စာအုပ်များ အခမဲ့ Download ဆွဲဖတ်ရှုနိုင်သော ဝက်ဘ်ဆိုဒ် ( ၈ ) ခု

 

 

အကယ်၍သင်ကစာဖတ်ဝါသနာပါသူတစ်ယောက်ဖြစ်မယ်ဆိုရင်အခုဖော်ပြပေးမယ့်ဝက်ဘ်ဆိုဒ်တွေက သင့်ဘဝတစ်ခုလုံးအတွက် စာအုပ်တွေကို လုံလုံလောက်လောက် အခမဲ့ ဒေါင်းလုပ်ဆွဲရယူနိုင်တဲ့ ဝက်ဘ်ဆိုဒ်တွေပဲဖြစ်ပါတယ်။ 

 

  1. Project Gutenberg

 

ဒီ Project Gutenberg ကတော့ စေတနာ့ဝန်ထမ်းများ နှင့်ရန်ပုံငွေရှာဖွေသူများမှတစ်ဆင့်ပံ့ပိုးနေသော ပရဟိတပရောဂျက်တစ်ခုဖြစ်ပြီး ဒီ ဝက်ဘ်ဆိုဒ်မှာဆိုရင် အရည်အသွေးမြင့် ebooks များကိုစုစည်းပေးထားပါတယ်။အခမဲ့ ebooksပေါင်း  ၆၀,၀၀၀ ကျော်ကို  ရှာဖွေဖတ်ရှုနိုင်ပါတယ်။စာအုပ်များကို Format မျိုးစုံဖြင့် ရယူနိုင်ပြီး Offline အနေနဲ့လည်း သိမ်းထားလို့ရပါတယ်။

 

Project Gutenberg > https://www.gutenberg.org/

 

  1. Manybooks

 

ဒီဝက်ဘ်ဆိုဒ်ရဲ့အားသာချက်ကတော့ စာအုပ်တွေကို အမျိုးအစားအလိုက်စုံစုံလင်လင် ခွဲခြားဖော်ပြပေးထားတာမို့ ကိုယ်ဖတ်ချင်တဲ့ Category အလိုက် အလွယ်တကူ ရှာဖွေလို့ရတာပါပဲ။ ဒရာမာ၊ အက်ရှင်၊ စွန့်စားခန်း၊ ထူးဆန်းထွေလာ၊ လျှို့ဝှက်ဆန်းကြယ်၊ သည်းထိပ်ရင်ဖို၊ အတ္ထုပ္ပတိ၊ သမိုင်းကြောင်း၊ လူငယ်၊ စိတ်ကူးယဥ်၊ သိပ္ပံ စတဲ့ များစွာသော အမျိုးအစား အမျိုးမျိုးကို ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ စာအုပ်နာမည်၊ စာရေးဆရာနာမည်နဲ့လည်း ရှာဖွေနိုင်ပါတယ်။ စာအုပ်တွေရဲ့ Rating အနည်းအများကိုလည်း ကြည့်နိုင်ပါတယ်။ Reading Website တွေထဲမှာ တော်တော်အဆင်ပြေတဲ့ ဝက်ဘ်ဆိုဒ်လို့ပြောလို့ရပါတယ်။

 

Manybooks > https://manybooks.net/


 

  1. Library Genesis 

 

Library Genesis ကတော့ ebooks၊ ဆောင်းပါးများ၊ မဂ္ဂဇင်းများ၊ ရုပ်ပြများနှင့် အခြားအရာများကိုအပါအဝင် အခမဲ့ ဖတ်ရှုနိုင်သော အကြောင်းအရာများအတွက်  ရှာဖွေရေးအင်ဂျင်တစ်ခုပဲ ဖြစ်ပါတယ်။ Ebooks သုံးသန်း နှင့် ဆောင်းပါးပေါင်း သန်း ၆၀ နီးပါးပါရှိပါတယ်။ သုတနှင့်ရသစာပေ ၂ မျိုးစလုံးကို ရှာဖွေဖတ်ရှုနိုင်ပါတယ်။ ပညာရပ်ဆိုင်ရာ စာအုပ်များလည်း အများအပြား ပါရှိပါတယ်။

 

Library Genesis > https://libgen.is/


 

  1.  Centsless Book

 

တစ်ခြားသော ဝက်ဆိုဒ်များနှင့်မတူပဲ ဒီ Centsless Book Website မှာဆိုရင်တော့ Amazon မှာ ရရှိနိုင်တဲ့ အခမဲ့ Kindle စာအုပ်များကို တစ်စုတစ်စည်းတည်း မြင်တွေ့နိုင်မှာပါ။ Centsless ရဲ့ ရည်ရွယ်ချက်ကတော့ အွန်လိုင်းမှာ လက်လီရောင်းချသူများထံမှ ရရှိနိုင်တဲ့ အခမဲ့ ebook များကို အားလုံးထက်သာအောင် တစ်နေရာတည်းမှာ လွယ်လွယ်ကူကူရရှိနိုင်ရန်ဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ စာအုပ်အများစုဟာ amazon kindle ကအခမဲ့ စာအုပ်များဖြစ်တဲ့အတွက် သင့်မှာ amazon kindle အကောင့်ရှိထားဖို့တော့ လိုအပ်ပါမယ်။

 

Centsless Book > https://centslessbooks.com/


 

  1. Overdrive

 

Overdrive ကတော့ မကြာသေးမီကမှ ထွက်ရှိထားတဲ့ ebook များကိုပါ အခမဲ့ဒေါင်းလုပ်ဆွဲဖတ်ရှုနိုင်တဲ့ အကောင်းဆုံးဒစ်ဂျစ်တယ်စာကြည့်တိုက်များထဲမှ တစ်ခုပဲဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ စာအုပ်များကို ဖတ်ရှုဖို့အတွက် Library card ဒါမှမဟုတ် Sign up လုပ်ထားဖို့လိုအပ်ပါတယ်။Ebooks အပြင် audiobooks များကိုပါ အခမဲ့ နားထောင်နိုင်ပါတယ်။ 

 

Overdrive > https://www.overdrive.com/

 

  1. Google eBookstore

 

Google eBookstore က စာအုပ်အများစုမှာ အခမဲ့ဖြစ်ပြီး စာအုပ်တစ်အုပ်စီတိုင်းတွင် အကြောင်းအရာအကျဥ်းချုပ်ဖော်ပြချက်များကိုဖတ်ရှုနိုင်ပါတယ်။အကြောင်းအရာအကျဥ်းချုပ်ကို ဖတ်ရှုခြင်းအားဖြင့် စာအုပ်နဲ့ ပတ်သက်ပြီး ပိုမိုသိရှိနိုင်ပါတယ်။ ထို့အပြင် စာအုပ်နဲ့ပတ်သက်တဲ့ Rating နဲ့ Review တွေလည်း မြင်တွေ့နိုင်ပါတယ်။ Audiobook တွေပါ ဖတ်ရှုနိုင်ပါတယ်။

 

Google eBookstore > https://bit.ly/3Vtbw7e


 

  1. PDFBooksWorld

 

စာအုပ်များကိုဒေါင်းလုပ်ဆွဲရယူနိုင်တဲ့နောက်ထပ်ကောင်းမွန်တဲ့ဝက်ဘ်ဆိုဒ်တစ်ခုပဲဖြစ်ပါတယ်။အရည်အသွေးမြင့် PDF စာအုပ်များကို ဒေါင်းလုပ်ရယူနိုင်ပါတယ်။ ရသစာပေ၊ သုတစာပေ၊ ပညာရပ်ဆိုင်ရာ စာအုပ်အမျိုးမျိုးကို ဒီဝက်ဘ်ဆိုဒ်မှာ ရှာဖွေရယူနိုင်ပါတယ်။ ဂန္တဝင်စာပေအများစုကိုလည်း ဒီဝက်ဘ်ဆိုဒ်မှာ တွေ့ရှိရမှာပါ။

 

PDFBooksWorld > https://www.pdfbooksworld.com/

 

  1. Open Library

 

 ကိုယ်ဖတ်ချင်တဲ့စာအုပ်များကို Reading Logs & Lists လုပ်ထားပြီး အလွယ်တကူ သိမ်းဆည်းထားနိုင်ပါတယ်။ လက်ရှိခေတ်စားနေသော စာအုပ်များ၊ ဂန္တဝင်၊ အချစ်၊ ဒရာမာ၊ သည်းထိပ်ရင်ဖို၊ ကလေး စတဲ့စာအုပ်များကို ရှာဖွေနိုင်ပါတယ်။ ထို့အပြင် ချက်နည်းပြုတ်နည်း စာအုပ်များကိုလည်း ရှာဖွေဖတ်ရှုနိုင်ပါတယ်။ 

 

Open Library > https://openlibrary.org/

Knowledge Latest Post Read 23139 times