စက်မှုသင်တန်းကျောင်း (၄) ကျောင်းအတွက် သင်တန်းသားအသစ်များ ခေါ်ယူ

 

 

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၊ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာန လက်အောက်ရှိ စက်မှုသင်တန်းကျောင်း (၄) ကျောင်းအတွက် သင်တန်းသား အသစ်များ ခေါ်ယူနေကြောင်း သိရှိရသည်။

 

ခေါ်ယူနေသည့် စက်မှုသင်တန်းကျောင်းများမှာ အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး) ၏ အမှတ်စဥ် (၁၁)၊ အမှတ် (၆) စက်မှုသင်တန်းကျောင်း (မြင်းခြံ) ၏ အမှတ်စဥ် (၈)၊ အမှတ် (၇) စက်မှုသင်တန်းကျောင်း (မုံရွာ) ၏ အမှတ်စဥ် (၁)၊ အမှတ် (၈) စက်မှုသင်တန်းကျောင်း (သထုံ) ၏ အမှတ်စဥ် (၁) တို့ ဖြစ်သည်။

 

အဆိုပါ စက်မှုကျွမ်းကျင်သင်တန်းများမှာ သင်တန်းကာလ (၁) နှစ် ကြာမြင့်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် မေလ (၈) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်သည်။ သင်တန်းဝင်ခွင့် လျှောက်လွှာများနှင့် သင်တန်းနှင့် ပတ်သက်သည့် အသေးစိတ် ညွှန်ကြားလွှာများအား အောက်ဖော်ပြပါ နေရာများတွင် ရယူ လျှောက်ထားနိုင်သည်

 

၁။ အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး)

  • အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး)၊ မကွေးစက်မှုနယ်မြေ၊ မကွေးမြို့နယ်၊ မကွေးတိုင်းဒေသကြီး။ 

  • ဖုန်း - ၀၆၃-၂၀၂၈၇၉၁၊ ၀၆၃-၂၀၂၈၇၉၂၊ ၀၉-၇၈၇၃၅၃၈၈၄

 

၂။ အမှတ် (၆) စက်မှုသင်တန်းကျောင်း (မြင်းခြံ)

  • အမှတ် (၆) စက်မှုသင်တန်းကျောင်း (မြင်းခြံ)၊ မြင်းခြံမြို့နယ်၊ ကုက္ကဲကျေးရွာအနီး၊ မန္တလေးတိုင်းဒေသကြီး

  • ဖုန်း ၀၉-၇၈၇၇၆၃၈၄၁။

  • www.industry.gov.mm Website, www.itcmyingyan.edu.mm Website နှင့် ICT Myingyan Facebook Account တို့တွင် Download ရယူနိုင်ပါသည်။

 

၃။ အမှတ် (၇) စက်မှုသင်တန်းကျောင်း (မုံရွာ)

  • အမှတ် (၇) စက်မှုသင်တန်းကျောင်း (မုံရွာ)၊ မုံရွာမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။

  • ဖုန်း - ၀၉-၂၅၉၀၄၇၇၉၈

  • www.industry.gov.mm Website တွင် Download ရယူနိုင်ပါသည်။

 

၄။ အမှတ် (၈) စက်မှုသင်တန်းကျောင်း (သထုံ) 

  • အမှတ် (၈) စက်မှုသင်တန်းကျောင်း (သထုံ)၊ သထုံမြို့၊ မွန်ပြည်နယ်။ 

  • ဖုန်း - ၀၉-၇၉၄၇၇၂၇၁၈၊ ၀၉-၄၀၁၅၅၆၆၀၃၊ ၀၉-၇၉၀၅၁၁၄၆၈။ 

  • www.industry.gov.mm Website တွင် Download ရယူနိုင်ပါသည်။ 

 

သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၊ စက်မှုဝန်ကြီးဌာနတွင်လည်း လျှောက်လွှာဖောင်များ ရယူနိုင်ကြောင်း သိရသည်။၊ 

ရုံးအမှတ် (၃၀)၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၀၅၀၅၁ 

 

သင်တန်းများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များအား အထက်တွင် ဖော်ပြထားသော သက်ဆိုင်ရာ သင်တန်းကျောင်း အသီးသီးတွင်လည်းကောင်း၊ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာနသို့လည်းကောင်း ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သည်။

 

 

Local News Latest Post Read 1392 times