Sales Hotline : 09448001653       Download App



ဥရောပတိုက်ဟန်ဂေရီနိုင်ငံကပေးအပ်တဲ့အကောင်းဆုံးပညာတော်သင်ဆုအကြောင်း

 

၂၀၂၂/၂၀၂၃ ခုနှစ်အတွက် ဥရောပတိုက် ဟန်ဂေရီနိုင်ငံက ခေါ်ယူတဲ့ ပညာတော်သင်ဆုအကြောင်း ပြောပြပေးချင်ပါတယ်။ ဒီပညာတော်သင်ဆုဟာ မြန်မာနိုင်ငံကပါ လျှောက်ထားလို့ရပြီး ဘွဲ့ရ၊ ဘွဲ့လွန်၊ဘွဲ့ကြို၊  ပါရဂူ နဲ့ ဘွဲ့မလိုတဲ့ ပရိုဂရမ်တွေပါ ပါဝင်ပါတယ်။

 

လျှောက်ထားနိုင်သော ဘာသာရပ်များ_

 

Full Degree Bachelor Studies - Agriculture, Engineering & Natural Science

Full Degree Master Studies - Technology, Engineering, Economics & Natural Science

Full Degree Doctoral Studies - In English Language in Any Field of Interest

Postgraduate Specialist Training Courses - Arts & Music

 

ဖော်ပြပါလင့်ခ်မှလည်းကြည့်ရှုနိုင်ပါတယ်> https://stipendiumhungaricum.hu/partners/

 

နောက်ဆုံးလျှောက်ထားရမယ့်ရက် (Application Deadline) - ၂၀၂၃ ဇန်နဝါရီ ၁၆ 

 

တက်ရောက်ရမယ့် အချိန်ကာလကတော့ ကိုယ်ရွေးချယ်တက်ရောက်မယ့် ဘွဲ့ အမျိုးအစားအလိုက် အနည်းဆုံး၁ နှစ် မှ အများဆုံး ၆ နှစ်အထိ ကြာတာတွေ ပါရှိပါတယ်။

 

ဘွဲ့ရ၊ ဘွဲ့လွန်၊ ပါရဂူ အတန်းတွေအတွက်က MA,MSc,BA,BSc စတဲ့ ဘွဲ့အမျိုးအစား အမျိုးမျိုး ပေးအပ်မှာဖြစ်ပြီး ဘွဲ့ကြို နဲ့ ဘွဲ့မလိုတဲ့ ပရိုများအတွက်က အသိအမှတ်ပြုလက်မှတ် (Certificate) ပေးအပ်မှာဖြစ်ပါတယ်။

 

လိုအပ်သော အရည်အချင်းများ_

 

  • Bachelor ပရိုဂရမ် လျှောက်ထားမည့်သူက Secondary School Graduation Certificate ရှိထားသူ

  • Master ပရိုဂရမ် လျှောက်ထားမည့်သူက Bachelor Degree ရရှိထားသူ

  • Doctoral ပရိုဂရမ် လျှောက်ထားမည့်သူက Master Degree ရရှိထားသူ

  • ကိုယ်လျှောက်ချင်တဲ့ ပရိုဂရမ်များက သတ်မှတ်ထားတဲ့ အနိမ့်ဆုံး ဝင်ခွင့်လိုအပ်ချက်များ နဲ့ ဘာသာစကားဆိုင်ရာ စံနှုန်းသတ်မှတ်သတ်မှတ်ချက်များနဲ့ ကိုက်ညီသူ

  • မိမိနိုင်ငံမှာ သင်ကြားလာတဲ့ ပညာရေးမှတ်တမ်းကောင်းမွန်သူ

ခေါ်ယူသွားမည့် ပညာတောင်သင် ကျောင်းသား အရေအတွက် - အယောက် ၆၀၀ ကျော်

ဒီပညာတော်သင်ဆုတွေကို ဟန်ဂေရီနိုင်ငံရဲ့ အဆင့်မြင့်ပညာရေး အဖွဲ့အစည်း ၂၈ ကနေ ခေါ်ယူတာပါ။

 

လျှောက်ထားရမယ့် လင့်ခ်ကို အောက်မှာဖော်ပြပေးထားပါတယ်

 

Application Link > https://stipendiumhungaricum.hu/apply/
 

Application Timeline ကတော့ လျှောက်ထားလာသည့် Form များကို ၂၀၂၃ ဇန်နဝါရီ ၁၆ ရက်နေ့မှာ နောက်ဆုံးလက်ခံရယူပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ First Selection စတင်မှာပါ။ မေလ လလယ် နှင့် လကုန်ကြားမှာ Second Selection ပြုလုပ်ပြီး ဧပြီ ၁၅ မှာ Medical Certificate Process သွားမှာပါ။ Finalist Selection Notification များကို ဇွန်လ လလယ် နှင့် လကုန်ကြားမှာ သက်ဆိုင်ရာ ကျောင်းသားများထံပေးပို့သွားမှာဖြစ်ပြီး ဇွန်လ နှင့် ဇူလိုင်လမှာ Visa Application Process လုပ်ဆောင်မှာပါ။ပြီးရင်တော့ ၂၀၂၃ စက်တင်ဘာလ ၃၀ ရက် အမှီ ဟန်ဂေရီနိုင်ငံသို့ ရောက်ရှိမှာပဲဖြစ်ပါတယ်။

 

လိုအပ်သော စာရွက်စာတမ်း အထောက်အထားများမှာ အောက်ပါအတိုင်းပဲဖြစ်ပါတယ်_

 

  • Online Application Form

  • Motivation Letter 

  • Proof of Language Proficiency & its translation

  • School Certificates & its translation

  • Transcript Records & its translation

  • Medical Certificate

  • National ID/Copy of the Valid Passport

  • Acceptance of Statement for Application in the Online System,Research Plan,Recommendation Letter (Only for Ph.D Applicants)

  • Portfolio & Audio Portfolio ( Only Arts & Music Applicants)

 

ရရှိနိုင်မယ့် အကျိုးကျေးဇူးများ_

 

  • Tuition-Free Education

  • Monthly Stipend

  • Accommodation 

  • Medical Insurance

 

Official Website Link > https://bit.ly/3Wf27AL

 

Scholarship နဲ့ ပတ်သက်ပြီး အောက်ဖော်ပါလင့်တွေကနေ အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်

Scholarship Links >  https://bit.ly/3UGU2mW , https://bit.ly/3UCiBBA 

Scholarship နဲ့ပတ်သက်ပြီး တိုက်ရိုက်ဆက်သွယ်မေးမြန်းချင်တယ်ဆိုရင် ဖော်ပြပါ mail ကနေတစ်ဆင့် ပေးပို့မေးမြန်းနိုင်ပါတယ် >

 

International Latest Post Read 1164 times