မြန်မာကျောင်းသား/သူများအတွက် ပေးအပ်မည့် MBA ပညာသင်ဆု (100% Full Scholarship)

မြန်မာကျောင်းသား/သူများအတွက် ပေးအပ်မည့် MBA ပညာသင်ဆု (100% Full Scholarship)

မြန်မာနိုင်ငံရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်ရေး ရည်ရွယ်ချက်ဖြင့် ကမ္ဘာကျော် Telecom Company ဖြစ်သည့် Telenor Myanmar နှင့် Myanmar Metropolitan College တို့ ပူးပေါင်းပြီး Master of Business Administration – UBIS (University of Business and International Studies - Swiss) ဘွဲ့အတွက် ပညာသင်ဆုကို 100 % Full Scholarship ပေးအပ်သွားမည်ဖြစ်ပါသည်။

ဤအစီအစဉ်ဖြင့် ပညာသင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများသည် ဆွစ်ဇာလန်နိုင်ငံ University of Business and International Studies (Swiss) နဲ့ MMC တို့ ချိတ်ဆက်ထားသည့် MBA ဘွဲ့အပြင် တယ်လီနောမှ ထောက်ပံ့ထားသည့် ဆက်သွယ်ရေးနဲ့ ICT စီမံခန့်ခွဲမှုအထူးပြု MBA ဘွဲ့သင်တန်းများကို လာမည့် စက်တင်ဘာလမှ စတင်ပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားဖြစ်သူ၊ တက္ကသိုလ်ဘွဲ့ကို အဆင့်မြင့်မြင့် အောင်မြင်ထားသူများ လျောက်ထားနိုင်ပြီး ICT ပညာကို အသုံးချ၍ စီးပွားရေး (သို့မဟုတ်) လူမှုရေးလုပ်ငန်းများတွင် တိုးတက်အောင်မြင်အောင် စွမ်းဆောင်ဖို့ စိတ်အားထက်သန်သူများ လာရောက်လျှောက်ထားနိုင်ပါသည်။

တယ်လီနော MBA ပညာသင်ဆုဆိုင်ရာ သတ်မှတ်ချက်များ။

လျှောက်ထားနိုင်သူများ

- မြန်မာနိုင်ငံသားဖြစ်ရမည်။

- ရန်ကုန်တွင် MBA သင်တန်းတက်နိုင်သူဖြစ်ရမည်။

- တက္ကသိုလ်တွင် အမှတ်ကောင်းကောင်းဖြင့် ဘွဲ့ရထားသူဖြစ်ရမည်။

- ICT/နည်းပညာကို အသုံးပြုပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ဖြေရှင်းနည်းများဖြင့် စီးပွားရေးနှင့် လူမှုရေးအဖွဲ့အစည်းများ တိုးတက်ရေးအတွက် စိတ်အားထက်သန်သူ ဖြစ်ရမည်။

- လက်ရှိ Telenor ၀န်ထမ်းများနှင့် MMC ၀န်ထမ်းများ ပါဝင်ခွင့်မရှိပါ။

လျှောက်လွှာဖြည့်ရန် လိုအပ်သည့်အချက်များ

- အွန်လိုင်းလျှောက်လွှာ ပြည့်စုံစွာဖြည့်ပေးရန် ။

- အွန်လိုင်းလျှောက်လွှာဖြည့်ရာတွင် အောက်ပါစာရွက်စာတမ်းများ တစ်ပါတည်းတွဲတင်(Upload) ရပါမည်။ scan ဆွဲပြီးသော်လည်းကောင်း ၊ ဓာတ်ပုံရိုက်၍ သော်လည်းကောင်း အွန်လိုင်းလျှောက်လွှာမဖြည့်ခင် အသင့်ပြင်ထားရပါမည်။ PDF, DOC, DOCX, PNG, JPG, JPEG, GIF files သာ လက်ခံပါသည်။

Upload လုပ်ရမည့် စာရွက်စာတမ်းများ

1. နိုင်ငံသား စိစစ်ရေးကဒ် (ရှေ့ခြမ်း ၊နောက်ခြမ်း)

2. အိမ်ထောင်စုစာရင်း (ရှေ့ခြမ်း ၊နောက်ခြမ်း)

3. ဘွဲ့လက်မှတ်

4. နောက်ဆုံးနှစ် အမှတ်စာရင်း

5. အလုပ်ထောက်ခံစာ (အလုပ်လုပ်ဖူးလျှင်/ လက်ရှိလုပ်ကိုင်နေဆဲဖြစ်လျှင်)

6. လက်ရှိအလုပ်မှ ၀င်ငွေထောက်ခံစာ

7. ကိုယ်ရေးအကျဉ်းပုံစံ

8. အခြားတတ်မြောက်အောင်မြင်ထားသော လက်မှတ်များ

9. ပတ်စပို့စ်အရွယ်ဓာတ်ပုံ

10. “Personal Statement” အား အင်္ဂလိပ်စာဖြင့် စကားလုံး (၃၀၀ မှ ၅၀၀ အတွင်း) ရေးသားဖော်ပြချက် (အောက်ပါအချက်များ ထည့်သွင်းရေးသားရမည်။ Word document ဖြင့် ရေးသားနိုင်ပြီး အွန်လိုင်းလျှောက်လွှာတွင် upload လုပ်ရမည်။)

ဘာကြောင့် တယ်လီနော MBA ပညာသင်ဆုနှင့် သင်ဟာထိုက်တန်တယ်လို့ ထင်သလဲ ။

မိသားစုအကြောင်းနှင့် အခြေအနေ အသေးစိတ်။

သင်ရဲ့အသက်မွေး ၀မ်းကြောင်းရည်မှန်းချက်နှင့် ဒီပညာသင်ဆုကနေ သင့်ရည်မှန်းချက်များကို အထောက်အကူပြုနိုင်မည့်အကြောင်း ။

• MBA သင်တန်းမှရရှိသော အသိပညာဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင်အကျိုး ဘယ်လိုသယ်ပိုးမလဲ။

အမည်နှင့် မှတ်ပုံတင်နံပါတ်ကို စာမျက်နှာထိပ်တွင်ရေးရန်။

ဝင်ခွင့်အဆင့်များ

1. ပညာသင်ဆု လျှောက်လွှာနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို အွန်လိုင်းမှ တစ်ဆင့်ပေးပို့ခြင်း။

2. ၀င်ခွင့်စာမေးပွဲ ဖြေဆိုခြင်း။

3. ပညာသင်ဆု စာမေးပွဲဖြေဆိုခြင်း။

4. ဆန်ကာတင် ရွေးချယ်ခံရသောသူအား တယ်လီနောနှင့် MMC မှလူတွေ့ စစ်ဆေးခြင်း။

5. ရွေးချယ်ခံရသူများအားကြေညာခြင်း။

(တစ်ဆင့်ခြင်းစီအတွက် စကာတင်ရွေးချယ်ခံရသူများကို ကျောင်းမှဆက်သွယ်ပါမည်။)

အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် - ၀၉ ၂၆၃၃၃၄၂၂၃/ ၀၉ ၂၆၃၃၃၄၂၂၄ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: Etekkatho

Local Read 4733 times