(၉) တန်းအောင်ရင် လျှောက်လို့ရသည့် F&B နှင့် Housekeeping သင်တန်း

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအောက်ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြို့ရေးတိုးတက်ရေးဗဟိုဌာန (ရန်ကုန်) တွင် အစားအသောက်ဝန်ဆောင်မှုသင်တန်း (Food&Beverage) နှင့် အိပ်ခန်းဆောင်ထိန်းသိမ်းရေး (Housekeeping) သင်တန်းများအတွက် သင်တန်းသားသစ်များ ခေါ်ယူနေကြောင်း သိရပါသည်။ 

 

လျှောက်ထားသူသည် -

- အနည်းဆုံး ပညာအရည်အချင်း အခြေခံပညာအထက်တန်းအဆင့်ရှိသူ ဖြစ်ရပါမယ်။

- အသက် (၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ရပါမယ်။

 

လျှောက်လွှာနှင့်အတူ -

- လိုင်စင်ဓာတ်ပုံ (၃) ပုံ၊

- နိုင်ငံသားစီစစ်ရေးကတ်ပြား မိတ္တူ (မူရင်းပြနိုင်ရပါမယ်)

- အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊

- ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်၊

- Covid 19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးကြောင်း အထောက်အထားတို့ကို ပူးတွဲတင်ပြရပါမယ်။  


သင်တန်းဝင်ခွင့်အတွက် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့မှာ စတင် လျှောက်ထားနိုင်ပြီး သတ်မှတ်လူဦးရေပြည့်ရင် သင်တန်းစတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

 

သင်တန်းကို (၁) လပြတ် သင်ကြားပေးမှာဖြစ်ပြီး တစ်ပတ်ကို တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် (၉) နာရီခွဲမှ (၁၂) ခွဲအထိ တက်ရောက်ရမှာပါ။ သင်တန်းကြေးကတော့ ၇၅,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။ သင်တန်းတက်ရောက်ရမယ့်နေရာကတော့ ခရီးသွားလုပ်ငန်းဖွံ့ဖြို့ရေးတိုးတက်ရေးဗဟိုဌာန (CTD)၊ အမှတ် (၄၀/၄၂)၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

 

အသေးစိတ်အချက်အလက်ကို ခရီးသွားလုပ်ငန်းဖွံ့ဖြို့ရေးတိုးတက်ရေးဗဟိုဌာန (CTD)၊ ဖုန်း-၀၁ ၈၃၇၇၅၅၉၊ ၀၁ ၈၂၅၁၈၅၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ 


 

Latest Post Local News Read 678 times