ဆယ်ကျော်သက်တွေအတွက် လိုအပ်တဲ့ Skills တွေကို Free သင်ပေးမယ့် Program

 

ဆယ်ကျော်သက်အရွယ်တည်းကစပြီး အနာဂတ်မှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရရှိဖို့နဲ့ ဘ၀မှာ ကြံ့ကြံ့ခိုင် ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ Hard Skills နဲ့ Soft Skills တွေကို သင်ယူထားသင့်ပါတယ်။ သင်တန်းတစ်ခုချင်းစီကို အပြင်မှာ ပိုက်ဆံပေးပြီး တက်မယ်ဆိုရင် အကုန်အကျတွေ များနိုင်တာမို့ တစ်နေရာတည်းမှာ Life နဲ့ Career အတွက် လိုအပ်တဲ့ Skills တွေကို သင်ကြားပေးမယ့် Free Program လေးတစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။

 

MYEO နဲ့ UNESCO တို့ပူးပေါင်းပြုလုပ်တဲ့ "Youth Skills Development Program" မှာ လူငယ်တွေရဲ့ ဘဝတစ်လျှောက်လုံးနဲ့ Career အတွက်ပါ အသုံးချလို့ရမယ့် Skills Development တွေအကုန်ကို အခမဲ့ သင်ပေးသွားမှာဖြစ်ပါတယ်။ အသက်အရွယ်ကန့်သတ်ချက်ကတော့ အသက် (၁၃) နှစ်ကနေ (၁၈) အတွင်း ညီငယ်၊ ညီမငယ်တွေသာ တက်ရောက်နိုင်ပါတယ်။ 

 

ဘယ်သူတွေ တက်ရောက်သင့်လဲ?

- အသက် (၁၃) နှစ်ကနေ (၁၈) အတွင်းလူငယ်တွေ

- တက္ကသိုလ်မတက်ခင် အမြင်ကျယ်ပြီး အတွေ့အကြုံလိုချင်သူတွေ

- ၂၁ ရာစုမှာ မပါမဖြစ် အရေးပါတဲ့ Digital Skills ကို သင်ယူချင်သူတွေ

- ဘ၀မှာလိုအပ်တဲ့ Soft Skills တွေကို လိုချင်သူတွေ

- အနာဂတ်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရှာဖွေချင်သူတွေ
 

Program မှာ ဘာတွေသင်ရမလဲဆိုရင် - 

- ၂၁ ရာစုမှာ မရှိမဖြစ်လိုအပ်တဲ့ Digital Skills

- အလုပ်ဝင်ဖို့ အဆင်သင့်ဖြစ်စေမယ့် Work Readiness Skills

- ဘဝကြီးမှာ ရှင်သန်ဖို့ လိုအပ်မယ့် Resilient နဲ့ Interpersonal Skills 

- Bonus အနေနဲ့ Agriculture Technical Skills တွေပဲ ဖြစ်ပါတယ်။ 

 

Program စတင်မယ့်ရက်မှာ လာမယ့် စက်တင်ဘာလ (၄) ရက်နေ့ဖြစ်ပြီး အချိန်ကာလ (၁) လ ကြာမြင့်ပါလိမ့်မယ်။ အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တိုင်းမှာ Discussion Call တွေရှိမှာဖြစ်ပြီး အချိန်ကတော့ ၁ နာရီကနေ ၃ နာရီအထိ တစ်ချိန်၊ ၆ နာရီကနေ ၈ နာရီအထိဆိုပြီး (၂) ချိန် ရှိပါတယ်။ 

 

လေ့လာရမယ့်ပုံစံက Self-Learning ဖြစ်ပြီး Discussion Workshop တွေကို အပေါ်မှာပြောထားတဲ့ သတ်မှတ်ရက်နဲ့ အချိန်တွေအတိုင်း တက်ရောက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဝင်စားရင် MYEO Messenger မှာပဲ ysdp skills training ဆိုတဲ့ Keyword ပို့လိုက်ပြီး အခမဲ့ စာရင်းပေးလို့ ရပါတယ်။ စာရင်းပေးတဲ့အခါ Telegram Group ရအောင်ယူထားပြီး Group ထဲလည်း Join ထားဖို့ မမေ့ပါနဲ့နော်။

 

Source - Myeo

 

High Latest Post Vocational Read 773 times