ရန်ကုန်တက္ကသိုလ်တွင် လက်ရှိလျှောက်ထားနိုင်သည့် ဘွဲ့လွန်ဒီပလိုမာသင်တန်း (၁၀) ခု

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်စာသင်ကြားရေး၊ အသုံးချစိတ်ပညာ၊ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်းတို့အပါအဝင် ဘွဲ့လွန်ဒီပလိုမာသင်တန်း (၁၀) ခုကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရပါသည်။

 

ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများမှာ -

၁။ အင်္ဂလိပ်စာသင်ကြားရေး ဒီပလိုမာသင်တန်း

၂။ အသုံးချစိတ်ပညာ ဒီပလိုမာသင်တန်း

၃။ အသုံးချရူပဗေဒ ဒီပလိုမာသင်တန်း 

၄။ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း

၅။ ကုန်ထုတ်ဓာတုဗေဒ ဒီပလိုမာသင်တန်း

၆။ စာကြည့်တိုက်နှင့် သုတပညာ ဒီပလိုမာသင်တန်း

၇။ မနုသဗေဒ ဒီပလိုမာသင်တန်း

၈။ လူမှုရေးပညာ ဒီပလိုမာသင်တန်း

၉။ ရေသတ္တဝါမွေးမြူရေးဆိုင်ရာ ဒီပလိုမာသင်တန်း

၁၀။ ပေါင်းစပ်အင်းဆက်သိပ္ပံဒီပလိုမာသင်တန်းတို့ ဖြစ်ပါသည်။

 

အထက်ပါ ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို အောက်ပါအရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။

  • ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရပါမည်။
  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများဖြစ်ရပါမည်။
  • အစိုးရဝန်ထမ်းနှင့် အခြားလုပ်ငန်းတွင် အလုပ်လုပ်သူဖြစ်ပါက ဌာန/လုပ်ငန်းဆိုင်ရာ အကြီးအကဲမှ အချိန်ပြည့်တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက်ပါရပါမည်။ 

 

ရေသတ္တဝါမွေးမြူရေးဆိုင်ရာ ဒီပလိုမာသင်တန်းနှင့် ပေါင်းစပ်အင်းဆက်သိပ္ပံဒီပလိုမာသင်တန်းတို့သည် ဇွန်လ (၁) ရက်နေ့တွင့် ဖွင့်လှစ်မည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေရက်များတွင် မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ တက်ရောက်ရပါမည်။

အသေးစိတ်ဖတ်ရှုရန် >> https://www.edge.com.mm/article/diploma-class-university-of-yangon.html

 

ကျန်ရှိနေသည့် ဒီပလိုမာသင်တန်း (၈) ခု၏ သင်တန်းစတင်ဖွင့်လှစ်မည့်ရက်၊ သင်တန်းတက်ရောက်ရမည့် ရက်နှင့် အချိန်၊ သင်တန်းကြေးတို့အပြင် အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာဘာသာရပ်ဌာနများတွင် စုံစမ်းနိုင်ပါသည်။

 

သင်တန်းလျှောက်ထားလိုသူများသည် ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာနှင့် ကျောင်းဆောင်ဌာနများတွင် သတ်မှတ်ထားသည့် လျောက်လွှာပုံစံကို ထုတ်ယူပြီး ၂၀၂၄ ခုနှစ်၊ မေလ (၂၁) ရက်နေ့ (အင်္ဂါနေ့) နောက်ဆုံးထား၍ လူကိုယ်တိုင် သွားရောက်လျှောက်ထားရပါမည်။ 

 

Related Article: ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် စားသောက်ကုန်လုပ်ငန်းအတတ်ပညာ 

>> https://www.edge.com.mm/article/certificate-food-technology.html

 

Latest Post Local News Read 1788 times