စားသောက်ကုန်လုပ်ငန်း (၇) ခုကို ရွေးချယ်၍ ရင်းနှီးမြှုပ်နှံမှု ရရှိစေရန် လမ်းညွှန်ပေးမည်

 

 

“Innovate to Nourish (I2N) Myanmar Challenge” Program မှ ၂၀၂၃ ခုနှစ်အတွက် စားသောက်ကုန်ဆိုင်ရာ ဆန်းသစ်ဖန်တီးသူများ၊ Startup များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို စတင် ခေါ်ယူနေပြီ ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ အစီအစဥ်သည် World Food Programme (WFP) နှင့်  LIFT Myanmar ၏ ပံ့ပိုးကူညီမှုဖြင့် SUN Business Network Myanmar သည် Impact Hub Yangon နှင့် ပူးပေါင်းကာ Innovate to Nourish (I2N) Myanmar Challenge ကို ၂၀၂၁ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ 

 

I2N Myanmar Challenge အနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း လုပ်ငန်း ၁၀ ခု ကို ရင်းနှီးမြုပ်နှံလိုသူများ၊ ဈေးကွက်တွင်းရှိ မိတ်ဖက်များနှင့်  စျေးကွက်ချိတ်ဆက်မှုများကို  အောင်မြင်စွာ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

                                                                   Advertisement

                                                             Click Here > Kalarlay

I2N Myanmar Challenge ဆိုသည်မှာ မြန်မာနိုင်ငံတွင် SMEs များနှင့် စားသောက်ကုန်စနစ်တွင် စတင် လုပ်ကိုင်သူများအတွက် ဆန်းသစ်တီထွင်ခြင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ I2N Myanmar Challenge သည် စားသောက်ကုန်စနစ်တလျှောက် အဓိက သက်ဆိုင်သူများ ဖြစ်ကြသော ပုဂ္ဂလိကကဏ္ဍ၊ ရင်းနှီးမြှုပ်နှံသူများ၊ လက်လီရောင်းချသူများ၊ လက်ကားရောင်းချသူများနှင့် နည်းပညာ ပံ့ပိုးပေးသူများအား ချိတ်ဆက်စေပြီး Startup နှင့် SME များ၏ ဆန်းသစ်တီထွင်သည့် ဖြေရှင်းချက်များကို အဆင့်မြှင့်တင်နိုင်စေရန်နှင့် အထူးသဖြင့် ချို့တဲ့သော လူများအတွက် ဈေးနှုန်းသက်သာ၍  အာဟာရပြည့်ဝသော အစားအစာများ ရရှိနိုင်မှု တိုးတက်စေရန်အတွက် အဓိက ရည်ရွယ်ပြီး လုပ်ဆောင်နေသော အစီအစဥ်တစ်ခု ဖြစ်သည်။ 

 

ယခုနှစ် ၂၀၂၃ ခုနှစ်တွင်မူ Innovate to Nourish (I2N) Myanmar Challenge 2023 တွင် ပါဝင်ရန် ဆန်ကာတင် စီးပွားရေးလုပ်ငန်းများအနေဖြင့် SMEs နှင့် Startup (၇) ခုကို ရွေးချယ်ကာ ရင်းနှီးမြှပ်နှံမှု အဆင်သင့်ဖြစ်ရန် လေ့ကျင့် သင်ကြားခြင်း၊ လမ်းညွှန်မှုပေးခြင်းနှင့် ကွန်ရက်ချိတ်ဆက်ခြင်း စသည့် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ဆန်ကာတင် ရွေးချယ်ခြင်းခံရသည့် လုပ်ငန်းများအနေဖြင့် ၂၀၂၃ ခုနှစ် မေလတွင် ကျင်းပမည့် Final Pitching Competition နေ့တွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့် စီးပွားရေးအသင်းအဖွဲ့များ၊ ရင်းနှီးမြှုပ်နှံသူများ၊ စျေးကွက်တွင်းရှိ မိတ်ဖက်များ အစရှိသည့် စားသောက်ကုန်စနစ်မှ အဓိက ပါဝင်ပတ်သက်သူများ၏ အရှေ့တွင် ၎င်းတို့၏ ဆန်းသစ်တီထွင်မှုဆိုင်ရာဖြေရှင်းနည်းများကို ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

 

အဆိုပါ အစီအစဥ်တွင် ပါဝင်ခြင်းအားဖြင့် စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍမှ မိတ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံနိုင်မည့်အပြင် လုပ်ငန်းဖွံ့ဖြိုးမှုအား ဦးတည်သည့် ဆန်းသစ်သော SME လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အရေးများကို ရရှိနိုင်မည် ဖြစ်သည်။ 

 

ဤအစီအစဥ်တွင် ပါဝင်လိုပါက အောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် လျှောက်လွှာဖောင်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်၊ တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်သည်။ 

 

Application Form Link > 

https://bit.ly/Call_For_Application_I2N_Myanmar_Challenge…


အသေးစိတ်အချက်အလက်များကို ထပ်မံစုံစမ်းသိရှိလိုပါက ဖုန်း +959973474141 (သို့မဟုတ်) [email protected]  သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

 

Post Credited to I2N Myanmar Challenge

Latest Post Local News Read 520 times