Sales Hotline : 09448001653       Download App



သူငယ်တန်းမတက်ရသေးသည့် အသက် (၆) နှစ်ပြည့်ကလေးများကို ပထမတန်းသို့ တက်ခွင့်ပြု

** Unicode **

ယခုပညာသင်နှစ် မူလတန်းအဆင့်ကျောင်းအပ်နှံရေးသတင်းပတ်အဖြစ် သြဂုတ်ပထမပတ်တွင် ပြုလုပ်ရန် စီစဉ်နေသည်။ 

အသက် (၅)နှစ်ပြည့် ချိန်တွင် သူငယ်တန်းမတက်ခဲ့ရ သော အသက် (၆) နှစ်ပြည့်ပြီး ကလေးများကို ပထမတန်းသို့ တက်ခွင့်ပြုမည်ဟု ပညာရေးဝန် ကြီးဌာနက အသိပေးကြေညာ ထားပါတယ်။

လာမည့် ၂၀၂၀-၂၁ ပညာသင်နှစ် မူလတန်းအဆင့်ကျောင်းသား/သူများအတွက် ကျောင်းအပ် နှံရေးသီတင်းပတ်ကို သြဂုတ်လ ပထမပတ်တွင် ပြုလုပ်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။

အသက် (၅) နှစ်ပြည့်သူတိုင်းအား သူငယ်တန်း(KG)တွင်လည်းကောင်း၊ အသက် (၆) နှစ် ပြည့်သူတိုင်းအား ပထမတန်း (Grade-1) တွင်လည်းကောင်း၊ ကျောင်းနေအရွယ်အားလုံး ကျောင်းအပ်လက်ခံရန် ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်ရာ မူလတန်း ကျောင်းသားများအတွက် အသိပေးချက်တွင် ဖော်ပြထားပါတယ်။

၂၀၁၇-၁၈ ပညာသင်နှစ် ကတည်းက ပထမတန်းကို သင်ရိုးညွှန်းတမ်းအသစ် ပြောင်းထား ပြီးသင်ရိုးသစ်ပထမတန်းသည် သူငယ်တန်း မတက်ဖူးသည့် ကလေးငယ်များပါ တိုက်ရိုက်သင် နိုင်၍ ယင်းသို့ တက်ခွင့်ပြုခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသ ကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

‘‘သူငယ်တန်းက ကလေးတွေကို ကစားတာ၊ ကတာ၊ ခုန်တာမျိုးကို သင်ပေးတာ။ အရင်ကလို အရေး၊ အဖတ်၊ အတွက် Heavy တွေမပါသေးတော့ ကလေးက သူငယ်တန်းမတက်ဖြစ်ဖူးလား၊ ဒါဆို သူ (၆) နှစ်ပြည့် ပြီလား၊ ပြည့်ရင် ပထမတန်း တန်းတက်လို့ရတဲ့ သဘောပေါ့။ ဖြစ်နိုင်ရင် သူငယ်တန်းကစတက်၊ မတက်နိုင်ရင် တစ်တန်း တန်းတက်လည်း (၆)နှစ်ကလေး ဉာဏ်ရည်နဲ့ဆို မီတဲ့သဘောပေါ့’’ ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြပါတယ်။

ကျောင်းဖွင့်ချိန်တွင် အ သက်(၆)နှစ်ပြည့်ရန် သုံးလအလိုအထိ ကလေးများသည်လည်း သက်ဆိုင်ရာထောက်ခံချက်များ ဖြင့် ပထမတန်းသို့ တိုက်ရိုက် တက်နိုင်ကြောင်း အခြေခံပညာဦးစီးဌာနက သတ်မှတ်ထားပါတယ်။

အသက် (၆) နှစ်ပြည့်ရန် တစ်လလိုပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်၊ နှစ်လလိုပါက မြို့နယ်ပညာရေးမှူး၏ ထောက်ခံချက်၊ သုံးလလိုပါက တိုင်းဒေသကြီး နှင့်ပြည်နယ် ပညာရေးညွှန်ကြား ရေးမှူး၏ ထောက်ခံချက်ဖြင့် ကျောင်းအပ်ရမည်ဖြစ်ပါတယ်။

ကျောင်းအပ်နှံရာတွင် ကျောင်းအပ်မည့်ကလေး၏ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း များ တင်ပြရမည်ဖြစ်ပြီး အသက် အရွယ်ပြည့်မီခြင်းရှိ/မရှိ ယင်းအချက်အလက်များဖြင့် တိုက်ဆိုင် စစ်ဆေးမည်ဖြစ်ပါတယ်။

သို့သော် မွေးစာရင်းမရှိသေးသော ကလေးများကိုမိဘဝန်ခံချက်ဖြင့် ကျောင်းအပ်လက်ခံရန် ညွှန်ကြားထားပါတယ်။

Kindergarten (73) သူငယ်တန်းအဆင့်ကျောင်းများ နှင့်ပတ်သက်ပြီး  (၇၃) ခုရှာရန်နှိပ်ပါ။

ပညာရေးဝန်ကြီးဌာနက သူငယ်တန်း + ၁၂ တန်း ပညာရေးစနစ်သစ်ကို ၂၀၁၆-၁၇ ပညာသင်နှစ်က စတင်အကောင် အထည်ဖော်နေပြီး ပြီးခဲ့သည့် ပညာသင်နှစ်အထိ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ ဆဋ္ဌမတန်းတို့ကို သင်ရိုးသစ်များဖြင့် သင်ကြားနေပါတယ်။

လာမည့်ပညာသင်နှစ်တွင် စတုတ္ထတန်း(Grade-4)၊ သတ္တ မတန်း(Grade-7)နှင့် ဒသမတန်း (Grade-10) ကို သင်ရိုးသစ်ဖြင့် စတင်သင်ကြားမည်ဖြစ်ပါတယ်။

Credit; 7Day News


** Zawgyi **

ယခုပညာသင္ႏွစ္ မူလတန္းအဆင့္ေက်ာင္းအပ္ႏွံေရးသတင္းပတ္အျဖစ္ ၾသဂုတ္ပထမပတ္တြင္ ျပဳလုပ္ရန္ စီစဥ္ေနသည္။ 

အသက္ (၅)ႏွစ္ျပည့္ ခ်ိန္တြင္ သူငယ္တန္းမတက္ခဲ့ရ ေသာ အသက္ (၆) ႏွစ္ျပည့္ၿပီး ကေလးမ်ားကို ပထမတန္းသို႔ တက္ခြင့္ျပဳမည္ဟု ပညာေရးဝန္ ႀကီးဌာနက အသိေပးေၾကညာ ထားပါတယ္။

လာမည့္ ၂၀၂၀-၂၁ ပညာသင္ႏွစ္ မူလတန္းအဆင့္ေက်ာင္းသား/သူမ်ားအတြက္ ေက်ာင္းအပ္ ႏွံေရးသီတင္းပတ္ကို ၾသဂုတ္လ ပထမပတ္တြင္ ျပဳလုပ္ရန္ ပညာေရးဝန္ႀကီးဌာနက စီစဥ္ေနပါတယ္။

အသက္ (၅) ႏွစ္ျပည့္သူတိုင္းအား သူငယ္တန္း(KG)တြင္လည္းေကာင္း၊ အသက္ (၆) ႏွစ္ ျပည့္သူတိုင္းအား ပထမတန္း (Grade-1) တြင္လည္းေကာင္း၊ ေက်ာင္းေနအ႐ြယ္အားလုံး ေက်ာင္းအပ္လက္ခံရန္ ပညာေရးဝန္ႀကီးဌာန၏ ေက်ာင္းအပ္ႏွံေရးသီတင္းပတ္ဆိုင္ရာ မူလတန္း ေက်ာင္းသားမ်ားအတြက္ အသိေပးခ်က္တြင္ ေဖာ္ျပထားပါတယ္။

၂၀၁၇-၁၈ ပညာသင္ႏွစ္ ကတည္းက ပထမတန္းကို သင္႐ိုးၫႊန္းတမ္းအသစ္ ေျပာင္းထား ၿပီးသင္႐ိုးသစ္ပထမတန္းသည္ သူငယ္တန္း မတက္ဖူးသည့္ ကေလးငယ္မ်ားပါ တိုက္႐ိုက္သင္ ႏိုင္၍ ယင္းသို႔ တက္ခြင့္ျပဳျခင္း ျဖစ္သည္ဟု ရန္ကုန္တိုင္းေဒသ ႀကီးပညာေရးမႉး႐ုံးမွ တာဝန္ရွိသူတစ္ဦးက ဆိုပါတယ္။

‘‘သူငယ္တန္းက ကေလးေတြကို ကစားတာ၊ ကတာ၊ ခုန္တာမ်ိဳးကို သင္ေပးတာ။ အရင္ကလို အေရး၊ အဖတ္၊ အတြက္ Heavy ေတြမပါေသးေတာ့ ကေလးက သူငယ္တန္းမတက္ျဖစ္ဖူးလား၊ ဒါဆို သူ (၆) ႏွစ္ျပည့္ ၿပီလား၊ ျပည့္ရင္ ပထမတန္း တန္းတက္လို႔ရတဲ့ သေဘာေပါ့။ ျဖစ္ႏိုင္ရင္ သူငယ္တန္းကစတက္၊ မတက္ႏိုင္ရင္ တစ္တန္း တန္းတက္လည္း (၆)ႏွစ္ကေလး ဉာဏ္ရည္နဲ႔ဆို မီတဲ့သေဘာေပါ့’’ ဟု အဆိုပါ တာဝန္ရွိသူက ရွင္းျပပါတယ္။

ေက်ာင္းဖြင့္ခ်ိန္တြင္ အ သက္(၆)ႏွစ္ျပည့္ရန္ သုံးလအလိုအထိ ကေလးမ်ားသည္လည္း သက္ဆိုင္ရာေထာက္ခံခ်က္မ်ား ျဖင့္ ပထမတန္းသို႔ တိုက္႐ိုက္ တက္ႏိုင္ေၾကာင္း အေျခခံပညာဦးစီးဌာနက သတ္မွတ္ထားပါတယ္။

အသက္ (၆) ႏွစ္ျပည့္ရန္ တစ္လလိုပါက သက္ဆိုင္ရာ ေက်ာင္းအုပ္ႀကီး၏ ေထာက္ခံခ်က္၊ ႏွစ္လလိုပါက ၿမိဳ႕နယ္ပညာေရးမႉး၏ ေထာက္ခံခ်က္၊ သုံးလလိုပါက တိုင္းေဒသႀကီး ႏွင့္ျပည္နယ္ ပညာေရးၫႊန္ၾကား ေရးမႉး၏ ေထာက္ခံခ်က္ျဖင့္ ေက်ာင္းအပ္ရမည္ျဖစ္ပါတယ္။

ေက်ာင္းအပ္ႏွံရာတြင္ ေက်ာင္းအပ္မည့္ကေလး၏ ေမြးစာရင္း၊ အိမ္ေထာင္စုစာရင္း မ်ား တင္ျပရမည္ျဖစ္ၿပီး အသက္ အ႐ြယ္ျပည့္မီျခင္းရွိ/မရွိ ယင္းအခ်က္အလက္မ်ားျဖင့္ တိုက္ဆိုင္ စစ္ေဆးမည္ျဖစ္ပါတယ္။

သို႔ေသာ္ ေမြးစာရင္းမရွိေသးေသာ ကေလးမ်ားကိုမိဘဝန္ခံခ်က္ျဖင့္ ေက်ာင္းအပ္လက္ခံရန္ ၫႊန္ၾကားထားပါတယ္။

Kindergarten (73) သူငယ္တန္းအဆင့္ေက်ာင္းမ်ား ႏွင့္ပတ္သက္ၿပီး  (၇၃) ခုရွာရန္ႏွိပ္ပါ။

ပညာေရးဝန္ႀကီးဌာနက သူငယ္တန္း + ၁၂ တန္း ပညာေရးစနစ္သစ္ကို ၂၀၁၆-၁၇ ပညာသင္ႏွစ္က စတင္အေကာင္ အထည္ေဖာ္ေနၿပီး ၿပီးခဲ့သည့္ ပညာသင္ႏွစ္အထိ သူငယ္တန္း၊ ပထမတန္း၊ ဒုတိယတန္း၊ တတိယတန္း၊ ဆ႒မတန္းတို႔ကို သင္႐ိုးသစ္မ်ားျဖင့္ သင္ၾကားေနပါတယ္။

လာမည့္ပညာသင္ႏွစ္တြင္ စတုတၳတန္း(Grade-4)၊ သတၱ မတန္း(Grade-7)ႏွင့္ ဒသမတန္း (Grade-10) ကို သင္႐ိုးသစ္ျဖင့္ စတင္သင္ၾကားမည္ျဖစ္ပါတယ္။

Credit; 7Day News

 

News Tips News News Latest Post Read 7155 times