ဆာကူရာပန်းတို့ လွှမ်းခြုံရာ ဂျပန်မြေမှာ လစာလည်းရ သုတေသနဆိုင်ရာ အတွေ့အကြုံလည်း ရရှိမယ့် Research Internship Program တစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။ Okinawa Institute of Science and Technology (OIST) ကျောင်းက ၂၀၂၅ ခုနှစ်အတွက် Fully Funded လုပ်တဲ့ OIST Research Internship Program ဖြစ်ပါတယ်။
ဒီ Program ကို လျှောက်ဖို့ ဂျပန်စကားပြောတတ်စရာ မလိုသလို English Proficiency Test တွေဖြစ်တဲ့ IELTS/TOFEL တို့လည်း မလိုအပ်ပါဘူး။
OIST ဘွဲ့လွန်ကျောင်းဟာဆိုရင် STEM ပညာရပ်နယ်ပယ်ဆိုင်ရာ Research Intern ပရိုဂရမ်တွေမှတဆင့် ကမ္ဘာတဝန်းရှိ ကျောင်းသား/ကျောင်းသူတွေကို ပညာရေးအခွင့်အလမ်းတွေ ဆောင်ကြဉ်းပေးလျက်ရှိပါတယ်။
အဆိုပါ Internship ကာလမှာ ၂ လကနေ ၆ လအထိ ဖြစ်နိုင်ပါတယ်။ အလုပ်သင်ကျောင်းသား/ကျောင်းသူတွေက သက်ဆိုင်ရာဌာနမှ ပရော်ဖက်ဆာတစ်ဦးရဲ့ ညွှန်ကြားမှုအောက်မှာ သင်ယူရမှာဖြစ်ပြီး OIST ရဲ့ သုတေသနလုပ်ငန်းတွေမှာ ပါဝင်ကူညီရမှာပါ။
လျှောက်ထားနိုင်တဲ့ Research Field တွေကို ကြည့်ရန်
Research Internship Program ကို Join ခွင့်ရသူတွေဟာ -
အလုပ်သင်လျှောက်ထားလိုသူများသည် -
အလုပ်သင်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ -
လျှောက်ထားသူသည် Recommendation Letter အနည်းဆုံး တစ်ခုရှိပြီးမှ Online Form လျှောက်လို့ရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က Application ပို့ပြီးတာနဲ့ ကျောင်းဘက်က Application Form ရရှိကြောင်းကို Emial ကနေတဆင့် Notification ပေးပို့ပါလိမ့်မယ်။
Online Application Form ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့၊ နောက်ဆုံးထား လျှောက်ထားရပါမယ်။ Application Deadline အပြီး (၃) လလောက်ကြာရင် Final Result ကို ကြေညာပေးပါလိမ့်မယ်။ Internship Program စတင်မယ့်ရက်ကတော့ ၂၀၂၅ ခုနှစ်၊ ဧပြီလကနေ စက်တင်ဘာလအထိ (၆) လဖြစ်ပါတယ်။
Application Link >> https://navii.oist.jp/
OIST Research Internship Program >> https://admissions.oist.jp/oist-research-internship-program-description