ကမ္ဘာပေါ်ရှိ ၄၃ ရာခိုင်နှုန်းသော စာသင်ကျောင်းများတွင် လက်ဆေးရန် လိုအပ်သည့် ပစ္စည်းများမရှိ

လွန်ခဲ့သည့်နှစ်က ကမ္ဘာတစ်ဝန်းတွင်ရှိသည့် ၄၃ ရာခိုင်နှုန်းသော စာသင်ကျောင်းများ၌ လက်ဆေးရန် လိုအပ်သည့် ဆပ်ပြာနှင့် ရေပြတ်လပ်ခဲ့ကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတစ်ရပ်အရ သိရပါတယ်။

အသေးစိတ်သိရှိရန် ပုံကိုထိပါ

No description available.

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေစဉ်တွင် စာသင်ကျောင်းများ ဘေးကင်းလုံခြုံစွာ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အဆိုပါ ပစ္စည်းများ ရရှိထားရန် လိုအပ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

အဆိုပါ အချက်အလက်များ ဖော်ပြထားသည့် အစီရင်ခံစာကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က ပူးတွဲထုတ်ပြန်သည့် အစီရင်ခံစာတွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ယင်း အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းရှိ ကလေးသူငယ် ၈၁၈ သန်းတို့သည် ၎င်းတို့ကျောင်းများ၌ အခြေခံသန့်ရှင်းရေး ဝန်ဆောင်မှုများ မခံစားရကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

၎င်းတို့ အနက် ကလေးငယ် ၂၉၅သန်း သို့မဟုတ် သုံးပုံတစ်ပုံခန့်သည် အာဖရိကတိုက် ဆာဟာရ သဲကန္တာရတောင်ပိုင်းဒေသများ၌ နေထိုင်သူများ ဖြစ်ကြပါတယ်။

သြဂုတ် ၂ ရက်အထိ နိုင်ငံနှင့် နယ်မြေပေါင်း ၁၀၆ ခုတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာသင်ကျောင်းများ ပိတ်ထားရခြင်းကြောင့် လူဦးရေ တစ်ဘီလီယံကျော် တစ်နည်းအားဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ ကျောင်းသားဦးရေ ၆၀ ဒသမ ၅ ရာခိုင်နှုန်းအပေါ် သက်ရောက်မှုရှိနေသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။
ကမ္ဘာတစ်ဝန်းမှ ကလေးသူငယ်များ  ကျောင်းပြန်တက်နိုင်ရန်အတွက် လက်သန့်ရှင်းရေး၊ သန့်ရှင်းသော သောက်သုံးရေနှင့် လုံခြုံစိတ်ချရသော သန့်ရှင်းရေးစနစ်များ အသုံးပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် အရေးကြီးကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါသည်။

Source: The Mirror Daily
 

Latest Post News Read 397 times