တက္ကသိုလ် ၁၀ ခု သို့ တက်ရောက်ရန် ငွေကြေးအခက်အခဲရှိသူများအား အရှင်ဆန္ဒာဓိကက ပညာသင်ဆုပေးမည်

တက္ကသိုလ် ၁၀ ခု သို့ တက်ရောက်ရန် ငွေကြေးအခက်အခဲရှိသူများအား အရှင်ဆန္ဒာဓိကက ပညာသင်ဆုပေးမည်

လာမည့် ဒီဇင်ဘာတွင် ဆေး တက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေးနည်းပညာ တက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ မြန်မာနိုင်ငံရေ ကြောင်းပညာရေးတက္ကသိုလ်၊ သတင်းအချက်အလက် နည်း ပညာတက္ကသိုလ်၊ ရတနာပုံဆိုက် ဘာစီးတီး နည်းပညာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ ယဉ်ကျေးမှုတက္က သိုလ် ပထမနှစ်တက်ရောက်မည့် သူများအနေဖြင့် ၂၀၁၈ ရွှေပါရမီ ပညာသင်ဆုကို ဒီဇင်ဘာ ၂၀ ရက်အထိ လျှောက်ထားနိုင်သည်။

READ - ယခုနှစ်အတွက် နေ့စားလပေးမူလတန်းပြ သုံးသောင်းဝန်းကျင်ခန့်ထားမည် ချက်ချင်းခန့်မည်မဟုတ်ဘဲ သင်တန်းများပေးမည်ဟုဆို

 ‘‘သူတို့ရဲ့ အခက်အခဲကို ဖြေရှင်းပေးတဲ့အနေနဲ့ ပညာသင် ထောက်ပံ့ကြေး ချီးမြှင့်ပေးတာ ဟာ သူတို့ရဲ့ဘ၀တွေကို ပြောင်း လဲပေးလိုက်တာပါပဲ။ တက္ကသိုလ် ဆက်တက်ဖို့ အခက်အခဲကြုံနေ ရတဲ့ ကလေးတွေဟာ ပညာသင် ဆုမရခဲ့ရင် တက္ကသိုလ်ဆက်မ တက်ဖြစ်ဘဲ တခြားလုပ်ငန်းခွင် ရောက်ပြီး ဘ၀တွေတစ်မျိုးတစ် ဖုံ ပြောင်းလဲသွားနိုင်ပါတယ်။ ကျောင်းသားတိုင်းဘ၀ကို ပြောင်း လဲမပေးနိုင်ပေမယ့် ပံ့ပိုးလိုက်တဲ့ ကျောင်းသားရဲ့ ဘ၀ကတော့ သိသိသာသာ ပြောင်းလဲသွားနိုင်ပါ တယ်’’ ဟု ဆရာတော်အရှင် ဆန္ဒာဓိကက ၂၀၁၇ ရွှေပါရမီ ပညာသင်ဆုပေးပွဲတွင် မိန့်ကြား သည်။

လျှောက်ထားသူများကို ဆရာတော်အရှင်ဆန္ဒာဓိကကိုယ် တိုင် လူတွေ့မေးမြန်းခြင်း၊ ကွင်း ဆင်းလေ့လာခြင်းတို့ဖြင့် စနစ် တကျစိစစ်ရွေးချယ်မည်ဖြစ်ပြီး ပညာသင်ဆုအလိုအပ်ဆုံးသူကို ပေးအပ်မည်ဖြစ်ရာ အရေအတွက် ကန့်သတ်ထားခြင်း မရှိကြောင်း ရွှေပါရမီပညာရေးဖောင်ဒေးရှင်း မှ ဦးမြတ်ကိုဟိန်းက ပြောကြား သည်။

ပညာသင်ဆုအဖြစ် ဆေး တက္ကသိုလ်ကျောင်းသားများအ တွက် တစ်လလျှင် ကျပ်ရှစ် သောင်းမှ တစ်သိန်း၊ သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်အတွက် ကျပ်ရှစ်သောင်းမှ ကိုးသောင်း၊ နည်းပညာတက္ကသိုလ်များ အ တွက် ကျပ်ခုနစ်သောင်းမှ ရှစ် သောင်း၊ သူနာပြုတက္ကသိုလ်အ တွက် ကျပ်ငါးသောင်းမှ ခြောက် သောင်း၊ ယဉ်ကျေးမှုတက္ကသိုလ် နှင့် ပညာရေးတက္ကသိုလ်အတွက် တစ်လကျပ်လေးသောင်းမှ ငါး သောင်း ချီးမြှင့်မည်ဖြစ်သည်။

‘‘အိမ်အထိ လိုက်ကြည့်ပြီး ပညာသင်ဆုတကယ်လိုအပ်တဲ့ သူတွေကို စိစစ်ပြီးပေးတာပါ။ ဒီပညာသင်ဆုက ကျွန်တော်တို့ လို အခက်အခဲရှိသူတွေအတွက် တော့ အတော်ထိရောက်ပါတယ်။ နောက်ပြီး ပညာသင်ဆုပေးတာ တင်မကဘဲ တစ်လတစ်ခါဆရာ တော်နဲ့ တွေ့ပြီး ဖတ်ထားတဲ့ စာ တွေအကြောင်း ဆွေးနွေးတာတွေ လုပ်ရတယ်။ စကားပြောရတဲ့အ တွက် ဗဟုသုတလည်း အများကြီး တိုးပါတယ်’’ဟု ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ၂၀၁၇ ရွှေပါရမီ ပညာသင်ဆုရ ကျောင်းသား မောင်ချစ်ကောင်းသီဟက ပြော ကြားသည်။

ပညာသင်ဆုလျှောက်ထား လိုသူများသည် လိုင်စင်ဓာတ်ပုံ သုံးပုံ၊ မိသားစုဓာတ်ပုံနှင့် နေ အိမ်ဓာတ်ပုံ၊ ကိုယ်ရေးအချက် အလက်အပြည့်အစုံ၊ မှတ်ပုံတင် မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ တက္ကသိုလ်ဝင်တန်း အမှတ်စာ ရင်း မိတ္တူ၊ သက်ဆိုင်ရာ တက္က သိုလ်ဝင်ခွင့်မိတ္တူ၊ မိဘအလုပ် အကိုင်နှင့် ၀င်ငွေ၊ ညီအစ်ကို မောင်နှမများ၏ အလုပ်အကိုင်၊ ၀င်ငွေနှင့် ပညာရေး(ဥပမာ-ကျောင်းသားဖြစ်ပါက တက် ရောက်ပညာသင်ကြားနေသည့် အတန်း၊ တက္ကသိုလ်အပြည့်အ စုံ)၊ မိမိကိုယ်တိုင်၊ မိဘ၊ အခြား ယုံကြည်ထိုက်သူတစ်ဦး၊ စုစု ပေါင်းသုံးဦးတို့၏ ပညာသင်ဆု လျှောက်ထားရခြင်းအကြောင်း ရှင်းလင်းတင်ပြချက်(ကိုယ်တိုင် လက်ရေးအသီးသီးဖြင့်)၊ ကျောင်းစာပြင်ပ လှုပ်ရှားမှုနှင့် အောင်မြင် မှုများ(အထောက်အထားမိတ္တူ ဖြင့်)၊ ဘ၀ရည်မှန်းချက်( ကိုယ် တိုင်လက်ရေးဖြင့်)၊ ဆရာတော် အရှင်ဆန္ဒာဓိက၏ စာအုပ်များ ဖတ်ဖူးပါက မည်သည့်စာအုပ်ကို မည်သည့်အတွက်ကြောင့် အနှစ် သက်ဆုံးဖြစ်ကြောင်း နားလည် ခံစားချက်(ကိုယ်တိုင်လက်ရေး ဖြင့်) တို့ကို ရွှေပါရမီပညာရေး ဖောင်ဒေးရှင်း၊ အမှတ် (၆၁) မြေညီထပ်၊ စဥ့်အိုးတန်းလမ်း လသာ မြို့နယ် ရန်ကုန်မြို့သို့ ပေးပို့ လျှောက်ထားရမည် ဖြစ်သည်။

ရွှေပါရမီပညာသင်ဆုကို ၂၀၁၃ က စတင်ချီးမြှင့်ခဲ့ရာ ၂၀၁၇အထိ ကျောင်းသား၊ ကျောင်းသူ ၇၂၅ ဦး ပညာသင်ဆု ရရှိခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

Local Read 4674 times