စက်မှုနည်းပညာကျောင်း (SITE) မှ ဖွင့်လှစ်မည့် ကာလတိုသင်တန်း (၃) ခု

 

စက်မှုနည်းပညာလေ့ကျင့်ရေးသင်တန်းကျောင်း (School of Industrial Training & Education - SITE) မှ Certificate ကာလတိုသင်တန်းများကို ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်ပြီး နိုဝင်ဘာလ (၂၂) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ 

 

ဖွင့်လှစ်သင်ကြားမည့်သင်တန်းများမှာ -

(က) Certificate in Woodworking Technology

(ခ) Certificate in Basic Induatrial Technologies

(ဂ) Advanced Certificate in Industrial Automation

 

သင်တန်းဖွင့်လှစ်မည့်ရက် 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်

 

သင်တန်းဖွင့်လှစ်မည့်နေရာ

စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး၊ သင်တန်းကျောင်း(SITE)၊ အမှတ်(၁၂၃)၊ နတ်မောက်လမ်း၊ ဗိုလ်ချို (၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ 

 

လျှောက်ထားသူများအတွက် ပညာအရည်အချင်းသတ်မှတ်ချက်

Certificate in Woodworking သင်တန်းအတွက် လျှောက်ထားသူများသည် -

- တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသူများ၊ 

- ITC (စက်မှုသင်တန်းကျောင်း) သင်တန်းအောင်မြင်ပြီးသူများ၊ 

- G.T.H.S (အစိုးရနည်းပညာအထက်တန်းကျောင်း) တွင် (BT, MT) အောင်မြင်ပြီးသူများ  

- A.G.T.I (စက်မှုလက်မှုသိပ္ပံကျောင်း) တွင် Civil အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။ 

 

 Certificate in Basic Induatrial Technologies အားလျှောက်ထားသူသည် -

- တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီးသူများ၊ 

- ITC သင်တန်းအောင်မြင်ပြီးသူများ၊ 

- G.T.H.S တွင် (ECT, IT, MT, AMT) သင်တန်းအောင်မြင်ပြီးသူများ

- A.G.T.I (EC, EP, Mech, IE ) သင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။ 

 

Advanced Certificate in Industrial Automation အားလျှောက်ထားသူသည် -

- SITE မှ ဖွင့်လှစ်ခဲ့သော Certificate in Basic Industrial Technologies သင်တန်းအောင်မြင်ပြီးသူများ၊ 

- A.G.T.I (EC, EP, Mech, IE ) သင်တန်းတက်ရောက်အောင်မြင်ပြီးသူများ

- B.Tech / B.E (EC, EP, Mech, MC) ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်သည်။

 

သင်တန်းအာလုံးအတွက် လျှောက်ထားသူများသည် -

- နည်းပညာနှင့် သက်မွေးလုပ်ငန်းသဘောနှင့် လိုက်လျောညီထွေဖြစ်ရမည်။

- ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်း ဆောင်ရွက်နိုင်သူဖြစ်ရမည်။ 

- ပဏာမရွေးချယ်ခံရပြီးသူများ Interview ဖြေဆိုရမည်။

 

သင်တန်းကာလ (၄) လ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက အသိအမှတ်ပြု အောင်လက်မှတ် (Certificate) ရရှိမည်ဖြစ်ပါသည်။ လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံအား www.site.edu.mm တွင် Download ရယူ၍သော်လည်းကောင်း၊ ရုံးဖွင့်ရက်များတွင် နံနက် (၉:၀၀) နာရီမှ ညနေ (၄:၀၀) နာရီအတွင်း လျှောက်လွှာထုတ်ယူ၍သော်လည်းကောင်း (၂၂-၁၁-၂၀၂၄) ရက် နောက်ဆုံးထား၍ လူကိုယ်တိုင်သွားရောက် လျှောက်ထားနိုင်ပါသည်။

 

လျှောက်ထားသူများသည် လျှောက်လွှာနှင့်အတူ 

- (၆) လအတွင်း ရိုက်ကူးထားသော ဓာတ်ပုံ (၃) ပုံ၊ 

- သက်ဆိုင်ရာ အောင်လက်မှတ်မိတ္တူ၊ အမှတ်စာရင်း မိတ္တူ၊ 

- နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ 

- ကျန်းမာကြောင်းထောက်ခံချက်မူရင်းနှင့် ရဲစခန်းထောက်ခံစာမူရင်းတို့အား ပူးတွဲတင်ပြရမည်။

 

နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိပါက (၁) လအတွင်း ပြုလုပ်ထားသော ရပ်ကွက်၊ ရဲစခန်း ထောက်ခံစာနှင့်တကွ ပူးတွဲလျှောက်ထားနိုင်ပါသည်။

 

အသေးစိတ်သိရှိလိုပါက ရုံးဖွင့်ချိန်အတွင်း ရုံးသို့သွားရောက်၍ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၂၆၈၂၃၇၅၅၂ သို့ ဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။ 

-------------------------------------------------------

ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post Local News University / College Vocational Read 935 times