Sales Hotline : 09448001653       Download App



ထိုင်းနိုင်ငံ URU တက္ကသိုလ်မှာ ပညာသင်ဆုအပြည့်နဲ့ ကျောင်းတက်မယ်

 

ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံအခြေစိုက် Ubon Ratchathani University (URU) တက္ကသိုလ်မှာ ဘွဲ့မရသေးတဲ့ ကျောင်းသားတွေအတွက် ပညာတော်သင်ဆု လျှောက်ထားနိုင်တဲ့ အခွင့်အရေးတွေ ထပ်မံ ရောက်ရှိလာပါပြီ။

 

URU တက္ကသိုလ်ကနေ နိုင်ငံတကာကျောင်းသားတွေအတွက် ရည်ရွယ်ပေးအပ်ထားတဲ့ ဒီပညာတော်သင်ဆုဟာဆိုရင် စိုက်ပျိုးရေး၊ သိပ္ပံတွဲဘာသာရပ်များ၊၊  စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် ဘာသာစကားပိုင်းဆိုင်ရာ စိတ်ဝင်စားတဲ့ Undergraduate လူငယ်တွေအတွက် တကယ့်ကို မဟာအခွင့်အရေးပါပဲ။ 

 

ဒါ့အပြင် ပညာတော်သင်ဆုအနေနဲ့လည်း ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ပေးအပ်မှာတွေ ပါဝင်လို့ ထူးချွန်တဲ့ ကျောင်းသား/သူတွေအနေနဲ့ လျှောက်ကြည့်သင့်ပါတယ်။ 

 

လျှောက်ထားနိုင်တဲ့ Program တွေကို အောက်အသေးစိတ်ဖော်ပြပေးထားပါတယ်_


 

  1. Agriculture                

  • B.Sc. (Agriculture)

 
  • B.Sc. (Food Technology)

  1. Business School

  • B.B.A (International Business Management) (English Program)

  1. Liberal Arts

  • B.A (English & Communication)

 
  • B.A (English for Digital Age Business) (English Program)

  1. Science 

  • B.Sc. (Biology)    

 
  • B.Sc. (Chemistry)

 
  • B.Sc. (Environmental Studies)

 
  • B.Sc. (Mathematics)

 
  • B.Sc. (Biomedical Physics)

 
  • B.Sc. (Data Science and Software Innovation)

 
  • B.Sc. (Information and Communication Technology)

 
  • B.Sc. (Microbiology)

 
  • B.Sc. (Occupational Health and Safety)

 
  • B.Sc. (Rubber and Polymer Technology)


 

ပညာတော်ဆုအနေနဲ့ ထောက်ပံ့ပေးမယ့် အကျိုးကျေးဇူးတွေကတော့ Agriculture, Science နှင့် Liberal Arts ဘာသာရပ်တွေအတွက် ကျောင်းစရိတ် ၁၀၀ ရာခိုင်နှုန်းဖြစ်ပြီး Business ပိုင်းဆိုင်ရာ ဘာသာရပ်အတွက်ကတော့ ၅၀ ရာခိုင်နှုန်း ထောက်ပံ့ပေးမှာပါ။ ဒါ့အပြင် နေထိုင်စရိတ်၊ နှစ်စဥ်ဗီဇာကြေး၊ International Student Fees တွေပါ Cover လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ 

 

စိတ်ဝင်စားလို့ လျှောက်ထားချင်တယ်ဆိုရင်တော့ ပညာအရည်အချင်း ကန့်သတ်ချက်တွေကို အောက်မှာ ဆက်ကြည့်ပါ_

 

  • လျှောက်ထားသူသည် ထိုင်းနိုင်ငံသား (သို့) ထိုင်းနိုင်ငံ မှတ်ပုံတင် ကိုင်ဆောင်ထားသူ မဖြစ်ရ။

  • လျှောက်ထားသူသည် ထိုင်းနိုင်ငံ (သို့) အမေရိကန် (သို့) ဗြိတိန် ပညာရေးစနစ်တစ်ခုခုနဲ့ ကိုက်ညီတဲ့ အထက်တန်းကျောင်း ပြီးထားသည့်လက်မှတ် (High School Certificate) ကိုင်ဆောင်ထားသူ ဖြစ်ရပါမည်။ 

  • လျှောက်ထားသူသည် အထက်တန်းကျောင်းမှ GPA ရရှိထားသူ (သို့) အနည်းဆုံးရမှတ် 3.00 ရရှိထားသူ ဖြစ်ရမည်။

  • English Proficiency အနေနဲ့ TOEFL, TOEIC, IELTS တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။

 

လျှောက်ထားရမယ့် ဖောင်ကိုတော့ အောက်ဖော်ပြပါ လင့်ခ်ကနေတစ်ဆင့် Download ရယူပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေပါ Attached လုပ်ပြီး ကိုယ်လျှောက်ထားချင်တဲ့ Program တစ်ခုကို ရွေးချယ်ကာ [email protected] သို့ မေးလ်ပေးပို့ပြီး လျှောက်ထားနိုင်ပါတယ်။ နောက်ဆုံးလျှေက်ထားရမယ့် ရက်ကတော့ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ပါ။

 

Application Form ရယူရန် 

> https://bit.ly/3HGeFwi

 

Selection Process ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်_

  1. လျှောက်လွှာလက်ခံမည့်ရက် (Application Acceptance   (1-31 March 2023))

  2. ပထမအဆင့်ရွေးချယ်ခံရသူများကြေညာမည့်ရက် (Announcement of eligible candidates   (12 April 2023))

  3. လူတွေ့စစ်ဆေးမှု (Examination/Interview   (17-21 April 2023))

  4. နောက်ဆုံးအဆင့်ရွေးချယ်ခံရသူများကြေညာမည့်ရက် (Announcement of Successful Applicants   (24 April 2023))

  5. ကျောင်းအပ်လက်ခံရန် အတည်ပြုမည့်ရက် (Confirmation of intent to enroll   (24-30 April 2023))


အသေးစိတ်အချက်အလက်တွေကို ဝင်ရောက်ဖတ်ရှုချင်တယ်ဆိုရင်တော့ URU တက္ကသိုလ်ရဲ့ Official Scholarship Announcement Post ဖြစ်တဲ့ https://bit.ly/3kJrxbZ မှာ ဝင်ရောက် ဖတ်ရှု လေ့လာနိုင်သလို [email protected] သို့လည်း မေးလ်နဲ့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်။

Latest Post International Read 959 times