တက္ကသိုလ် ဆရာ/ဆရာမများအတွက် e-Learning Management System လက်တွေ့အသုံးချသင်တန်းပို့ချမည်

တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နှင့် ကောလိပ်များတွင်  အွန်လိုင်းသင်ကြာမှုအတွက် လိုအပ်သည့် e-Learning Management System လက်တွေ့အသုံးချသင်တန်းကို တက္ကသိုလ်ဆရာ/ဆရာမများအား ပါမောက္ခချုပ်များက ပို့ချမည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလအတွင်း တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ၏  ပညာသင်ကြားမှုအခွင့်အရေးများ မဆုံးရှုံးစေရန်။

COVID-19  ဖြစ်ပွားနေတဲ့ကာလ ပညာရေးလုပ်ငန်းများကို  အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်နိုင်ရန် e-Learning Management System လက်တွေ့အသုံး ချသင်တန်းကို တက္ကသိုလ်၊ ဒီဂ ရီကောလိပ်၊ ကောလိပ် ဆရာ/ဆရာမများအား သင်ကြားပို့ချမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါသင်တန်းကို ပါမောက္ခ ချုပ်များ ကော်မတီ၊  ပြန်ကြားရေး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ လုပ်ငန်းအ ဖွဲ့က မော်ဂျူး ၁၀ ခုဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များကို Zoom Application ဖြင့် အွန်လိုင်းမှ သြဂုတ်လ ပထမအပတ်တွင် သင်ကြားပို့ချမည်ဖြစ်သည်။

နည်းပညာ ဖွံ့ဖြိုးတိုးတက်နေသောခေတ်တွင် စာသင်ခန်းအတွင်း သင်ယူခြင်း၊ အွန်လိုင်း မှတစ်ဆင့်သင်ယူခြင်း၊ ပေါင်းစပ်သင်ယူခြင်းစသဖြင့် သင်ကြားသင်ယူမှု နည်းလမ်းစုံဖြင့် သင်ယူတတ်မြောက်မှု ကောင်းမွန်ရေး ဆောင်ရွက်လာသည်ကို တွေ့ရသည်။

အွန်လိုင်း သင်ယူမှုအတွက် လိုအပ်သော e-Books and References, e-Learning Resources, e-Learning Management System များအတွက် စွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းများ ဆောင်ရွက်ခြင်းကို အားပေးကြောင်း ထိုသင်တန်းဖွင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးက ပြောကြားထားပါသည်။

ရှေးနှစ်ပေါင်းများစွာ ပညာရေးတွင်အားနည်းခဲ့သဖြင့် ဆရာ သင်ရိုး ညွှန်းတမ်း၊ သင်ကြားသင်ယူမှု နည်းလမ်း၊ စာသင်ခန်း၊ စာသင် ခုံ၊ လက်တွေ့ခန်း ပစ္စည်းများ၊ သန့်စင်ခန်း၊ စားသောက်ဆိုင်၊ စာကြည့်တိုက်၊ အိုင်စီတီ၊ အိပ် ဆောင်၊ အိမ်ရာစသည့် အဓိကလို အပ်ချက်များ၊ အခက်အခဲများကို ဖြေရှင်း ဖြည့်ဆည်းနေရသော ကြောင့် ယခုအချိန်တွင် နည်း ပညာနှင့်ပတ်သက်၍  အဆင်သင့် မဖြစ်သေးသော်လည်း တက္က သိုလ်ဝက်ဘ်ဆိုက်များ တည် ဆောက်ခြင်း၊ အီးမေးလ်များ အ သုံးပြုရန် အားပေးခြင်း၊ Myanmar Digital Education Platform တည်ဆောက်ခြင်း၊ အွန် လိုင်းသင်တန်းများ ဖွင့်ခြင်းတို့ကို အားပေးပြီး လိုအပ်ချက်တွေကို လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေရှင်းပေးနိုင်ရေး ကြိုးပမ်း မည်ဟုဆိုပါသည်။

Latest Post News Read 950 times