စိတ်ဓာတ်ကျတိုင်း မဖြစ်မနေ ကြည့်သင့်တဲ့ အကောင်းဆုံးဇာတ်ကား (၁၀) ကား

 

 

လူအများစုဟာ ရုပ်ရှင်ကြည့်ရတာကို ဝါသနာပါပြီး ရုပ်ရှင်ထဲက အလွမ်း၊ အဆွေး၊ ပျော်ရွှင်မှု၊ အားရကျေနပ်မှု အစရှိတဲ့ ခံစားချက်မျိုးစုံကို လက်တွေ့ဘဝထဲကို  ပြန်လည် သယ်ဆောင်လာတတ်ကြပါတယ်။

ရုပ်ရှင်တွေက ကျတော်တို့ရဲ့ ဘဝနဲ့ပတ်သက်တဲ့ တစ်ချို့ တစ်ချို့သော  ဆုံးဖြတ်ချက်တွေကို လှုံ့ဆောင်ပေးနိုင်ပြီး လွှမ်းမိုးနိုင်တဲ့ အလားအလာ အနည်းနဲ့အများ ရှိတတ်ကြပါတယ်။ 

တစ်ခါတစ်ရံမှာ ရုပ်ရှင်တစ်ကားကလည်း ကျနော်တို့ အမှန်တကယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ တွန်းအားဖြစ်စေတဲ့ တံတားတစ်စင်းလည်း ဖြစ်လာနိုင်ပါတယ်။ 

ဒါကြောင့်မို့လို့ အခုတစ်ခါမှာတော့ Myanmar Education Guide စာဖတ်ပရိသတ်ကြီးအတွက် ဘဝမှာ စိတ်ဓာတ်ကျတိုင်း မဖြစ်မနေ ကြည့်ကိုကြည့်သင့်တဲ့ အကောင်းဆုံး ဇာတ်ကားတွေထဲကမှ ဇာတ်ကား (၁၀) ကား အကြောင်းကို ရေးသားဖော်ပြပေးချင်ပါတယ်။ 

 

  1. Pumping Iron (1977)

ကမ္ဘာကျော်နာမည်ကြီး မင်းသားကြီး အာနိုးလ်ပါဝင်သရုပ်ဆောင်ထားတဲ့ “Pumping Iron” ဆိုတဲ့ ဒီဇာတ်ကားဟာဆိုရင် ဝိတ်မသူတွေအတွက်ပဲ ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကား မဟုတ်ပါဘူး။ မိမိကိုယ်ကို ယုံကြည်မှု နဲ့အတူ  ဘဝကို ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာထားပြီး ရှေ့ဆက်လိုသူတိုင်း ကြည့်ကိုကြည့်ရမယ့် ဇာတ်ကားပါ။ 

ဒီဇာတ်ကားမှာဆိုရင် မင်းသားကြီးအာနိုးလ်က သူ့ရဲ့ စိတ်နေသဘောထား၊ ကိုယ်ပိုင်ယုံကြည်ချက် ထားရှိပုံတွေကို မျှဝေဖော်ပြထားပြီး ဒီဇာတ်ကားကို ကြည့်လိုက်တိုင်း စိတ်အားတတ်ကြွနေစေမှာ အမှန်ပဲဖြစ်ပါတယ်။


 

  1. The Secret (2006)

“ကမ္ဘာကြီးရဲ့ ပြဿနာတွေကို အာရုံစိုက်နေမယ့် အစား မင်းရဲ့ ယုံကြည်မှု၊ ချစ်ခင်မှု၊ ငြိမ်းချမ်းမှု နဲ့ လေ့လာသင်ယူမှုတွေအတွက်သာ အာရုံစူးစိုက်မှု နဲ့ ခွန်အားကို အသုံးချပါ” လို့ The Secret ဇာတ်ကားထဲမှာ ဆိုထားပါတယ်။ The Secret ဇာတ်ကားဟာ “Law of Attraction” ကို အခြေခံထားပြီး ဘဝရဲ့ အပြုသဘောဆောင်တဲ့ အတွေးအခေါ်တွေသာ ပုံဖော်ပြသထားပါတယ်။

ဒီဇာတ်ကားရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မိမိရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ဘဝကို ဦးဆောင်နိုင်ရန် နှင့် မိမိရဲ့ စိတ်အားထက်သန်မှုကို ရှာဖွေတွေ့ရှိနိုင်ရန်ပဲ ဖြစ်ပါတယ်။

 

  1. Limitless (2011)

ဒီဇာတ်ကားမှာ နာမည်ကြီး အဆိုတော်/သရုပ်ဆောင် မင်းသားကြီး Bradley Cooper က အချိန်ဆွဲပြီး လေးလေးနက်နက် မရှိတဲ့  စာရေးဆရာ အက်ဒီအဖြစ် သရုပ်ဆောင်ထားပါတယ်။ တစ်နေ့မှာ အက်ဒီက ဆေးတစ်မျိုးကို တွေ့ရှိလိုက်တဲ့အခါ သူ့ဘဝက ချက်ချင်းပြောင်းလဲသွားပါတယ်။ 

ဒီဇာတ်ကားဟာဆိုရင် သင့်ဘဝမှာ လုပ်ဆောင်နိုင်တဲ့ အရာအားလုံးကို စဥ်းစားစေနိုင်တဲ့ ဉာဏ်အလင်းကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ တစ်စုံတစ်ခု လုပ်ဆောင်ဖို့အတွက် ခွန်အားကိုပေးပြီး ရလာဒ်ကောင်းကို ပေါ်ထွက်စေနိုင်မှာ အမှန်ပဲဖြစ်ပါတယ်။


 

 

  1. The Wolf of Wall Street (2013)

“လူတစ်ယောက် အရမ်းအောင်မြင်လာပြီ၊ အမြင့်တတ်လာပြီဆိုရင် … သူ့ကို ဟိုးအောက်ဆုံးထိ ပြန်ဆွဲချဖို့ ကြံနေတဲ့ လူတစ်ယောက်လည်း အမြဲတမ်း ရှိနေတတ်တယ် ….” ဒီဇာတ်ကားထဲက စကားပြောတစ်ခုပါ။ Jordan Belfort ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာဆိုရင် ဘဝမှာ ငွေနဲ့ ဝယ်လို့ရတဲ့ အရာတွေ၊ မရနိုင်တဲ့ အရာတွေကို သရုပ်ပြရိုက်ကူးထားပါတယ်။ The Wolf of Wall Street  ဇာတ်ကားဟာ သင့်ရဲ့ လက်ရှိဘဝကို ပြန်လည် အကဲဖြတ်စေနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်ပြီး ဘဝအတွက် ပိုမိုကောင်းမွန်တဲ့ အရာတွေကိုသာ ပြန်လည်စဥ်းစားသုံးသပ်နိုင်စေမှာပါ။


 

 

  1. The Words (2012)

ကမ္ဘာကျော် နာမည်ကြီး အဆိုတော်/သရုပ်ဆောင် မင်းသားကြီး Bradley Cooper ရဲ့ ဇာတ်ကားကောင်းတွေထဲကမှ တစ်ကားဖြစ်တဲ့ “The Words” ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားမှာ Bradley Cooper ဟာ ရုန်းကန်နေရတဲ့ စာရေးဆရာတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

ဘဝအတွက် ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်၊ ရည်မှန်းချက်၊ အောင်မြင်မှုဟာ ဘယ်လောက်ခက်ခဲကြောင်း၊ အရှုံးမပေးပဲ လက်တွေ့ ဘယ်လိုလုပ်ဆောင်သင့်ကြောင်း၊ လက်တွေ့ ဘဝနဲ့ စိတ်ကူးယဥ်မှု ကြားမှာ ဘယ်လို ဆုံးဖြတ်ချက်တွေချမလဲဆိုတဲ့ အကြောင်းတွေကို မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားဟာ သင်လုပ်ဆောင်နေတဲ့ အလုပ်ကို ဘယ်လို တာဝန်ယူရမလဲ၊ သင့်မှာ ရှိတဲ့ အရာတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်ဆောင်မလဲ ဖော်ပြပေးပါလိမ့်မယ်။


 

 

  1. In Pursuit of Happyness (2006)

သင့်ကိုယ်သင် ဘဝက ခက်ခဲလှပြီလို့ ထင်နေရင် တကယ့်ဖြစ်ရပ်မှန်ဘဝတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကို အချိန်ပေးပြီး ကြည့်ကြည့်လိုက်ပါ။ ဖခင်တစ်ယောက်ရဲ့ နက်ရှိုင်းတဲ့ မေတ္တာ နဲ့ဘဝရဲ့ အဆိုးဆုံးဆိုတဲ့ အခြေအနေမှာတောင် Single Father တစ်ယောက်အနေနဲ့ သားဖြစ်သူကို လက်လွှတ်မခံခဲ့တဲ့ မေတ္တာ နဲ့ စိတ်ဓာတ်ခိုင်မာပုံကို မြင်တွေ့ရမှာပါ။ ပျော်ရွှင်မှုဆိုတာ ကြိုးစားသူတိုင်းအတွက် အလှမ်းမဝေးပဲ ဘဝရဲ့ အနိမ့်အမြင့် အတက်အကျဒဏ်ကို ခံနိုင်ရည်ရှိဖို့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ 


 

  1. Good Will Hunting (1997)

ကောင်းတယ်ဆိုတဲ့ စကားနဲ့ ဖော်ပြဖို့အတွက်ကို မပြည့်စုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားလို့ဆိုရမှာပါ။ ကောင်းမွန်ထိမိလှတဲ့ စကားပြောကွက်တွေတိုင်းက သင့်ကို ကြည့်ပြီးရင်းကြည့်ချင်အောင်ကို ခေါ်ဆောင်သွားမှာပါ။ 

ဘဝမှာ ကိုယ်တိုင်က ပင်ကိုယ် ထူးချွန်တဲ့အရည်အချင်းရှိပေမယ့် ကိုယ့်ကိုယ်ကို အောင်မြင်မှု နဲ့ ထိုက်တန်တယ်လို့ ယုံကြည်ချက် မရှိသူတိုင်း အတွက် ဒီဇာတ်ကားကို ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ သင့်ကို စိတ်အားထက်သန်လာစေပြီး သင့်ရဲ့ ကောင်းမွန်တဲ့ အရည်အချင်းအတွက် သက်သေပြနိုင်လာပါလိမ့်မယ်။


 

 

  1. Forrest Gump (1994)

ဘဝဟာ ငှက်မွှေးတောင်လေးလိုပါပဲ ငှက်မွှေးတောင်လေးဟာ လေအဝေ့မှာ လေပေါ်ကို ထိုးတက်သွားမယ်။ လေအငြိမ်မှာ ပြန်ကျလာမယ်။ မြေပြင်နဲ့ ထိတော့မယ့် ဆဲဆဲမှာ ကားတစ်စီးရဲ့ ဖြတ်သွားတဲ့ အရှိန်ကြောင့် လေပေါ်ကို ပြန်တတ်သွားဦးမယ်။ တစ်ချိန်ချိန်မှာ ပြန်ကျလာဦးမယ်။ ဘဝဟာလည်း ဒီလိုပါပဲ။ 

အတက်အကျများလွန်းတဲ့ ဘဝမှာ အမုန်းတရားတွေကို ဘေးဖယ်ထားပြီး ချစ်ခြင်းမေတ္တာကိုပဲ အဓိက မီးမောင်းထိုးပြထားတဲ့ ဒီဇာတ်ကားဟာဆိုရင် နာမည်ကြီး မင်းသားကြီး Tom Hanks ဦးဆောင်ထားပြီး အော်စကာဆုများစွာကိုလည်း ရရှိထားပါတယ်။ ဘဝမှာ ကြည့်ကိုကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။

 

  1. Life of Pi (2012)

ဒီဇာတ်ကားနာမည်ကို ပြောလိုက်ရင် သမုဒ္ဒရာထဲ ကျားတစ်ကောင်နဲ့ လူတစ်ယောက်မျောသွားတဲ့ကား လို့ အသိများကြပါတယ်။ အထွေအထူး ပြောစရာမလိုအောင်ကို နာမည်ကြီး ထိုင်ဝမ်ဒါရိုက်တာ Ang Lee ကရိုက်ကူးထားပြီး အော်စကာဆု ၄ ဆုအထိ ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ပေးချင်တဲ့ Message ကို သေချာရယူပြီးကြည့်မယ်ဆို  ဘဝအတွက် အကျိုးအမြတ်ရရှိစေနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားလို့ ပြောရင်လည်း မမှားပါဘူး။


 

 

  1. The Pianist (2002)

2002 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာဆိုရင် ဒုတိယကမ္ဘာစစ်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပိုလန်နိုင်ငံသား ဂျူးလူမျိုး စန္ဒယားပညာရှင် Szpilman တစ်ယောက် ဂျာမန်တွေ လက်ထဲက လွတ်မြောက်ပြီး ဝါဆောမြို့မှာ ပုန်းအောင်းရင်း အသက်ရှင်ဖို့ ခက်ခက်ခဲခဲ Survival လုပ်ရတဲ့ အကြောင်းကို ရိုက်ကူးတင်ပြထားပါတယ်။ 

ဘဝရဲ့ဆိုးရွားလွန်းလှတဲ့ အခက်အခဲဆုံး မသေရုံတမယ် အချိန်တွေမှာ ဘယ်လိုနည်းနဲ့ ရအောင် Survival လုပ်သွားလဲဆိုတာကို မြင်တွေ့ရမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်တာမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

 

Knowledge Latest Post Read 2115 times