ထိုပညာသင်ဆု အစီအစဉ်ကို ၂၀၁၇ ဇန်နဝါရီလအတွင်း စတင်မည်ဖြစ်သည်။
ပညာသင်ဆုကြေးအဖြစ် သင်တန်းသားတစ်ဦးလျှင် ၃၀၀,၀၀၀ ကျပ်ပေးအပ်မည်ဖြစ်သည်။
ပညာသင်ဆုကို သင်တန်းသားအရေအတွက် ၁၀ ဦးကိုသာ ရွေးချယ်၍ ပေးအပ်သွားမည်ဖြစ်သည်။
ပညာသင်ဆုရသည့် သင်တန်းသားများသည် သင်တန်းကာလအတွင်း သတ်မှတ်ထားသော Feature များနှင့် ပြည့်စုံသည့် iOS Application ၂ ခုကို ဖန်တီးရမည် ဖြစ်ပြီး သင်တန်းပြီးဆုံးပါက မိမိအား ပညာသင်ဆု ထောက်ပံ့ပေးသည့် ကုမ္ပဏီတွင် အလုပ်စတင် လုပ်ကိုင်နိုင်မည် ဖြစ်သည်။
ပညာသင်ဆု လျှောက်လွှာများကို ဇန်နဝါရီ ၁၆ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည် ဖြစ်သည်။
စိတ်ပါဝင်စားသော ကျောင်းသား၊ ကျောင်းသူများ (သို့) အလုပ်ရှာဖွေနေသူများ အနေဖြင့် 1shotCV Website/ Application မှ တစ်ဆင့် ပညာသင်ဆု ထောက်ပံ့ထားသော အလုပ်ရှင်များတင်ထားသည့် Post မှတစ်ဆင့် သတ်မှတ်ထားသောရက်အတွင်း လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။
Source: internet journal