အမေရိကန်နိုင်ငံ University of Kansas မှပညာသင်ဆုပေးအပ်မည်

**Zawgyi**




Read More:>>>  အစိုးစစ် စာမေးပွဲများပြီးမှသာ ကျန်အတန်းများဖြေဆိုမည်


Chemical Engineering
Civil Engineering
Computer Engineering
Engineering Physics

Read More:>>>  အဝေးသင်ဝင်ခွင့်များ (၉-၁၂-၂၀၁၉) (တနင်္လာနေ့)တွင်ထွက်မည်ဟုသိရ



Cerdit: Internet

**Unicode**

အမေရိကန်နိုင်ငံရှိ Association of American Universities (AAU) စာရင်းဝင် University of Kansas မှ အင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်တွေကို ပညာသင်ဆုနဲ့ တက်ရောက်နိုင်မယ်လို့ AT&S Co,Ltd မှသိရပါတယ်။


အမေရိကန်နိုင်ငံတက္ကသိုလ်များအသင်း (AAU) မှာ Harvard, MIT, Stanford ကဲ့သို့ ထိပ်တန်းတက္ကသိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း၊ University of Kansas ဟာ Association of American Universities (AAU) စာရင်းဝင် ပြည်သူပိုင်တက္ကသိုလ် (၃၄) ကျောင်းမှာတစ်ကျောင်းပါဝင်ဖြစ်ပြီး Lawrence မြို့ Kansas ပြည်နယ် မှာတည်ရှိတယ်လို့ သိရပါတယ်။

Read More:>>>  အစိုးစစ် စာမေးပွဲများပြီးမှသာ ကျန်အတန်းများဖြေဆိုမည်


အင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်ကို အထူးစိတ်ဝင်စားပြီး တီထွင်ဖန်တီးမှု ပြုလုပ်လိုသူများ တက်ရောက်ရန် သင့်လျော်တဲ့ ထိပ်တန်းသုတေသန တက္ကသိုလ်တစ်ခုဖြစ်ပြီး
 Aerospace Engineering
Architectural Engineering
Chemical Engineering
Civil Engineering
Computer Engineering
Electrical Engineering 
Engineering Physics
Information Technology Mechanical Engineering
Petroleum Engineering စတဲ့ အင်ဂျင်နီယာဘာသာရပ်တွေအပြင် ဘာသာရပ်ပေါင်း (၁၉၀) ကျော်ကို ကုန်ကျစရိတ်သက်သာစွာဖြင့်တက်ရောက်သင်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Read More:>>>  အဝေးသင်ဝင်ခွင့်များ (၉-၁၂-၂၀၁၉) (တနင်္လာနေ့)တွင်ထွက်မည်ဟုသိရ


မြန်မာနိုင်ငံမှ အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူများ၊ IGCSE အောင်မြင်ထားသူများနဲ့ အပြည်ပြည်ဆိုင်ရာ (၁၂) တန်းအောင်မြင်ပြီးသူတွေဟာ ကျောင်းဝင်ခွင့်၊ ကျောင်းလျှောကထားခြင်းနဲ့ ပညာသင်ဆုလျှောက်ထားခြင်းတွေကို AT&S (နိုင်ငံတကာတက္ကသိုလ် ပညာရေးဝန်ဆောင်မှု ကုမ္ပဏီ) အဆောင် (၅) ၊ အခန်း(၄) ၊ မြန်မာအင်ဖိုတက်(ခ်)၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် ၀၁-၆၅၂၃၂၀၊ ၀၉-၇၉၉၅၉၅၉၄၉၊ ၀၉-၅၀၆၂၁၆၁၊ ၀၉-၇၇၇၂၂၃၂၂၅ ကိုစုံစမ်းမေးမြန်းနိုင်ပါတယ်။

Cerdit: Internet  

International Latest Post Read 679 times