Sales Hotline : 09448001653       Download App



အခမဲ့ သင်ကြားပေးမည့် (၃) လတာ Web Development Foundation သင်တန်း

Data Land Technology မှ အခမဲ့ တက်ရောက်နိုင်မည့် Web Development Foundation - Batch 10 အတွက် သင်တန်းသားများ ခေါ်ယူလျက် ရှိသည်။ အဆိုပါ သင်တန်းကို လာမည့် နိုဝင်ဘာလ (၆) ရက်နေ့တွင် စတင် ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းကာလမှာ (၃) လ ကြာမြင့်မည် ဖြစ်သည်။ 

 

Web Development Foundation အတွက် သင်တန်းကြေးမှာ 100% Free ဖြစ်ပြီး စာအုပ်ကြေးနှင့် Member ကြေးများလည်း ပေးဆောင်ရန် မလိုအပ်ကြောင်း သိရသည်။ 

 

သင်ကြားပေးမည်များ

  • HTML 5
  • CSS 3
  • JavaScript (Basic + Intermediate)
  • Bootstrap 5
  • jQuery (Introduction)
  • Third_Party Libraries
  • Github

 

အထက်ပါ ဘာသာရပ်များအား အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် တစ်ပတ် (၄) ရက်ဖြင့် သင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းချိန်မှာ ညနေ (၇:၃၀) နာရီမှ (၉:၁၅) နာရီအထိ ဖြစ်သည်။


 

Advertisement

Click Here > Mega Global Green

 

Programming သင်ခန်းစာဖြစ်သည့်အတွက် Laptop (သို့) Desktop ရှိရန် လိုအပ်ပြီး Computer စာစီစာရိုက်နှင့် Computer အခြေခံအသုံးပြုနည်းကို သိရှိ နားလည်ပြီးသူ ဖြစ်ရမည် ဖြစ်သည်။

 

Web Development ကို အခြေခံကျကျ စနစ်တကျ ကျွမ်းကျင် တတ်မြောက်လိုသူများ၊ Web Development ကို စိတ်အားထက်သန်စွာ လေ့လာ သင်ယူချင်စိတ်ရှိသူများနှင့် Web Development ကို အကြမ်းဖျင်းသိထားပြီး စနစ်တကျ မဖြစ်ထားသဖြင့် ရှေ့ဆက်ရန် အခက်အခဲရှိ နေသူများ တက်ရောက်နိုင်သည်။

 

အဆိုပါသင်တန်းအား Zoom Application ကို အသုံးပြု၍ သင်ကြားပေးသွားမည် ဖြစ်ကာ LIVE Code ဖြင့် ကိုယ်တိုင် Codes တစ်ကြောင်းချင်းဆီကို Trainer နှင့် အတူတကွ သင်ယူရင်း လိုက်ရေးသွားရမည် ဖြစ်သည်။

 

တက်ရောက်လိုသူများအနေဖြင့် အောက်ဖော်ပြပါ Page Messenger တွင်…

  • Full Name :

  • Gender :  

  • Age :

  • City : ကို ပေးပို့ရမည် ဖြစ်သည်။

 

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန်

ဖုန်း - 09 4220 42225 

https://www.facebook.com/datalandtechnology

Latest Post Local News Vocational Read 1352 times