သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)မှ ဖွင့်လှစ်မည့် Online သင်တန်းများ

 

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)ရှိ ဥပဒေပညာဌာန၊ သမဝါယမပညာဌာန၊ စီမံခန့်ခွဲမှုပညာဌာနတို့မှ ကြီးမှူးပြီး -

- စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေသင်တန်း (Certificate in Business Law - CBL) 

- စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုပညာသင်တန်း (Certificate in Entrepreneurship and Business Management - CEBM)

- ဒီဂျစ်တယ်စျေးကွက်ဖော်ဆောင်မှုနှင့် ဆန်းသစ်ထီထွင်မှုပညာသင်တန်း (Certificate in Digital Marketing and Innovation - CDMI) တို့ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါသည်။ 

 

အဆိုပါ Certification သင်တန်းများကို Online စနစ်ဖြင့် သင်ကြားပေးမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများမှစ၍ လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလမှာ (၃) လကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးမှာ (၁) သိန်းကျပ် ကျသင့်ပါသည်။

 

စိတ်ဝင်စားပါက အောက်ပါ Registration Link များတွင် ဝင်ရောက်၍ ဇူလိုင် (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ သက်ဆိုင်ရာသင်တန်းများအလိုက် လျှောက်ထားနိုင်ပါသည်။ 

 

သင်တန်းတက်ရောက်ရမည့် ရက်နှင့် အချိန်

CBL - အပတ်စဉ် ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ (၄) နာရီမှ (၆) နာရီအထိ တစ်ပတ်လျှင် (၃)ရက်

CEBM - အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့၊ နံနက် (၉) နာရီမှ (၁၂) နာရီအထိ တစ်ပတ်လျှင် (၂) ရက်

CDMI - အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့၊ နံနက် (၉) နာရီမှ (၁၂) နာရီအထိ တစ်ပတ်လျှင် (၂)ရက် 

 

အသေးစိတ်သိရှိလိုပါက -

- CBL(၀၉-၄၅၉၀၆၈၅၉၄၊ ဝ၉-၄၃၀၂၀၄၂၀)

- CEBM (၀၉-၉၇၆၃၇၉၉၃၁၊ ၀၉-၄၂၂၅၅၁၇၈၈)

- CDMI (၀၉-၂၂၁၂၄၁၄၊ ၀၉-၇၉၀၈၀၇၉၄၀) တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။ 

 

Related Article : ဆေးဘက်ဆိုင်ရာ တက္ကသိုလ် (၁၃) ခုမှ ဖွင့်လှစ်မည့် ဘွဲ့လွန်နှင့် ဒီပလိုမာတန်းများ

>> https://www.edge.com.mm/article/nursing-medical-pharmacy.html?

 

 

Latest Post Local News Read 669 times