ဂျပန်ပညာသင်ဆု Honors Scholarships လျှောက်ထားလိုလျှင်

** Unicode **

ဂျပန်နိုင်ငံသို့ မိမိစရိတ်ဖြင့် သွားရောက်ပညာသင်ကြားမည့် နိုင်ငံတကာကျောင်းသား/သူများအတွက် Honors Scholarship for Privately Financed International Students ကိုလျှောက်ထားနိုင်ပါတယ်။

ထိုပညာသင်ဆုကို JASSO (Japan Student Services Organization) မှပေးအပ်သည့် ဂျပန်အစိုးရပညာသင်ဆုဖြစ်ပါတယ်။

ဂျပန်တက္ကသိုလ်ဘွဲ့ကြိုနှင့်ဘွဲ့လွန်တက်ရောက်မည့်သူများကို တစ်နှစ်အတွက် (ဧပြီလပိုင်းအတန်းဝင်ရောက်သူ) (သို့) (၆) လစာ (အောက်တိုဘာလပိုင်းအတန်းဝင်ရောက်သူ) အတွက် တစ်လလျှင် (၄၈၀၀၀) ကိုပေးအပ်မည်ဖြစ်ပါတယ်။

လျှောက်ထားလိုသူများသည် ဂျပန်နိုင်ငံရှိ တက်ရောက်မည့် ကျောင်းမှတစ်ဆင့် လျှောက်ထားရမည့်ဖြစ်ပါတယ်။

မေလအလယ်ပိုင်းတွင် ကျောင်းရွေးချယ်မှုပြုလုပ်ပြီး ဇွန်လတွင် ရလဒ်အဖြေထွက်၍ ဇူလိုင်လမှစတင်ပြီး ပညာသင်ဆု ရယူနိုင်မည်ဖြစ်ပါတယ်။

ပထမဆုံးလတွင် (ဧပြီ၊ မေ၊ ဇွန်) အတွက် (၃) လစာပေါင်း၍ ရရှိမည်ဖြစ်ပါတယ်။

သတ်မှတ်ချက်အနေဖြင့် စာမေးပွဲရမှတ်ကောင်းသူ၊ ဂျပန်ဘာသာ (သို့) အင်္ဂလိပ်ဘာသာစကားအရည်အချင်းမှာ သတ်မှတ်ထားသည့်အဆင့်ထက်မြင့်မားသူ၊ နေထိုင်စားသောက်စရိတ်အတွက် မိသားစုထံမှပို့ငွေ (ယန်း ၉ သောင်း) အောက်ရှိသူများဖြစ်ပါတယ်။

ဂျပန်နိုင်ငံတွင် ပညာသင်ကြားနိုင်ရန်လိုအပ်သည့်စာမေးပွဲများမှာ...
- အင်္ဂလိပ်ဘာသာအရည်အချင်းကို အသိအမှတ်ပြုရန် စာမေးပွဲများ TOEFL, IELTS, TOEIC,The Eiken Test in 
Practical English Proficiency 
- အလယ်တန်းပညာရေးပြီးမြောက်ကြောင်း ပညာအရည်အချင်းကို သက်သေပြုစာမေးပွဲများ SAT, ACT, International Caccalaureate Exam, မိမိနိုင်ငံ၏ တက္ကသိုလ်ဝင်ခွင့် အမျိုးသားစံစာမေးပွဲ အစရှိသည့် ရမှတ်
- ဂျပန်အစိုးရမှ မြန်မာလူမျိုးများ ဂျပန်နိုင်ငံသို့ ပညာသွားရောက်သင်ကြားခြင်းကို အားပေးသည့်အတွက် OJEIC ၏ ထောက်ခံချက်နှင့်ရရှိသည့် ပညာသင်ဆုများလည်းရှိပြီး ဂျပန်တက္ကသိုလ်မှာ ပညာတော်သင်သွားရောက်လိုသူများအပြင် ပညာသင်သွားရောက်လိုသူများအနေဖြင့် Honors Scholarships ကိုလျှောက်ထားသင့်ပါတယ်။

ပညာသင်ဆုလျှောက်ထားလိုသူများသည် OJEIC Facebook တွင် အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Read More:>>>>  General Interest ႏွင့္ပတ္သက္ေသာ သင္တန္းမ်ားကို လိပ္စာႏွင့္ဖုန္းနံပါတ္ကုန္တစ္ေနရာထဲသိလုိပါက...

အသေးစိတ်စုံစမ်းနိုင်ရန် ...
** ရန်ကုန်ရုံး
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် အမှတ် (၇၀)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် ၀၉-၂၆၁၈၄၁၀၅၄
** မန္တလေးရုံး
MABA ရုံးခန်း ပထမထပ်၊ အခန်းအမှတ် (၃)၊ ဝါးတားလမ်း၊ မင်္ဂလာမန္တလေး၊ ချမ်းမြေ့သာစည်မြို့နယ်၊ မန္တလေးမြို့၊ ဖုန်းနံပါတ် ၀၉-၄၅၉၃၄၃၃၄၀

Credit: Internet

** Zawgyi **

ဂ်ပန္ႏိုင္ငံသို႔ မိမိစရိတ္ျဖင့္ သြားေရာက္ပညာသင္ၾကားမည့္ ႏိုင္ငံတကာေက်ာင္းသား/သူမ်ားအတြက္ Honors Scholarship for Privately Financed International Students ကိုေလ်ွာက္ထားႏိုင္ပါတယ္။

ထိုပညာသင္ဆုကို JASSO (Japan Student Services Organization) မွေပးအပ္သည့္ ဂ်ပန္အစိုးရပညာသင္ဆုျဖစ္ပါတယ္။

ဂ်ပန္တကၠသုိလ္ဘြဲ႔ႀကိဳႏွင့္ဘြဲ႔လြန္တက္ေရာက္မည့္သူမ်ားကို တစ္ႏွစ္အတြက္ (ဧၿပီလပိုင္းအတန္းဝင္ေရာက္သူ) (သို႔) (၆) လစာ (ေအာက္တိုဘာလပိုင္းအတန္းဝင္ေရာက္သူ) အတြက္ တစ္လလ်ွင္ (၄၈၀၀၀) ကုိေပးအပ္မည္ျဖစ္ပါတယ္။

ေလ်ွာက္ထားလိုသူမ်ားသည္ ဂ်ပန္ႏိုင္ငံရွိ တက္ေရာက္မည့္ ေက်ာင္းမွတစ္ဆင့္ ေလ်ွာက္ထားရမည့္ျဖစ္ပါတယ္။

ေမလအလယ္ပိုင္းတြင္ ေက်ာင္းေရြးခ်ယ္မႈျပဳလုပ္ၿပီး ဇြန္လတြင္ ရလဒ္အေျဖထြက္၍ ဇူလိုင္လမွစတင္ၿပီး ပညာသင္ဆု ရယူႏိုင္မည္ျဖစ္ပါတယ္။

ပထမဆံုးလတြင္ (ဧၿပီ၊ ေမ၊ ဇြန္) အတြက္ (၃) လစာေပါင္း၍ ရရွိမည္ျဖစ္ပါတယ္။

သတ္မွတ္ခ်က္အေနျဖင့္ စာေမးပြဲရမွတ္ေကာင္းသူ၊ ဂ်ပန္ဘာသာ (သို႔) အဂၤလိပ္ဘာသာစကားအရည္အခ်င္းမွာ သတ္မွတ္ထားသည့္အဆင့္ထက္ျမင့္မားသူ၊ ေနထိုင္စားေသာက္စရိတ္အတြက္ မိသားစုထံမွပို႔ေငြ (ယန္း ၉ ေသာင္း) ေအာက္ရွိသူမ်ားျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံတြင္ ပညာသင္ၾကားႏိုင္ရန္လိုအပ္သည့္စာေမးပြဲမ်ားမွာ...
- အဂၤလိပ္ဘာသာအရည္အခ်င္းကို အသိအမွတ္ျပဳရန္ စာေမးပြဲမ်ား TOEFL, IELTS, TOEIC,The Eiken Test in 
Practical English Proficiency 
- အလယ္တန္းပညာေရးၿပီးေျမာက္ေၾကာင္း ပညာအရည္အခ်င္းကို သက္ေသျပဳစာေမးပြဲမ်ား SAT, ACT, International Caccalaureate Exam, မိမိႏိုင္ငံ၏ တကၠသိုလ္ဝင္ခြင့္ အမ်ိဳးသားစံစာေမးပြဲ အစရွိသည့္ ရမွတ္
- ဂ်ပန္အစိုးရမွ ျမန္မာလူမ်ိဳးမ်ား ဂ်ပန္ႏိုင္ငံသို႔ ပညာသြားေရာက္သင္ၾကားျခင္းကို အားေပးသည့္အတြက္ OJEIC ၏ ေထာက္ခံခ်က္ႏွင့္ရရွိသည့္ ပညာသင္ဆုမ်ားလည္းရွိၿပီး ဂ်ပန္တကၠသုိလ္မွာ ပညာေတာ္သင္သြားေရာက္လိုသူမ်ားအျပင္ ပညာသင္သြားေရာက္လိုသူမ်ားအေနျဖင့္ Honors Scholarships ကိုေလ်ွာက္ထားသင့္ပါတယ္။

ပညာသင္ဆုေလ်ွာက္ထားလိုသူမ်ားသည္ OJEIC Facebook တြင္ အေသးစိတ္ဝင္ေရာက္ၾကည့္ရႈႏိုင္ပါတယ္။

Read More:>>>>  General Interest ႏွင့္ပတ္သက္ေသာ သင္တန္းမ်ားကို လိပ္စာႏွင့္ဖုန္းနံပါတ္ကုန္တစ္ေနရာထဲသိလုိပါက...

အေသးစိတ္စံုစမ္းႏိုင္ရန္ ...
** ရန္ကုန္ရံုး
ဂ်ပန္ေဖာင္ေဒးရွင္းရန္ကုန္ အမွတ္ (၇၀)၊ နတ္ေမာက္လမ္း၊ ဗဟန္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕၊ ဖုန္းနံပါတ္ ၀၉-၂၆၁၈၄၁၀၅၄
** မႏၱေလးရံုး
MABA ရံုးခန္း ပထမထပ္၊ အခန္းအမွတ္ (၃)၊ ဝါးတားလမ္း၊ မဂၤလာမႏၱေလး၊ ခ်မ္းေျမ႕သာစည္ၿမိဳ႕နယ္၊ မႏၱေလးၿမိဳ႔၊ ဖုန္းနံပါတ္ ၀၉-၄၅၉၃၄၃၃၄၀

Credit: Internet

Latest Post International Read 1912 times