ကွန်ပြူတာသုံးတဲ့အခါ ပိုမိုလွယ်ကူမြန်ဆန်စေတဲ့ သိထားသင့်သော Window Shortcut များ

 

 

ကွန်ပြူတာအသုံးပြုတဲ့အခါမှာ သမာရိုးကျသာမာန်နည်းလမ်းအတိုင်းအသုံးပြုပြီး သွားနေတာထက် Window Shortcut Keysလေးတွေကို  သိထားရင် အသုံးပြုတဲ့နေရာမှာ ပိုမိုလွယ်ကူမြန်ဆန်စေမှာပါ။

ဒါကြောင့် ဒီတစ်ခါမှာတော့ မှတ်ရလည်းလွယ် ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း မြန်မြန်ပြီးမြောက်စေမယ့် အသုံးဝင်တဲ့ Window Shortcut Keys လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Window Key + Shortcut ကလည်း Ctrl + Shortcut လိုပါပဲ။ ကီးဘုတ်ပေါ်က တခြားစာလုံးတွေနဲ့ တွဲဖက်ပြီးအသုံးပြုနိုင်ပါတယ်။ ဒါဆို Window Key ကို ဘယ်လိုစာလုံးတွေနဲ့ တွဲဖက်ပြီး ဘယ်နေရာတွေအတွက် အသုံးပြုနိုင်တာလဲ ကြည့်လိုက်ကြရအောင်။

Advertisement

Click Here > SWY Agriculture Production

Win_

Window Key တစ်ခုတည်းဆို Computer Power on/off ခေါ်ချင်တဲ့နေရာမှာ အသုံးပြုနိုင်တာကတော့ လူတိုင်းသိကြမှာပါ။

Win + F1

Windows Help & Support ဖွင့်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။များသောအားဖြင့်တော့ သိပ်မသုံးဖြစ်ကြလောက်ပါဘူး။

Win + C

Charms ဖွင့်တာပါ။ Charms ဆိုတာ ကွန်ပြူတာ စခရင်မ်ရဲ့ ညာဘက်ဘေးမှာ Search, Share, Start, Devices နဲ့ Settings ခလုတ်၅ ခုပါတဲ့ ဘားနဲ့ ကွန်ပျူတာ စခရင် ဘယ်အောက်ထောင့်မှာ အချိန်၊ နေ့စွဲ၊ ရက်၊ ဘက်ထရီနဲ့ အင်တာနက် စတာတွေ ပါတဲ့ အကွက်လေးတွေကို ခေါ်တာပါ။

Win + D 

ဒါကတော့ ကိုယ်ဖွင့်ထားတဲ့ Display Tab တွေ အကုန်လုံးကို တစ်ခါတည်း Hide လုပ်လိုက်တာပါ။ ဆိုလိုတာက ကိုယ်က တစ်ခုခုကို ကြည့်နေတဲ့အချိန် ကိုယ့်အနားကို တစ်ယောက်ယောက်ရောက်လာလို့ သူတို့ကို မမြင်စေချင်ဘူးဆိုရင် Win + Dကိုသာ တစ်ခါတည်း နှိပ်ချလိုက်ပါ။ ကွန်ပြူတာရဲ့ Main Screen ပေါ်ပြန်ရောက်သွားပြီး Tab အားလုံး ခဏပျောက်သွားပါလိမ့်မယ်။ ပြန်ဖွင့်ချင်ရင်လည်း Win + D ကိုပြန်ခေါ်လိုက်ရုံပါပဲ။

Win + E - File Explorer ဖွင့်တဲ့နေရာမှာ အသုံးပြုတာပါ။

Win + F - Search Charm ဖွင့်ပြီး File ရှာတာပါ။

Win + H - Share Charm ဖွင့်တာပါ။

Win + I – Setting Charm ဖွင့်တာပါ။

Win + K – Devices Charm ဖွင့်တာပါ။

Win + L – ကွန်ပျူတာကို Lock ချတာ၊ ဒါမှမဟုတ် User ပြောင်းတာတွေကို ဒီshortcut နဲ့ သုံးလို့ ရပါတယ်။

Win + M – Minimize လုပ်တာပါ။ Minimize လုပ်တာမှ ဖွင့်ထားသမျှ Window အားလုံးကို Minimize လုပ်သွားတာပါ။

Win + P – Presentation Display Mode ရွေးချယ်လို့ရပါတယ်။ Project Charm ပွင့်လာပြီးမှ ရွေးရမှာပါ။

Win + Q – Search ပါ။ ကွန်ပျူတာထဲက ဘယ်ဖိုင်ထဲမှာမဆို သူက ရှာပေးနိုင်ပါတယ်။

Win + R 

Run dialog box ခေါ်တာပါ။ ကွန်ပျူတာအရမ်းလေးနေတာပဲဖြစ်ဖြစ်၊ ဟမ်းနေတာမျိုးပဲဖြစ်ဖြစ် ဒါလေးနှိပ်ပြီး အထဲက Cache တွေကိုရှင်းလို့ရပါတယ်။ အသုံးဝင်တဲ့ထဲမှာပါပါတယ်။

Win + T – Taskbar ပေါ်မှာ ရှိတဲ့ App တွေကို ရွေးချယ်နိုင်ပါတယ်။

Win + U – Ease of Access Center ကို ဖွင့်ပေးတာပါ။

Win + X – Quick Link Menu ကို ဖွင့်ပေးပါတယ်။

 

ဒါဆိုရင်တော့Window Shortcut Keys တွေနဲ့ပတ်သက်ပြီး တော်တော်လေးလည်းစုံစုံလင်လင်သိသွား ပြီလို့မျှော်လင့်ပါတယ်။လက်တွေ့အသုံးချတဲ့နေရာမှာလည်း အဆင်ပြေပြေဖြစ်စေဖို့ မျှော်လင့်ပါတယ်။

 

Knowledge Latest Post Read 1189 times