မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် ကွန်ပျူတာပါရဂူဘွဲ့ Ph.D (IT) သင်တန်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး လျှောက်ထားလိုသူများသည် နိုဝင်ဘာ (၁၂) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်သည်။
အထက်ပါ ပါရဂူဘွဲ့သင်တန်းသည် အချိန်ပြည့်သင်တန်းဖြစ်ပြီး ပါရဂူဘွဲ့အကြိုသင်တန်း (၁)နှစ်နှင့် သုတေသနကျမ်းပြုသင်တန်း (၂)နှစ်၊ စုစုပေါင်း (၃)နှစ် တက်ရောက်ရမည့် သင်တန်းဖြစ်ပါသည်။ ပါရဂူဘွဲ့အကြိုသင်တန်း (Course work) ဖြေဆိုအောင်မြင်သူများကိုသာလျှင် ပါရဂူသုတေသန ဆက်လက် လုပ်ဆောင်ခွင့်ပြုမည်ဖြစ်ပါသည်။
Related Article : ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းများ လျှောက်ထားနိုင်
>> https://www.edge.com.mm/article/university-of-computer-studies.html
Ph.D(IT) လျှောက်ထားလိုသူများသည် -
- လျှောက်ထားသူနှင့် ၎င်း၏ မိဘနှစ်ပါးစလုံးသည် မြန်မာနိုင်ငံသားဖြစ်ရမည်။
- ကွန်ပျူတာဘာသာရပ် (သို့မဟုတ်) အလားတူ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ဘာသာရပ်အထူးပြု ဖြင့် မဟာဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ရမည်။
- ဝန်ထမ်းဖြစ်ပါက တစ်ဆက်တည်း လုပ်သက် (၂)နှစ် ရှိ၍ လက်ရှိ တာဝန်ထမ်းဆောင်နေသူ ဖြစ်ရမည်။
- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနနှင့် သက်ဆိုင်ရာဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။
- သင်တန်းအား အချိန်ပြည့် တက်ရောက်နိုင်သူဖြစ်ရမည်။
- သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများသည် Referee နှစ်ဦးထံမှ Letter of Recommendation တင်ပြနိုင်ရမည်။
အထက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လျှောက်ထားသူများသည် အရည်အချင်းစစ် ဝင်ခွင့်စာမေးပွဲ (Entrance Exam) ကို ဝင်ရောက်ဖြေဆိုကြရမည်။
၁၉-၁၁-၂၀၂၄ ရက် (အင်္ဂါနေ့) တွင် အင်္ဂလိပ်စာကို (မနက် ၉ နာရီမှ ၁၂ နာရီအထိ) ၊ သက်ဆိုင်ရာဘာသာရပ်ကို (နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအထိ) မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် ရေးဖြေ သွားရောက်ဖြေဆိုကြရမည်။
၂၀-၁၁-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့) တွင် မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် လူတွေ့ဖြေဆိုကြရမည်ဖြစ်ပြီး ပါရဂူဘွဲ့အကြိုသင်တန်းကို ၂၁-၁၁-၂၀၂၄ ရက် (ကြာသပတေးနေ့) တွင် စတင် ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။
IT ပညာရပ်နယ်ပယ်တွင် လုပ်သက်အတွေ့အကြုံ (၁၅)နှစ်နှင့် အထက်ရှိပြီး IT ဘာသာရပ်တွင် မဟာဘွဲ့ တစ်ခုခုရရှိသူများသည် Ph.D(IT) (Research Only) သင်တန်းအတွက် ဝင်ခွင့်ရေးဖြေစာမေးပွဲ ဖြေစရာမလိုဘဲ သီးခြား လျှောက်ထားနိုင်ပါသည်။ သို့သော် ၂၀-၁၁-၂၀၂၄ ရက်၌ မန္တလေးကွန်ပျူတာ တက္ကသိုလ်တွင် လူတွေ့ ဖြေဆိုကြရမည်ဖြစ်သည်။
သတ်မှတ် လျှောက်လွှာပုံစံများကို မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် ရယူပြီး (၁၂-၁၁-၂၀၂၄) ရက်၊ (အင်္ဂါနေ့) နောက်ဆုံးထား၍ လျှောက်ထားရမည်။ အခြားသိရှိလိုပါက မန္တလေးကွန်ပျူတာတက္ကသိုလ် ဖုန်းနံပါတ် ၀၉-၇၅၂၃၀၂၁၁၅ သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။
(Course work + Research) သင်တန်းလျှောက်လွှာနှင့် (Research only) သင်တန်းလျှောက်လွှာ ပုံစံအား ရယူရန် >> https://www.ucsm.edu.mm/phd-2024-entrance/
================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။