အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (NMDC) ဝင်ခွင့်လျှောက်ထားခြင်း

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ၂၀၂၄ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများသည် အမျိုးသား စီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် အောက်ဖော်ပြပါ ဘွဲ့ သင်တန်း (၅) ခုအား ၂၆-၈-၂၀၂၄ ရက်မှ ၃၀-၉-၂၀၂၄ ရက်ထိ အွန်လိုင်းမှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ လျှောက်ထားနိုင်ပါသည်။   

 

လျှောက်ထားနိုင်သည့် ဘွဲ့သင်တန်းများ

  • Bachelor of Business Management - BBM
  • Bachelor of Arts (English for Professional Purposes) - BA (EPP)
  • Bachelor of Arts (Journalism) - BA (Journalism)
  • Bachelor of Tourism and Hospitality Management - BTHM
  • Bachelor of Economics and Finance - BEF

 

Related Article : G-12 အောင်ထားသူတွေ လက်ရှိလျှောက်ထားနိုင်တဲ့ တက္ကသိုလ်များ

>> https://www.edge.com.mm

 

အဆိုပါ ဘွဲ့သင်တန်းများဖြစ်သော BBM ၊ BA (EPP) ၊ BA (Journalism) ၊ BTHM နှင့် BEF သင်တန်းများကို (၄) နှစ် အချိန်ပြည့် တက်ရောက်ရမှာဖြစ်သည်။ လက်ခံမည့် လူဦးရေမှာ BBM အတွက် (၂၀၀) ဦး၊ BA (EPP) အတွက် (၁၂၀) ဦး ၊ BA (Journalism) အတွက် (၁၂၀) ဦး၊ BTHM အတွက် (၂၀၀) ဦး နှင့် BEF အတွက် (၂၀၀) ဦးတို့ အသီးသီးဖြစ်သည်။ 

 

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်သို့ ဝင်ခွင့်လျှောက်ထားသူများသည် Online စနစ်ဖြင့်  www.nmdc.edu.mm မှတစ်ဆင့် တိုက်ရိုက် လျှောက်ထားနိုင်ပါသည်။ လျှောက်ထားမည့်သူများသည် မိမိ၏ ကိုယ်ပိုင် E-mail Account ဖြင့် လျှောက်ထားရမည်ဖြစ်သည်။ 

 

ကျောင်းတွင် လာရောက်လျှောက်ထားလိုပါက ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်း၊ လေးထပ်စာသင်ဆောင်တွင် ရုံးချိန်အတွင်း သွားရောက် လျှောက်ထားနိုင်သည်။

 

အောက်ဖော်ပြပါ အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်။

  • လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။
  • ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူသာ ဖြစ်ရမည်။

 

လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများကို ပူးတွဲတင်ပြရမည်။

  • တက္ကသိုလ်ဝင် စာမေးပွဲတွင် ရရှိသော ရမှတ်စာရင်း
  • လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား
  • လိုင်စင်ဓာတ်ပုံ
  • အချက်အလက်များ မှန်ကန်မှုမရှိပါက ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

 

တက္ကသိုလ်ဝင်ခွင့်ကို သတ်မှတ်လူဦးရေအပေါ်မူတည်၍ လျှောက်ထားသူ၏ တက္ကသိုလ်ဝင်တန်း စုစုပေါင်းရမှတ် အများ၊ အနည်းအလိုက် စီစစ်ရွေးချယ်သွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ကျောင်းဝင်ခွင့်အတွက် ရွေးချယ်ခြင်း မခံရပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နစ်နာမှုမရှိစေရန်အတွက် အခြားတက္ကသိုလ်များသို့လည်း အရံလျှောက်ထားရန် လိုအပ်ပါသည်။ 

 

အသေးစိတ်သိရှိလိုပါက အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ ဖုန်း-(၁) ၀၁၈-၂၉၂၅၆၆ နှင့် ဖုန်း(၂) ၀၉-၄၄၂၅၈၈၄ဝ၇ သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

---------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

Latest Post Local News University / College Read 1264 times