G-12 အောင်လက်မှတ် ထုတ်ယူခြင်းနှင့် အတု/အစစ်ခွဲခြားခြင်း

 

၂၀၂၄ ခုနှစ်၊ စနစ်သစ် Grade-12 အဆင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များ၏ စစ်မှန်မှုကို အတည်ပြုစစ်ဆေးနိုင်ရန် အောင်လက်မှတ်များတွင် QR Code များ ထည့်သွင်း၍ ထုတ်ပေးလျက်ရှိပါသည်။ ယခုအချိန်မှ စတင်၍ အဆိုပါ QR Code ကို Scan ဖတ်၍ အောင်လက်မှတ်၏ စစ်မှန်မှုနှင့် အောင်လက်မှတ်ပါ အချက်အလက်များ၏ မှန်ကန်မှုကို တိုက်ဆိုင်စစ်ဆေးနိုင်ပြီဖြစ်ပါသည်။

 

Related Article : တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်ထုတ်ယူရာတွင် လိုအပ်သည့်အချက်များ

>> https://www.edge.com.mm/article/myanmar-matriculation-exam-results.html

 

အောင်လက်မှတ်တွင် ပါသော QR Code ကို Scan ဖတ်လိုက်လျှင် verify.dme.gov.mm နှင့်အစပြုသော Website လိပ်စာတစ်ခုထွက်လာပါမည်။ ထိုလိပ်စာကို ဝင်ကြည့်ပါက ကျပန်းထုတ်ပေးသည့် ဂဏန်း ၆ လုံးနှင့် ထိုဂဏန်း ၆ လုံးကို ရိုက်ထည့်ရမည့် နေရာတွေ့ပါလိမ့်မည်။

 

 

အဆိုပါ ဂဏန်း ၆ လုံးကို ပြည့်စုံမှန်ကန်အောင် ဖြည့်စွက်၍ Submit ကို နှိပ်လိုက်သည်နှင့် အောင်လက်မှတ်ပါ အောက်ဖော်ပြပါ အချက်အလက်များကို စစ်ဆေးကြည့်ရှုနိုင်ပါမည်။

  • လက်မှတ်အမှတ် 
  • အောင်မြင်ခုနှစ်
  • ခုံနံပါတ်
  • အမည်
  • မွေးသက္ကရာဇ်
  • အဖအမည်
  • အမိအမည်
  • ဘာသာတွဲ
  • ဂုဏ်ထူးရဘာသာများ

 

အထူးဂရုပြုရန်မှာ -

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးသည့်အောင်လက်မှတ် မဟုတ်လျှင် သို့မဟုတ် အတုဖြစ်လျှင် QR Code သည် verify.dme.gov.mm နှင့် ချိတ်ဆက်၍ အလုပ်လုပ်မည် မဟုတ်ပါ။ သို့မဟုတ် veify.dme.gov.mm မဟုတ်သော အခြား Website တစ်ခုခုသို့ ရောက်သွားပါလိမ့်မည်။

 

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးသည့် အောင်လက်မှတ် တစ်စောင်မှ QR ကို ပွားယူ၍ အတုလုပ်ထားလျှင်လည်း အောင်လက်မှတ်ပါ အချက်အလက်များနှင့် QR ကို Scan ဖတ်သည့်အခါ ထွက်လာမည့် မူရင်း အချက်အလက်များ တူမည်မဟုတ်ပါ။ အောင်လက်မှတ်ပါ အချက်အလက်များနှင့် QR Result ပါ အချက်အလက်များသည် တစ်ထပ်တည်း ဖြစ်ရပါမည်။

 

အကယ်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးလိုက်သည့် အောင်လက်မှတ် အစစ်အမှန်ဖြစ်သော်လည်း အောင်လက်မှတ်ပေါ်တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် verify.dme.gov.mm တွင် ဖော်ပြထားသည့် အချက်အလက်များ အနည်းငယ် ကွဲလွဲမှုရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Page Messenger သို့ဖြစ်စေ၊ [email protected] သို့ဖြစ်စေ ထုတ်ယူထားသည့် အောင်လက်မှတ် ဓါတ်ပုံပေးပို့၍ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ 

 

Source - မြန်မာနိုင်ငံစာစစ်ဦးစီးဌာန 

 

Latest Post Local News Read 466 times