ်မှတ်ချက်တွေပဲ ဖြစ်ပါတယ်။ လျှောက်လွှာနဲ့အတူ ပူးတွဲတင်ပြရမယ့် ပညာအရည်အချင်း အထောက်အထားတွေကိုတော့ အောက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

 

  • ကျောင်းလျှောက်ထားရခြင်း ၏ရည်ရွယ်ချက် ( အနည်းဆုံး A4တစ်မျက်နှာ ) ( A statement of purpose )

  • ကိုယ်ရေးရာဇဝင် အကျဥ်းချုပ် (A Curriculum Vitae (CV) or Rresume )

  • နိုတြီပြန်ထားသော ပညာရေးထောက်ခံချက် မှတ်တမ်း ( An official transcript or current transcript ) ( For Master Degree - at least GPA. 2.75, For  Doctoral Ddegree - GPA. 3.50 )

  • အင်္ဂလိပ်စာ အရည်အချင်း ထောက်ခံချက်မှတ်တမ်း ( Certificate of English proficiency Ttest ) ( TOEFL ( PBT 400+, or IBT 32+) or IBT ( Home Edition 32+ ), IELTS 4.5+,TU-GET ( PBT 400+, or CBT 32+ ),TOEIC 500+ ) 

  • နိုင်ငံသားမှတ်ပုံတင်ကတ်ပြား (သို့) နိုင်ငံကူးလက်မှတ် ( Citizen ID card or Ppassport )

  • အခြား ကိုယ်တက်ရောက်ထားသော ပညာအရည်အချင်း ထောက်ခံချက်မှတ်တမ်း ( Research Paper, Publication or Certificates (if any)

  • လက်ရှိရို က်ကူးထားသောဓာတ်ပုံ ( Recent photograph (1 x 1.5 inches’ size as jpeg. Only ))

 

တကယ်လို့ ကိုယ့်မှာ English Proficiency Testမရှိသေးရင်လည်း လျှောက်ထားလို့ ရတယ်လို့ ပြောထားပါတယ်။ လျှောက်လွှာနဲ့အတူ တွဲတင်ရမယ့် ဖော်ပြပါ စာရွက်စာတမ်း အထောက်အထားတွေကို  (Jpeg., Jpg., PDF. format) ဖြင့်သာ ပေးပို့ရပါမယ်။ 

 

နောက်ဆုံးလျှောက်ထားရမယ့် ရက်ကတော့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ဖြစ်ပြီး ပမာဏအဆင့် ရွေးချယ်ခံရတဲ့ ကျောင်းသားတွေကို မေလ ၁၉ ရက်နေ့မှာ ပြန်လည် ကြေညာပေးသွားမှာပါ။ ကျန်ရှိတဲ့ Process Schedule, အချက်အလက်အသေးစိတ်နဲ့ လျှောက်လွှာဖောင်ကိုတော့ အောက်မှာ ဖော်ပြထားတဲ့ လင့်ခ်ကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

Scholar Program Link 

> https://bit.ly/3Xqky5G

International Latest Post Read 1040 times