Sales Hotline : 09448001653       Download App



မြန်မာငွေကျပ် (၁၄) သိန်းကျော် ရရှိမယ့် International Essay Contest 2024

သင်က စိတ်ကူးစိတ်သန်းကောင်းပြီး ကလောင်စွမ်းထက်တဲ့သူဆိုရင် The Goi Peace Foundation ကနေ နှစ်စဉ် ဦးစီး ကျင်းပလျက်ရှိတဲ့ International Essay Contest 2024 မှာ ဝင်ရောက်ယှဉ်ပြိုင်သင့်ပါတယ်။ ဒီပြိုင်ပွဲမှာ အနိုင်ရရှိသူတွေကို ငွေသားဆုတွေ ပေးမယ့်အပြင် Certificate နဲ့ Gifts တွေလည်း ရရှိဦးမှာဖြစ်ပါတယ်။ ပြိုင်ပွဲအကြောင်းအသေးစိတ်နဲ့ စည်းကမ်းချက်တွေကိုတော့ အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

 

ပြိုင်ပွဲရဲ့ Essay ခေါင်းစဉ်

Essay Title ကို “MY EXPERIENCE OF OVERCOMING CONFLICT” - “သဘောထားကွဲလွဲမှုကို ကျော်လွှားနိုင်ခဲ့သော ကျွန်ုပ်၏ အတွေ့အကြုံ” လို့ သတ်မှတ်ထားပါတယ်။ သဘောထားကွဲလွဲမှုတွေဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာ အမြင်ချင်းမတူလို့၊ တန်ဖိုးထားမှုတွေမတူလို့ အမြဲဖြစ်နေကျ ပြသနာတစ်ခုပါ။ ဒီလို အငြင်းပွားမှုကနေ သင် ဘယ်လို ကျော်လွှားနိုင်ခဲ့လဲ၊ ဘယ်လို သင်ခန်းစာတွေ ရလိုက်လဲ၊ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကို ကိုယ့်ဘဝနဲ့ လူ့အဖွဲ့အစည်းအတွက် ဘယ်လိုအသုံးချချင်လဲဆိုတာကို Essay ထဲမှာ ပေါ်လွင်အောင် ရေးသားပေးရမှာ ဖြစ်ပါတယ်။ 

 

ပြိုင်ပွဲဝင်တွေရဲ့ အသက်အရွက်

၁၅ နှစ်ကနေ ၂၅ နှစ်ကြား လူငယ်တွေနဲ့ ၁၄ နှစ်အောက် ကလေးတွေ ဝင်ရောက်ယှဉ်ပြိုင်လို့ရပါတယ်။ 

 

ပြိုင်ပွဲစည်းကမ်းချက်များ
 

  • လူတစ်ယောက်ကို Essay တစ်ပုဒ်ပဲ ဝင်ပြိုင်ခွင့်ရှိပါမယ်။
  • ပြိုင်ပွဲဝင်က ဘယ်နိုင်ငံကဖြစ်ဖြစ် Essay ကို အင်္ဂလိပ် (သို့) ပြင်သစ် (သို့) ဂျပန်လိုပဲ ရေးသားခွင့် ရှိပါတယ်။
  • အင်္ဂလိပ်နဲ့ ပြင်သစ်လိုဆို စကားလုံးရေ ၇၀၀ ထက်ပိုခွင့်မရှိပါ။ ဂျပန်လိုဆို စကာလုံးရေကို ၁၆၀၀ ထက်မပိုရပါ။
  • Essay ရဲ့ ပထမဆုံး စာမျက်နှာထိပ်မှာ နာမည်၊ အီးမေးလ်လိပ်စာနဲ့ Essay ခေါင်းစဉ် ထည့်ရေးရပါမယ်။ (ဒါကို Essay စကားလုံး ရေတွက်တဲ့အခါ ထည့်တွက်မှာ မဟုတ်ပါဘူး)
  • ကြိုက်နှစ်သက်ရာ ကိုယ်ပိုင်စတိုင်နဲ့ Essay ရေးခွင့်ရှိပေမဲ့ File Format က MS Word (DOC/DOCX) (သို့) PDF ဖြစ်ရပါမယ်။
  • AI နဲ့ ဖန်တီးထားတဲ့ Essay မျိုး လုံး၀ လက်မခံပါ။ 
  • Essay ထဲမှာ ဓာတ်ပုံတွေ ထည့်စရာမလိုပါ။ 

 
 

Deadline

June 15, 2024 (23:59 your local time)

 

ဆုကြေးများ

  • 1st Prize: Certificate, prize of 100,000 Yen (approx. US$660 as of Feb. 2024) and gift (1 entrant)
  • 2nd Prize: Certificate, prize of 50,000 Yen (approx. US$330 as of Feb. 2024) and gift (3 entrants)
  • 3rd Prize: Certificate and gift (5 entrants)
  • Honorable Mention: Certificate and gift (25 entrants)

 

ပြိုင်ပွဲဝင်တွေထဲက ဆုရသူ (၃၄) ယောက်ကို ရွေးချယ်သွားမှာ ဖြစ်ပြီး အပေါ်မှာ ဖော်ပြထားတဲ့ ဆုကြေးတွေကို ရရှိမှာပါ။ ဒါ့အပြင် ပထမ၊ ဒုတိယ၊ တတိယဆု ရသူတွေကတော့ online ကနေ ကျင်းပပြုလုပ်မယ့် Winners Gathering ကိုပါ တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

 

October 31, 2024 (Japan time) မှာ Website ကနေတဆင့် ဆုရသူတွေကို ကြေညာသွားမှာဖြစ်ပြီး Certificates နဲ့ Gifts တွေကိုတော့ January 2025 မှာ မေးလ်ကနေတဆင့် ပို့ပေးမှာ ဖြစ်ပါတယ်။ 

 

အသေးစိတ်အချက်အလက်နဲ့ ဖောင်ကိုတော့ အောက်ကလင့်ခ်ကနေတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

>> https://www.goipeace.or.jp/en/work/essay-contest/?fbclid=IwAR0sd9HhNb7MH3lKjRgaH-MFCHYXUGbC9JF564rbJ41PSicAQU-UVrSelTQ

International News Latest Post Read 514 times