Sales Hotline : 09448001653       Download App



၂၁ ရာစု ကျောင်းသားတိုင်း၏ ဖုန်းတွင် ရှိသင့်သည့် Mobile Apps များ

တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်မှာ အင်တာနက်နဲ့ ဖုန်းရှိရုံဖြင့် ဘာမဆိုအလွယ်တကူ လေ့လာနိုင်တာ အားလုံးအသိပါ။ မတူညီတဲ့ နယ်ပယ်အသီးသီးမှ ပညာရပ်များကို လေ့လာတဲ့အခါမှာ ထောက်အကူဖြစ်စေမယ့် မိုဘိုင်းလ်အက်ပလီကေးရှင်းတွေကို မိမိတို့ဖုန်းမှာ ထည့်သွင်းထားရှိမယ်ဆိုရင် အချိန်ကုန်သက်သာပြီး နေ့စဉ်နေ့တိုင်း Productive ဖြစ်နေမှာ အမှန်ဖြစ်ပါတယ်။ ဒါကြောင့် တိုးတက်ချင်တဲ့ ယနေ့ခေတ် ကျောင်းသားတိုင်းရဲ့ ဖုန်းမှာ မဖြစ်မနေ ရှိထားသင့်တဲ့ မိုဘိုင်းလ်အက်ပလီကေးရှင်း (၁၀) ခုကို မျှဝေပေးထားပါတယ်။  


၁။ LinkedIn Learning 

လူငယ်တွေတော်တော်များများ ရင်းနှီးပြီးသားဖြစ်တဲ့ LinkedIn ဆိုတာ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ Skills အသစ်တွေကို အမြဲလေ့လာနိုင်တဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ LinkedIn မှာ ကိုယ်လေ့လာချင်တဲ့ Course တွေ၊ Skill အသစ်တွေကို ရှာဖွေသင်ယူနိုင်ပြီ ဖြစ်ပါတယ်။ LinkedIn Learning မှာ သက်ဆိုင်ရာ နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်တွေ သင်ကြားပို့သထားတဲ့ သင်ခန်းစာပေါင်း ၁၆,၀၀၀ ကျော်ကို ‌ရွေးချယ်လေ့လာနိုင်ပါတယ်။ 

>> https://play.google.com/store/apps/details?id=com.linkedin.android.learning&hl=en&gl=US

 

၂။ Wordreference Dictionary

Dictionary App လေးတစ်ခုလောက်ကတော့ ဖုန်းထဲရှိတာ အကောင်းဆုံးပါ။ ဘာသာစကားလေ့လာနေသူတစ်ယောက်အဖို့တော့ Wordreference Dictionary က သင့်တော်ပါတယ်။ ဘာသာစကား ၁၈ မျိုး ပါဝင်ပြီး ကိုယ်ရှာချင်တဲ့ ဘာသာစကားကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ စကားလုံးတွေကို ဘာသာပြန်ပေးရုံမက ဘယ်နေရာမှာ ဘယ်လိုသုံးနိုင်တယ်ကအစ ဖော်ပြပေးထားပါတယ်။

>> https://play.google.com/store/apps/details?id=com.wordreference&hl=en&gl=US

 

၃။ Duolingo 

ဒီဇီးကွက် အစိမ်းလေးကို အားလုံးသိမှာပါ။ ဘာသာစကားလေ့လာဖို့ဆိုရင် ဒီဟာလေးက ပျော်ဖို့လည်းကောင်းသလို စာလည်းမြန်မြန်ရစေပါတယ်။ Duolingo ကနေ ဘာသာစကားပေါင်း ၃၀ ကျော်ကို နေရာမရွေး၊ အချိန်မရွေး လေ့လာနိုင်ပါတယ်။ ဒါ့အပြင် အခုဆိုရင် စကော်လာရှစ်တွေ၊ နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်တွေမှာ IELTS ရမှတ်နည်းတူ Duolingo English Test ရမှတ်တွေကိုလည်း အစားထိုးလက်ခံလာကြတာကို တွေ့ရပါတယ်။

>> https://play.google.com/store/apps/details?id=com.duolingo&hl=en_US&gl=US


 

၄။ Photomath

Photomath ကတော့ သင်္ချာဘာသာရပ်အတွက် အထူးအသုံးဝင်တဲ့ App ဖြစ်ပါတယ်။ Calculator သပ်သပ် မဟုတ်ဘဲ သင်္ချာဖော်မြူလာတွေအတိုင်း တွက်ချက်နိုင်သူလေးပါ။ လက်ရေးနဲ့ ရေးထားတဲ့ သို့မဟုတ် ပုံနှိပ်ထားတဲ့ မေးခွန်းတွေကို အက်ပလီကေးရှင်းမှာ ပါတဲ့ စကင်နာနှင့် ရိုက်ယူကာ အက်ပလီကေးရှင်းမှ အဖြေထုတ်ပေးတာ ဖြစ်ပါတယ်။ အဖြေထုတ်ပေးတဲ့နေရာမှာလည်း တစ်ဆင့်ချင်းစီ တွက်ချက်မှုတွေကို ဖော်ပြပေးပါတယ်။ သင်္ချာအတွက်ဆိုရင် Photomath လိုမျိုး သုံးရတာ အဆင်ပြေတဲ့ နောက်ထပ် App ကတော့ Microsoft Math ပါ။ 

Photomath - https://play.google.com/store/apps/details?id=com.microblink.photomath&hl=en_US&gl=US

Microsoft Math - https://play.google.com/store/apps/details?id=com.microsoft.math&hl=en&gl=US

 

၅။ Google Drive 

သူကတော့ မရှိမဖြစ် Apps တွေထဲက တစ်ခုပါ။ Photos၊ Word၊ Excel နဲ့ Powerpoint စတဲ့ File တွေကို Cloud ပေါ်မှာ သိမ်းထားပေးပြီး Account တစ်ခုရှိတာနဲ့ ကြိုက်တဲ့ Device မှာ အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ လုပ်လက်စတွေ မပြီးသေးလည်း ပျက်သွားတာမျိုး မဖြစ်ဘဲ ဒေတာတွေကို လုံခြုံအောင် သိမ်းထားနိုင်မှာဖြစ်ပါတယ်။ Storage အနေနဲ့လည်း 15GB Free ပေးထားတာကြောင့် အဆင်ပြေလှပါတယ်။ 

>> https://play.google.com/store/apps/details?id=com.google.android.apps.docs&hl=en_US&gl=US

 

၆။ Google Keep 

နောက်တစ်ခုကတော့ Google Keep ပါ။ Google ရဲ့ Product တွေထဲက တစ်ခုဖြစ်တဲ့အတွက် Gmail တစ်ခုရှိရုံနဲ့ အကုန်ချိတ်ဆက် ထားပြီးသားပါ။ Google Keep မှာ Notes မှတ်တာအပြင် Photo တွေပါ Save လုပ်လို့ရတာကြောင့် ဒါကလည်း ရှိသင့်တဲ့ Application တစ်ခုဖြစ်ပါတယ်။

App ထဲကို ဝင်ပြီး အပေါ်က + Sign လေးကို နှိပ်လိုက်တာနဲ့ ကိုယ်ရေးချင်တဲ့ မှတ်စုတွေ အကုန်ချရေးလို့ ရပါပြီ။ ကိုယ့်ရဲ့ မှတ်စုတွေကို Topic အလိုက်ခွဲထားချင်တယ်ဆိုရင်လည်း Label ဆိုတာကို နှိပ်ပြီး ခွဲခြားထားနိုင်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ မှတ်စုတွေကို မှားဖျက်မိတယ်ဆိုရင်လည်း Deleted File ထဲသွားပြီး Restore ပြန်လုပ်လို့ ရပါတယ်။

>> https://play.google.com/store/apps/details?id=com.google.android.keep&hl=en_US&gl=US

 

၇။ Google Podcast

ကျောင်းသားတွေအတွက် Listening Skill သိသိသာသာ တိုးတက်ချင်ရင်တော့ Google Podcast ကို အသုံးပြုကြည့်ဖို့ အကြံပေးချင်ပါတယ်။ Podcast လေးတွေ နားထောင်ခြင်းက Listening Skill ကို အများကြီး တိုးတက်စေပါတယ်။ အစပိုင်းမှာ နားထောင်ရတာ အခက်အခဲ ရှိနိုင်ပေမဲ့ ပုံမှန် အချိန်လေးတစ်ခုပေးပြီး နားထောင်သွားမယ်ဆိုရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။ 

>> https://play.google.com/store/apps/details?id=com.google.android.apps.podcasts&hl=en&gl=US

 

၈။ Google Translate 

ဒါကတော့ မရှိရင်လည်း ဖြစ်တယ်ဆိုပေမဲ့ အသုံးဝင်တဲ့ Application တစ်ခုပါ။ နားလည်ဖို့ခက်နေတဲ့စာကြောင်းကို အနီးစပ်ဆုံး ဘာသာပြန်ပေးနိုင်တဲ့အတွက် Dictionary ကြည့်ပြီး ဘာသာပြန်တာထက်စာရင် အချိန်တိုအတွင်း အဓိပ္ပါယ် သိနိုင်ပါတယ်။

>> https://play.google.com/store/apps/details?id=com.google.android.apps.translate&hl=en_US&gl=US

 

၉။ Zoom 

အွန်လိုင်း သင်ခန်းစာများ သင်ကြားကြရာတွင် (သို့) လုပ်ငန်းမီတင်လုပ်ရာတွင် မရှိမဖြစ် လိုအပ်တဲ့ Zoom ဟာလည်း ဖုန်းထဲမှာ ရှိထားသင့်တဲ့ Application တစ်ခုပါ။ Zoom မှာ Background ပြောင်းလို့ရတယ်၊ မီတင်အချိန်တွေကို ကြိုတင်ပြီး သတ်မှတ်ထားလို့ရတယ်၊ မတူညီတဲ့ Session တွေကို တစ်ချိန်တည်းမှာ Rooms တွေ ခွဲပြီး တစ်ပြိုင်တည်း လုပ်လို့ရတယ်၊ မီတင်မှာ လူတိုင်းတက်လို့မရအောင် Password ခံလို့ရတယ်၊ Zoom ကနေတဆင့် Facebook/ YouTube ဆီကို တိုက်ရိုက် Live လွှင့်လို့ရတယ်၊ Screen Sharing လုပ်လို့ရတယ်၊ Record လုပ်လို့ရတယ် စသဖြင့် တခြား Software တွေနဲ့ မတူဘဲနဲ့ သူ့မှာ လုပ်လို့ရတဲ့ Features တွေ အများကြီးပါတဲ့အတွက်ကြောင့် နိုင်ငံတကာမှာ တော်တော်များများ အသုံးပြုကြတာကို တွေ့ရပါတယ်။

>> https://play.google.com/store/apps/details?id=us.zoom.videomeetings&hl=en_US&gl=US


၁၀။ Urban Dictionary

ဒီဟာလေးကတော့ ဗန်းစကားတွေကို ခေတ်နဲ့အညီ up to date သိနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ တစ်ခါတစ်လေ ရုပ်ရှင်ကြည့်တာပဲဖြစ်စေ၊ သီချင်းနားထောင်တာပဲဖြစ်စေ သူတို့ သုံးတဲ့စကားလုံးတွေက ကိုယ်ထင်ထားသလို မဟုတ်တဲ့အတွက် ဘာသာပြန်ရတာ အခက်အခဲဖြစ်နေရင် Urban Dictionary လေးသုံးပါ။   နောက်ပြီး သူ့ဆီမှာ တစ်ခု ပိုသဘောကျမိတာက “Word of the day” အပိုင်းပါ၊ နေ့စဥ်နဲ့ အမျှ စကားလုံး အသစ်တွေ သိရတဲ့အတွက် ကိုယ်က သူများထက် နောက်မကျတော့ဘူးပေါ့။ 

>> https://play.google.com/store/apps/details?id=com.FerdIT.UrbanDictionary&hl=en&gl=US

 

Knowledge Latest Post Read 512 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176