အခမဲ့ သုတေသန ဝပ်ဆိုက် ပေါ်တယ် "MERAL" အားမိတ်ဆက်ခြင်း

အားလုံးအခမဲ့ လွတ်လပ်စွာ ဝင်ရောက်ကြည့်ရှုခွင့်ရှိတဲ့ အရှေ့တောင်အာရှမှာ  ပထမဆုံး နိုင်ငံအဆင့် သုတေသန ဝပ်ဆိုက် ပေါ်တယ် ဖြစ်တဲ့ "မြန်မာ့ပညာရေး၊ သုတေသနနဲ့ သင်ယူရေး ပေါ်တယ်-MERAL" နဲ့ မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။

MERAL  မှာ ယနေ့အထိ မြန်မာနိုင်ငံရဲ့ တက္ကသိုလ် ၁၉ ခုက ပညာရပ်ဆိုင်ရာ သုတေသန စာစောင်တွေ၊ စာအုပ်တွေ၊ စာအုပ်တစ်ချို့က အချို့ အခန်းတွေအပါအဝင် စာအုပ်စာတမ်းပေါင်း ၅၆၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ 

မေလကနေ အောက်တိုဘာလ အတွင်း နိုင်ငံပေါင်း ၉၂ နိုင်ငံက လူပေါင်း ၁၄၃၇၂ ဦး ဝင်ရောက် လေ့လာကြည့်ရှု ကြတာ တွေ့ရပါတယ်။ MERAL ကို တည်ထောင်ဖို့ အဆင့်မြင့် ပညာရေး ဦးစီးဌာနနဲ့ ပါမောက္ခချုပ်များရဲ့ ကော်မတီကို ဒိန်းမတ်သံရုံးက ပံ့ပိုးခဲ့ပြီး ထိုပေါ်တယ် ဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။

ပြည်တွင်း သုတေသီတွေအနေနဲ့ အွန်လိုင်းပေါ်က ပညာရပ်ဆိုင်ရာ စာတမ်းစာစောင်တွေကို ပိုလက်လှမ်းမီလာစေဖို့နဲ့ ပြည်တွင်း သုတေသီတွေရဲ့ သုတေသန စာစောင်တွေ အွန်လိုင်းပေါ် တင်နိုင်ဖို့ အတွက် ဒိန်းမတ်နိုင်ငံက ကူညီပေးတာ ဖြစ်ပါတယ်လို့သိရပါတယ်။

အသေးစိတ်သိရှိလိုပါက >>> https://bit.ly/38Olnzj

= = = = = = = = = = = = =
The Embassy of Denmark proudly introduces you to the Myanmar Education, Research and Learning Portal (MERAL) that is the first national free and open research portal in Southeast Asia. To date, more than 5,600 academic papers, books and book chapters from 19 Universities in Myanmar are available on MERAL. 

From May to October 2020, MERAL reached 14,372 users from 92 countries. Denmark supported the Department of Higher Education and the Rectors’ Committee for the development of MERAL and we thank everyone who contributed to and participated in the development of the portal. 

The portal is part of Denmark’s commitment to increase the access to free online academic resources for local researchers and to ensure that locally produced research papers are available online. 

To explore the portal, please visit: https://bit.ly/38Olnzj

Embassy of Denmark in Myanmar

Latest Post Read 1407 times