Sales Hotline : 09448001653       Download App



နိုင်ငံရပ်ခြားမှာ ကျောင်းဆက်တက်ပြီး ပညာသင်ကြားလိုသူတိုင်း သိထားရမည့် TOEFL Test

 

 

ဒီတစ်ခေါက်မှာတော့ ပညာတော်သင်ဆုတွေ စိတ်ဝင်စားတဲ့လူငယ်တွေ၊ အထက်တန်းအောင်မြင်ပြီး နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ အစီအစဥ် ရှိတဲ့သူတွေ၊ မာစတာတန်းကို သွားတက်ပါမယ်ဆိုတဲ့ ကိုကိုမမတွေအတွက် ကျောင်းတက်တဲ့အခါ တက္ကသိုလ် တော်တော်များများမှာ လိုအပ်တဲ့ TOEFL Test အကြောင်းကို ပြောပြပေးချင်ပါတယ်။

 

TOEFL ရဲ့ အရှည်ကတော့ Test of English as a Foreign Language ဖြစ်ပြီး အမေရိကန်နိုင်ငံ အခြေစိုက် စာစစ်ဌာနတစ်ခုဖြစ်တဲ့ ETS (Educational Testing Service) က စစ်ပေးတဲ့ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတစ်ခု ဖြစ်ပါတယ်။

 

အင်္ဂလိပ်စာဘာသာစကားကို မိခင်ဘာသာစကားအဖြစ် မသုံးစွဲကြတဲ့ ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံသားများအတွက် နိုင်ငံခြားကျောင်းများ အထူးသဖြင့် ဥရောပနိုင်ငံများမှ တက္ကသိုလ်များ၊ ကောလိပ်များကို လျှောက်ထားရာမှာ အင်္ဂလိပ်စာ ဘာသာစကားစွမ်းရည် ဘယ်လောက်ပြည့်မီလဲဆိုတာကို တိုင်းတာပေးတဲ့ အရည်အချင်းစစ် စာမေးပွဲဆိုရင်လည်း မမှားပါဘူး။

 

လက်ရှိကမ္ဘာတစ်ဝှမ်းမှာ TOEFL Test နဲ့ ကျောင်းလျှောက်လို့ရတဲ့ နိုင်ငံပေါင်း ၁၉၀ ကျော်ရှိထားပြီး တက္ကသိုလ် အရေအတွက်အားဖြင့် ကျောင်းပေါင်း ၁၁,၀၀၀ ကျော်က လက်ခံ အသိအမှတ်ပြုထားပါတယ်။  ၁၉၆၄ ခုနှစ်ကတည်းက သတ်မှတ်စစ်ဆေးခဲ့တဲ့ TOEFL Test ဟာ အခုဆိုရင် နှစ်ပေါင်း ၅၉ နှစ်တိုင်အောင်ရှိနေပြီ ဖြစ်ပြီး တစ်နှစ်ကို နိုင်ငံတကာမှ ကျောင်းသားအရေအတွက်စုစုပေါင်း ၂.၃သန်းနီးပါး ဝင်ရောက်ဖြေဆိုကြပါတယ်။

 

နိုင်ငံပေါင်း ၁၉၀ ကျော်မှာ TOEFL Test ကို တရားဝင်စစ်ဆေးပေးတဲ့ စာစစ်ဌာနပေါင်း ၄၅၀၀ ကျော်ရှိပါတယ်။ ဒီတော့ ကိုယ်က နိုင်ငံခြားကျောင်း လျှောက်မယ်လို့ စိတ်ကူးရှိရင် ဖြေထားတာမမှားပါဘူး။ တစ်နည်းအားဖြင့် ပြောရရင်တော့ IELTS Test လိုမျိုးပါ။ 

Advertisement 

Click Here > Winpex Blind

 

TOEFL မှာ ဖြေဆိုနည်း (၃) မျိုးရှိပါတယ်။ အောက်မှာ ဖော်ပြပေးထားပါတယ်_

 

  1. Paper-Based Test 

 

ဒါကတော့ TOEFL က တရားဝင်အသိအမှတ်ပြုထားတဲ့ Official Approved Exam Center တွေရှိတဲ့ နေရာများမှာသာ ဖြေဆိုလို့ ရမှာပါ။ ရမှတ် သက်တမ်းအနေနဲ့ စာမေးပွဲဖြေဆိုတဲ့ နေ့ကစပြီး (၂) နှစ်အကျုံးဝင်ပါတယ်။ Paper-Based Test မှာဖြေဆိုရမယ့် အပိုင်း ၄ ပိုင်း ပါဝင်ပါတယ်။ Listening, Structure with Written Expression, Reading Comprehension နဲ့ Writing တို့ပဲ ဖြစ်ပါတယ်။ 

 

Listening မှာအပိုင်း (၃) ပိုင်း ပြန်ခွဲထားပါတယ်။ စကားပြောအတိုလေးတွေကို နားထောင်ပြီးဖြေရတဲ့ မေးခွန်းအခု (၃၀) ကတစ်ပိုင်း၊ စကားပြောအရှည်ကြီးတွေကို နားထောင်ပြီး ဖြေရတဲ့ မေးခွန်း (၈)ခု ပါတာက တစ်ပိုင်း၊ နောက်ဆုံးပိုင်းကတော့ အရှေ့က ဆရာကပြောတာကို နားထောင်ပြီး မေးခွန်း (၁၂) ခုကို ဖြေဆိုရတာပါ။ အချိန်အားဖြင့် သုံးပိုင်းစလုံးအတွက် မိနစ် ၃၀ မှ ၄၀ ကြား ပေးထားပါတယ်။

 

Structure with Written Expressionအပိုင်းမှာတော့ စာကြောင်းတွေ မှန်မှန်ကန်ကန် ဖြည့်စွက်ရမယ့် လေ့ကျင့်ခန်း ၁၅ ခုနဲ့ အမှားအမှန်ကို ခွဲခြားသတ်မှတ်ရတဲ့ လေ့ကျင့်ခန်း (၂၅) ခုပါရှိပါတယ်။ အချိန် ၂၅ မိနစ် ရရှိမှာပါ။

 

Reading Comprehension မှာ စာပိုဒ်ရှည်ကြီးတွေကို ဖတ်ပြီး မေးခွန်းအခု (၅၀) ဖြေဆိုရမှာ ဖြစ်ပြီးတော့ Writing အပိုင်းမှာတော့ ပျှမ်းမျှအားဖြင့် စာလုံးရေ ၂၅၀ မှ ၃၀၀ ပါဝင်တဲ့ စာစီစာကုံး ရေးရမှာပါ။ Reading Comprehension အတွက် အချိန် ၅၅ မိနစ်၊ Writing အတွက် မိနစ် (၃၀) ရရှိမှာပါ။

 

  1. Internet-Based Test (IBT)

 

IBT Test မှာ Reading, Listening, Speaking နဲ့ Writing ဆိုပြီး အပိုင်း (၄) ပိုင်း ပါဝင်ပါတယ်။ Reading Section မှာ စာလုံးရေ ၇၀၀ လောက်ရှိတဲ့ စာပိုဒ်မျိုး ၃၊ ၄ ပိုဒ် ပါရှိပြီး တစ်ပိုဒ်ကို မေးခွန်း ၁၀ ခု ပါရှိမှာပါ။ ပညာရပ်ပိုင်းနှင့် သက်ဆိုင်တဲ့ အကြောင်းအရာမျိုးတွေ အများအားဖြင့် မေးတတ်ပါတယ်။ 

 

အကြောင်းတရား၊ အကျိုးသက်ရောက်မှု၊ နှိုင်းယှဥ်ချက်၊ အငြင်းစတဲ့ သက်ဆိုင်ရာ ဝေါဟာရတွေကို ကောင်းစွာ နားလည် သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ အဖြေကို အတိအကျကြီး ဖြေဖို့မလိုအပ်ဘဲ ကျောင်းသားတွေရဲ့ စိတ်ကူး၊ စဥ်းစားတွေခေါ်ပုံ၊ ကောက်ချက်ချမှု ကောင်းကောင်းနှင့် အဖြေကို အသေးစိတ်ဖြေပေးရန်ပဲ လိုအပ်ပါတယ်။

 

Listening အပိုင်းမှာဆိုရင် ပထမဆုံး စကားပြော ၃ ခုကို နားထောင်ပြီး တစ်ခုချင်းစီအတွက် မေးခွန်း ၅ ခုစီဖြေရပါမယ်။ ဒုတိယပိုင်းအနေနဲ့ အရှေ့က ဆရာ ၃ ယောက်မှ ၄ ယောက် ပြောတာကို နားထောင်ပြီး စကားပြောတစ်ခုချင်းစီအတွက် မေးခွန်း ၆ ခု ဖြေဆိုရမှာပါ။ ဖွင့်ပြမယ့် စကားပြော တစ်ခုချင်းစီအတွက် အချိန် ၃ မိနစ်စီ ရရှိမှာဖြစ်ပြီး ဆရာပြောတာကို နားထောင်ဖြေဆိုဖို့အတွက် အချိန် ၅ မိနစ် ရရှိပါမယ်။ 

 

Listening Test အားလုံးအတွက် နားထောင်ရန် တစ်ခါပဲ အခွင့်အရေး ရမှာဖြစ်တဲ့အတွက် သေသေချာချာ အာရုံစူးစိုက်ပြီး နားထောင်ဖို့ လိုအပ်ပါတယ်။ Listening Test ဖြေဆိုဖို့ နားထောင်တဲ့အချိန်မှာ မှတ်စုတိုလေးတွေ လိုက်မှတ်ထားခြင်းက ဖြေတဲ့အချိန်မှာ လုံးဝအထောက်အကူ ရရှိစေမှာပါ။ 

 

Speaking Section မှာ Task ၄ ခု ဖြေဆိုရပါမယ်။ Task 1 ကို Independent Task လို့ ခေါ်ပြီး Task 2,3,4 ကိုတော့ Integrated Task လို့ ခေါ်ပါတယ်။ Task 1 မှာဆိုရင် စာမေးပွဲဖြေဆိုသူများနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ အကြောင်းအရာများအတွက် ထင်မြင်ချက် မေးခွန်းတွေကို ဖြေဆိုရမှာပါ။ ကျောင်းသားများရဲ့ အတွေးအမြင် ရှင်းရှင်းလင်းလင်းနဲ့ လိုက်လျောညီထွေစွာ ပြောဆိုနိုင်မှုအပေါ် အကဲဖြတ်ပါတယ်။

 

Task 2 နဲ့ 4 ကတော့ ဖြေဆိုသူများအနေဖြင့် စာပိုဒ်တိုလေးတစ်ပိုဒ်ကို ဖတ်ပြီး ပညာရပ်ဆိုင်ရာ ပို့ချချက် ဒါမှမဟုတ် တက္ကသိုလ်ကျောင်းသားဘဝ စတဲ့ အကြောင်းအရာတွေကို နားထောင်ပြီး သင့်တော်တဲ့ အချက်အလက်တွေကို ပေါင်းစပ်ပြီး မေးခွန်းတစ်ခုကို ဖြေဆိုရမှာပါ။ Task 3 လည်း ထိုနည်းတူပါပဲ။ ပညာရပ်ဆိုင်ရာ သင်တန်းပို့ချချက်အကြောင်းကို နားထောင်ပြီး ကြားရတဲ့ အကြောင်းအရာနဲ့ပတ်သက်တဲ့ မေးခွန်းများကို ဖြေကြားပေးရမှာ ဖြစ်ပါတယ်။

 

Writing Section ကတော့ ပညာရပ်ဆိုင်ရာ သတ်မှတ်ချက်များမှာ ဖြေဆိုသူအနေနဲ့ ဘယ်လောက် အရေးအသားစွမ်းရည် ကောင်းမွန်ကြောင်းကို တိုင်းတာ သတ်မှတ်တာပါ။ ဖြေဆိုချိန်တွေနဲ့ ပတ်သက်ပြီး အောက်မှာ အသေးစိတ် ဖော်ပြပေးထားပါတယ်။

 

Task

Description

Approximate time

Reading

3-4 Passages, Each containing 10 Questions

54–72 Minutes

Listening 

5-7 Passages, Each containing 5-6 Questions

54–72 Minutes

Break

Mandatory Break

10 Minutes

Speaking 

4 Tasks

17 Minutes

Writing 

2 Tasks

50 Minutes


 

  1. Computer-Based Test

 

ဒီ Test ကတော့ အခုနောက်ပိုင်း သိပ်မသုံးကြတော့ပါဘူး။ Computer-based Test နေရာမှာ တွင်တွင်ကျယ်ကျယ် အစားထိုး ဖြေဆိုလာကြတာကတော့ Internet-Based Test (IBT) ပဲ ဖြစ်ပါတယ်။

 

Test Center အထိ မသွားချင်တဲ့သူတွေအတွက် IBT Test က ပိုအဆင်ပြေပါတယ်။ TOEFL Test Exam Fees မှာ (USD 185 - 250) မြန်မာငွေအားဖြင့် ၃ သိန်းမှ ၆ သိန်းကြား ရှိပါတယ်။ ဖြေဆိုချိန်စုစုပေါင်း ၃ နာရီကျော် ကြာမြင့်မှာဖြစ်ပြီး Band Score ကိုတော့ ၀ ကနေ ၁၁၀ ကြား သတ်မှတ်ထားပါတယ်။ 

 

ဖြေဆိုထားတဲ့ ရလာဒ်တွေကိုတော့ ဖြေဆိုပြီး ၂ ပတ်အကြာမှာ သိရှိရမှာပါ။ အပေါ်မှာ ပြောခဲ့သလိုပဲ TOEFL Result က IELTS လိုပဲ ၂ နှစ်အထိ အကျုံးဝင်ပါတယ်။ စာမေးပွဲ ဖြေဆိုချင်တယ်ဆိုရင်တော့ ETS ရဲ့ Official Website မှာ အကောင့်ဖွင့်ပြီး Exam Registration လုပ်လို့ ရပါတယ်။

 

ETS Official Website 

> https://bit.ly/3Z0POZP

 

ဒီလောက်ဆိုရင်တော့ TOEFL အကြောင်းလည်း တော်တော်လေး နှံ့စပ်သွားပြီမို့ ဖြေဆိုမယ့် ကျောင်းသား/သူတိုင်း အဆင်ပြေကြဖို့ မျှော်လင့်ပါတယ်။ 

 

Knowledge Latest Post University / College International Read 851 times