ကျောင်းသားများ ဒီဂျစ်တယ်ဂုရု ဖြစ်လာဖို့ အကောင်းဆုံးနည်းလမ်း (၅)ခု

ယနေ့ခေတ် ဒီဂျစ်တယ်နည်းများဖြင့် ဆောင်ရွက်နေကြသည့် ပတ်ဝန်းကျင် အသစ်သည် မျိုးဆက်သစ်လူငယ်များအတွက် အခွင့်အရေးများစွာကို ဖန်တီးပေးလျက်ရှိပါသည်။

တိုးတက်လာသည့် နည်းပညာနှင့် ပိုမိုကောင်းမွန်လာသည့် သင်ကြားရေး နည်းစနစ်များကို လူငယ်များသို့ ရောက်နိုင်‌‌အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်း အချို့ကို ဖော်ပြလိုက်ရပါတယ်။

 

 

၁။ လက်ချောင်းထိပ်လေးများဖြင့် သတင်းအချက်အလက်များ ရယူနိုင်ရန် စီစဉ်ပေးပါ။

ကွန်ပျူတာစက်ပစ္စည်းများနှင့် အင်တာနက်များသည် ယနေ့မော်ဒန်ခေတ်ကျောင်းသားများ၏ သတင်းအချက်အလက်ကို လျင်မြန်စွာ သိနိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် အရာများ ဖြစ်လာပါသည်။

ပညာရေးဆိုင်ရာ အက်ပလီကေးရှင်းများကို အသုံးပြုခြင်းသည် ကျောင်းသားများကို စာသင်ခန်းတွင် ဖြစ်စေ၊ စာသင်ခန်းပြင်ပတွင် ဖြစ်စေ ပညာရေးနှင့် ပတ်သက်သည့် အရင်းအမြစ်များစွာကို အလွယ်တကူ ရနိုင်ပြီး ကျောင်းသင်ခန်းစာများ၊ အိမ်စာများနှင့် ပတ်သက်၍ အချိန်ဇယားများကိုလည်း ပိုမို တိကျလွယ်ကူစွာ စီမံနိုင်လာမည်ဖြစ်သည်။

မလေးရှားနိုင်ငံရှိ အာရှပစိဖိတ်တက္ကသိုလ်သည် LP+365 ဟုခေါ်သည့် ပညာရေးအက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် ကျောင်းသားများ၏ စာသင်ကြားမှုတွင် ပါဝင်လာမှုများကို မြှင့်တင်နိုင်ခဲ့သည်။

ထိုအက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် ကျောင်းသားများသည် နေ့စဉ်ပြက္ခဒိန်များ၊ အဆိုင်းမန့်များ နှင့် သင်ရိုးညွှန်းများကို လွယ်ကူစွာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဒါဟာ ကျောင်းသားများအတွက် သူတို့၏ သင်ကြားရေးဆိုင်ရာ အတွေ့အကြုံများ၊ သင်ထောက်ကူပစ္စည်းများ နှင့် အခြားသက်ဆိုင်ရာ သတင်းအချက်အလက် အရင်းအမြစ်များကို လက်ဖျားလေးမှ တဆင့်လွယ်ကူစွာသိရှိနိုင်စေသည်ကို သိသာစေသည့် အချက်ပင် ဖြစ်သည်။

၂။ စမတ်ဖုန်းများဖြင့် အပြန်အလှန်သင်ယူနိုင်‌အောင် ပူးပေါင်းဆောင်ရွက်ပေးပါ။

အာရှနိုင်ငံများတွင် မိုဘိုင်းဖုန်းအသုံးပြုမှုများ လျင်မြန်စွာ တိုးတက်လာသည်နှင့် အမျှ ပညာရေးဆိုင်ရာ အက်ပလီကေးရှင်းများ တွင် မိုဘိုင်းနည်းပညာမှ အွန်လိုင်းစာသင်ခန်းသို့ ပြောင်းလဲနိုင်သည့် အားသာချက်များကို ကောင်းမွန် အသုံးချနိုင်ရန်အတွက် အခွင့်အရေးကောင်းများလည်း များပြားစွာ ပေါ်ပေါက်လာသည်။

မှန်ကန်သောသင်ခန်းစာများနှင့်မိုဘိုင်းနည်းဗျူဟာများရှိခြင်းသည် ဆရာများအနေဖြင့် ကျောင်းသားများ၏ ဒီဂျစ်တယ် စွမ်းရည်ကိုသုံး၍ အပြန်အလှန်လေ့လာနိုင်သော အတွေ့အကြုံများကို ဖန်တီး‌ပေးနိုင်ပါသည်။

အနည်းငယ် နက်နဲသည့် STEM ဆိုင်ရာ သဘောတရားများကို ရုပ်ပုံများဖြင့် ရေးဆွဲရှင်းလင်းခြင်း သို့မဟုတ် သင်ထောက်ကူ ပစ္စည်းများဖြင့် လက်တွေ့သင်ကြားခြင်း စသည့် အခြေအနေများတွင် သာမန်စာသင်ခန်းများအနေဖြင့် မည်သို့ ပြင်ဆင် ကြမည်ဆိုတာကို စဉ်းစားဖို့ လာပြီဖြစ်ပါသည်။

မိုဘိုင်းပစ္စည်းများသည်ကျောင်းသားများအတွက် ပညာရေးဆိုင်ရာသင်ကြားမှုနှင့် ပိုမိုထိရောက်သောအတွေ့အကြုံရှိရန်နှင့် ဒီဂျစ်တယ်စွမ်းရည်များနှင့်အတူ analog ကျွမ်းကျင်မှုစွမ်းရည်များတိုးတက်စေရန်အတွက် အကောင်းဆုံးနည်းလမ်းများကို ဖော်ဆောင်‌ပေးထားသည်။

ဥပမာအားဖြင့် Microsoft Surface ကဲ့သို့ သော အက်ပလီကေးရှင်းကို မျက်နှာပြင်ထိတွေ့ ခိုင်းစေလို့ရသော မိုဘိုင်းဖုန်းများတွင် ထည့်သွင်းထားပါက ကျောင်းသားများသည် 3D အက်ပလီကေးရှင်းများ အသုံးပြုထားသကဲ့သို့ လူ့ခန္ဓာဗေဒ ဘာသာရပ်တွင် လူခန္ဓာကိုယ်ကို ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်သည့် အကျိုးသက်ရောက်မှုများ ရှိပါသည်။

၃။ ပူးပေါင်းလေ့လာမှုကိုအာရုံစိုက်‌ပေးပါ။

ဒီဂျစ်တယ် ပေါင်းစပ် ကိရိယာများသည် ယနေ့ဒီဂျစ်တယ်ခေတ် ကျောင်းသားများနှင့် ပညာရေး ပူးပေါင်းသင်ကြား‌ရေးကို အောင်မြင်စွာ သက်သေပြနိုင်ပြီဟု ဆိုနိုင်ပါသည်။

အမေရိကန်နိုင်ငံ Fresno Unified School District မှ ဆရာများသည် သင်ခန်းစာများကို ဒီဂျစ်တယ်နည်းဖြင့် ပူးတွဲသင်ကြားခြင်းက ကျောင်းသားများ ပိုမို စိတ်ပါဝင်စားမှုရှိစေပြီး မကြာခဏ တက်ကြွစွာ ပူးပေါင်းပါဝင်လာကြသည်ကို တွေ့ရှိလာသည် ဟု ဆိုထားပါသည်။

ဒီဂျစ်တယ် နည်းပညာနှင့် အခန်းတွင်းသင်ကြားခြင်း ပူးပေါင်းဆောင်ရွက်မှု နောက်တွင် အွန်လိုင်း အက်ပ်တစ်ခုဖြစ်သည့် Mystery Skype သည် ဆရာများအတွက် ကျောင်းသားများ လေ့ကျင့်ရန်သင်ခန်းစာကို မိိမစိတ်ကြိုက်ပြင်ဆင်နိုင်ပြီး တစ်ကမ္ဘာလုံးတွင်ရှိသော ကျောင်းသားများနှင့် ချိတ်ဆက်ကာ ပညာသင်ကြားပေးနိုင်ပါသည်။

၄။ ပျော်စရာကောင်းတဲ့ပညာရေး ခရီးလမ်းကို မျှော်မှန်းပါ။

အွန်လိုင်းနှင့် ဗီဒီယိုဂိမ်းများသည် ဒီဂျစ်တယ်ဂုရုများ အတွက် လူကြိုက်များသော ဖျော်ဖြေရေး အရင်းအမြစ်များ ဖြစ်ပြီး ဂိမ်း၏ဆွဲဆောင်မှုသည် ကျောင်းသားများကို အခြေခံ နည်းပညာစွမ်းရည်တွေကို တိုးတက်စေပြီး နောက်တဆင့်တက်ရန်အတွက် သင်ယူနိုင်ရန် စိတ်ဝင်စားမှုများကို ဖြစ်စေပါသည်။

ရှေ့ပြေးအတွေးအခေါ်ပညာရှင်များသည်ယခုအခါကျောင်းသားများ၏အာရုံစူးစိုက်မှုကို ရရှိနိုင်ရန် ဆန်းသစ်သော နည်းလမ်းသစ်များကို သုံးပြုလာကြပြီး စာသင်ခန်းတွင်း ဂိမ်းကစားသည့် လှုပ်ရှားမှုများကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီး ဖြစ်ပါသည်။

မလေးရှားရှိ Tun Muhammad Muhammad Fuad Stephens ကျောင်းမှ ကျောင်းသားတစ်ဦးသည် Minecraft ဂိမ်း၏ Education Edition ကိုဆော့ပြီးနောက်တွင် သူ့အနေဖြင့် အခန်းတွင်း အသင်းအဖွဲ့ဖြင့် လုပ်ဆောင်ရသည့် ကိစ္စများတွင် ပို၍ တိုးတက်လာသည့် အကြောင်းကိုလည်း ဝေမျှထားပါသည်။

၅။ သင်ကြားရေးနည်းလမ်းများတွင် လိုက်လျောညီထွေရှိ‌ပေးပါ။

သမားရိုးကျ သင်ကြားရေးနည်းလမ်းများသည် အရင်က အဆင်ပြေ‌သော်လည်း ယခုခေတ် သင်ယူသူများသည် သူတို့၏ သင်ကြားရေး ခရီးတွင် ခေတ်နှင့် လိုက်လျောညီထွေဖြစ်အောင် သင်ကြားရခြင်းကို ပိုပြီး တန်ဖိုးထားလာကြပါသည်။

ရလဒ်အနေဖြင့် ဆရာများသည် စာသင်ခန်းတွင်း ကျောင်းသားများနှင့် အဆက်အသွယ်လုပ်ပုံလုပ်နည်းများကို ပြန်စဉ်စားကြရမည်ဖြစ်ပါသည်။

ဆိုလိုသည်မှာ သတ်မှတ်ထားသောပုံသေ အချိန်ဇယားများနှင့် စာလျှင် ကျောင်းသားအနေဖြင့် ပိုမိုစိတ်ကြိုက်စီမံနိုင်သော နည်းလမ်းများကို ထောက်ပံ့ပေးခြင်းဖြစ်ပါသည်။

OneNote ကဲ့သို့သောကိရိယာများ၏အကူအညီဖြင့် ဆရာများသည်ကျောင်းသားများအား မတူညီသော သင်ကြားမှု အတွေ့အကြုံများဖြင့် လိုက်လျောညီထွေဖြစ်အောင် လေလ့ကျင့်ခန်းများကို ဖန်တီးနိုင်ပြီး အသံနှင့် ဖြစ်စေ၊ ဗီဒီယိုဖြင့် ဖြစ်စေ အပြန်အလှန်ဆက်သွယ်ကာ သင်ကြားနိုင်ပြီဖြစ်ပါသည်။

By Myanmar Education Guide- EDGE

Ref: Microsoft

Latest Post Read 1756 times