အမေရိကန်အင်္ဂလိပ်စာသင်ခန်းစာ အစီအစဉ်ကဖိတ်ခေါ်ပါတယ်။ “Teacher Development Series 9” အစီအစဉ်ကို ဒီဇင်ဘာ ၂ ရက်အထိ တစ်ပတ်ခြား ဗုဒ္ဓဟူးနေ့တိုင်း မြန်မာစံတော်ချိန် ညနေ ၆:၃၀ ကနေ ၇:၃၀ အထိတစ်ကြိမ်နဲ့ ည ၁၁:၃၀ ကနေ ၁၂:၃၀ အထိ တစ်ကြိမ် နှစ်ကြိမ်ထုတ်လွှင့်တင်ဆက်သွားတော့မှာပါ။
ဒီအမေရိကန်အင်္ဂလိပ်စာသင်ခန်းစာ ဝက်ဘီနာ ဖေ့စ်ဘွတ်ခ် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးနဲ့ ယဉ်ကျေးမှုရေားရာဗျူရို အင်္ဂလိပ်ဘာသာစကားအစီအစဉ်က စီစဉ်ပြုလုပ်တာဖြစ်ပါတယ်။
အင်္ဂလိပ်စာသင်တဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ ဆရာ၊ ဆရာမတို့ရဲ့ အသိပညာတွေ၊ သင်ကြားရေးနည်းစနစ်တွေပိုပြီး တိုးတက်ကောင်းမွန်လိုပါသလား။ ကမ္ဘာတစ်ဝန်းက အင်္ဂလိပ်စာဆရာ၊ ဆရာမတွေအတွက် ဒီကျွမ်းကျင်မှုပညာသင်တန်းကနေပြီး ကျောင်းသူ၊ ကျောင်းသားဗဟိုပြု ပို့ချမှုမှာ ကျောင်းသားနဲ့ ဆရာ၊ ဆရာမအကြား အပြန်အလှန်ထိတွေ့ သင်ကြားသင်ယူနိုင်တဲ့ သင်ကြားရေးနည်းစနစ်ဆိုင်ရာ အကြောင်းအရာတွေကို ပို့ချပေးမှာဖြစ်ပါတယ်။ ဒီသင်ခန်းစာတွေကိုလေ့လာနိုင်ဖို့အတွက် ဆရာ၊ ဆရာမ များအတွက် အမေရိကန် အင်္ဂလိပ်ဘာသာစကားသင်ခန်းစာ ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်တဲ့ American English for Educators ကနေဝင်ရောက်လေ့လာရမှာပါ။
သင်ခန်းစာအစီအစဉ်တစ်ခုချင်းစီပြီးမြောက်တိုင်း ဝင်ရောက်လေ့လာသင်ယူပြီးကြောင်း စစ်ဆေးအတည်ပြုထားတဲ့ ဒစ်ဂျစ်တယ်စနစ်နဲ့အသိအမှတ်ပြုထားတာကိုရရှိမှာပါ။ သင်ခန်းစာ (၆) ကြိမ်မှာ (၄) ကြိမ်တက်ရောက်ခဲ့သူတွေကို အမေရိကန်သံရုံးကနေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။
တက်ရောက်လိုသူတွေအနေနဲ့ စာရင်းပေးသွင်းထားဖို့ အကြံပြုပါတယ်။ သို့မှသာလျှင် စာရင်းပေးသွင်းထားသူတွေအနေနဲ့ သတိပေးနှိုးဆော်တဲ့ အီးမေးလ်တွေနဲ့ သင်ခန်းအတွက်လိုအပ်သလိုပြင်ဆင်ရမှာတွေကို လက်ခံရရှိမှာဖြစ်ပါတယ်။
ဒီလင့် >>> Register here <<< ကတစ်ဆင့်စာရင်းပေးသွင်းရမှာပါ။