ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ အာမခံလုပ်ငန်းဆိုင်ရာ မဟာဘွဲ့ လျှောက်ထားနိုင်

 

ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဖွင့်လှစ်ပို့ချမည့် အာမခံလုပ်ငန်းဆိုင်ရာ မဟာဘွဲ့ (Master of Insurance - MI) သင်တန်းကို ၂၀၂၃ ဇန်နဝါရီလ ၁၀ ရက်နေ့မှ စတင်လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

 

စိတ်ပါဝင်စားသူများ အနေဖြင့် သင်တန်းဖြင့် သက်ဆိုင်သော စာရွက်စာတမ်းများဖြင့် သတ်မှတ်ထားသည့်လျှောက်လွှာပုံစံနှင့်အတူ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) အခန်း (၂၀၆) သို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်သည်။ 

 

အဆိုပါမဟာဘွဲ့သင်တန်းလျှောက်ထားရန်အတွက်သတ်မှတ်အရည်အချင်းများမှာအောက်ပါအတိုင်းဖြစ်သည်_

 

  • အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

  • တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တစ်ပြိုင်နက်တည်း တက်ရောက်နေသူ မဖြစ်စေရ။

  • သက်ဆိုင်ရာ သင်ရိုးနှင့်အညီ သတ်မှတ်ထားသော အချိန်အတိုင်း ပြည့်မှီစွာ တက်ရောက်နိုင်သူဖြစ်ရမည်။

  • မဟာဘွဲ့သင်တန်းများအတွက် သင်တန်းရေးဖြေဝင်ခွင့်စာမေးပွဲ နှင့် လူတွေ့အကဲဖြတ်စစ်ဆေးခြင်းတို့

ကို လူကိုယ်တိုင် လာရောက်ဖြေဆိုနိုင်သူဖြစ်ရမည်။

သင်တန်းအားလုံးအတွက် အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတစ်ခုခုတွင် လုပ်ငန်းခွင် အတွေ့အကြုံ လုပ်သက်အနည်းဆုံး (၂) နှစ်ရှိသူဖြစ်ရမည်။

 

သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့ (တနင်္ဂနွေနေ့) ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) ၌ကျင်းပမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲတွင် သတ်မှတ်အဆင့်မီသူများကို လူတွေ့စစ်ဆေး၍ လက်ခံသွားမည်ဖြစ်သည်။

 

သင်တန်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက သင်တန်းရေးရာဌာန၏ ဖုန်းနံပါတ်ဖြစ်သော ၀၁၇-၅၂၆၆၁၃ နှင့် ဝါဏိဇ္ဇဗေဒဌာန ၏ ဖုန်းနံပါတ်ဖြစ်သော ၀၉-၄၄၂၆၃၁၈၉၈ များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

 

Latest Post Local News Read 1329 times