စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ဖွင့်လှစ်မည့် မဟာပညာရေးဘွဲ့ (MEd) သင်တန်း

 

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် မဟာပညာရေးဘွဲ့ (MEd) သင်တန်းကို အောက်ဖော်ပြပါ အထူးပြုဘာသာရပ်များအလိုက် သတ်မှတ်ဦးရေအတိုင်း ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။

(က) ပညာရေးသဘောတရားနှင့်ပညာရေးစီမံခန့်ခွဲမှု

(ခ) ပညာရေးစိတ်ပညာ

(ဂ) သင်ရိုးညွှန်းတမ်းနှင့်သင်ပြနည်း

(ဃ) ကာယပညာနှင့်ကျောင်းကျန်းမာရေး

 

လျှောက်ထားသူများသည် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာရေးဘွဲ့ (MEd) သင်တန်းဝင်ခွင့်စာမေးပွဲကို အောက်ပါအတိုင်း ဖြေဆိုရမည် -

(က) ၃၁-၁၀-၂၀၂၄ ရက် မနက် ၉ နာရီ မှ ၁၂ နာရီအထိ သက်ဆိုင်ရာအထူးပြုပညာရေးဘာသာရပ်

(ခ) ၁-၁၁-၂၀၂၄ ရက် မနက် ၉ နာရီမှ ၁၂ နာရီအထိ အင်္ဂလိပ်စာဘာသာရပ်

(ဂ) ရေးဖြေစာမေးပွဲအောင်မြင်သူများကို ၁၁-၁၁-၂၀၂၄ ရက်(တနင်္လာနေ့) တွင် လူတွေ့စစ်ဆေးမည်။

 

မဟာပညာရေးဘွဲ့ (MEd) သင်တန်းဝင်ခွင့်ကို အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည် -

(က) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသား ဖြစ်ရမည်။

(ခ) ပညာရေးဘွဲ့ရရှိ၍ မဟာပညာရေးဘွဲ့ သင်တန်းတက်ရောက်ရန် အဆင့်မီသူဖြစ်ရမည်။

(ဂ) ပညာရေးဝန်ကြီးဌာနတွင် ဆရာ၊ ဆရာမ (သို့မဟုတ်) ဆရာ၊ ဆရာမ မဟုတ်သော်လည်း သင်ကြားရေးနှင့် သုတေသနဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေသူများဖြစ်ပြီး ၂−၁၂-၂၀၂၄ ရက်တွင် တစ်ဆက်တည်း လုပ်သက်အနည်းဆုံး (၂)နှစ်ပြည့်ပြီး လက်ရှိ တာဝန်ထမ်းဆောင်နေသူ ဖြစ်ရမည်။

(ဃ) ပညာရေးဘာသာရပ်ဆိုင်ရာ (၃) နာရီမေးခွန်းနှင့် အင်္ဂလိပ်စာ (၃)နာရီ မေးခွန်းတို့ကို ရေးဖြေ ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုအောင်မြင်ပါက လူတွေ့စစ်ဆေးခြင်းခံရမည်။

(င) ပညာရေးတက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနမှ ဖွင့်လှစ်သော မဟာဒဿန (ပညာရေး)ဘွဲ့၊ မဟာပညာရေးဘွဲ့ အရည် အချင်းစစ် သင်တန်းအောင်မြင်ပြီး ပညာရေးဝန်ကြီးဌာနတွင် ပညာရေးဝန်ထမ်းအဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေသူဖြစ်ပါက ဝင်ခွင့်ရေးဖြေစာမေးပွဲကို ဖြေဆိုရန်မလိုဘဲ လူတွေ့ စစ်မေးခြင်းကို ဖြေဆိုပြီးအောင်မြင်ပါက သင်တန်း တက်ရောက်နိုင်မည်ဖြစ်ပါသည်။ 

 

စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ပြည်နယ်/တိုင်းဒေသကြီး ပညာရေးမှူးရုံးများနှင့် မြို့နယ်ပညာရေးမှူးရုံးများတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံရယူပြီး စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် ၂၀-၉-၂၀၂၄ ရက် (သောကြာနေ့) နောက်ဆုံးထား၍ လျှောက်ထားရမည်။

 

လျှောက်လွှာနှင့်အတူအောက်ဖော်ပြပါ အထောက်အထားများတင်ပြရမည် - 

(က) အမှတ်စာရင်း မူရင်းနှင့် မိတ္တူ

(ခ) ဝန်ထမ်းဖြစ်ကြောင်းနှင့် လုပ်သက်မှန်ကန်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်

(ဂ) ဓာတ်ပုံ (၂) ပုံ

(ဃ) မဟာပညာရေးဘွဲ့သင်တန်း ဝင်ခွင့်စာမေးပွဲကိုဖြေဆိုခွင့်ပြုကြောင်းနှင့် ဖြေဆိုအောင်မြင်ပါက အချိန်ပြည့်တက်ရောက်ခွင့်ပြုကြောင်း သက်ဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ထောက်ခံချက်

 

ဘာသာရပ်ဆိုင်ရာ အသေးစိတ်အချက်အလက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပညာရေး ဘာသာရပ်ပါမောက္ခ (ဌာနမှူး) များထံတွင်လည်းကောင်း၊ သင်တန်းဝင်ခွင့်နှင့်စပ်လျဉ်း၍ ဌာနမှူး ဖုန်း-၀၉-၂၀၀၆၀၉၄၊ ဒု-ဌာနမှူး  ဖုန်း-၀၉-၇၉၇၉၉၆၃၅၈၊ မော်ကွန်းထိန်း ဖုန်း-၀၉-၄၄၄၆၉၄၈၆၂ တို့သို့ လည်းကောင်း စုံစမ်းနိုင်ပါသည်။
 

Latest Post Local News University / College Read 147 times