တောင်ကြီးတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနမှ ဦးစီး၍ တောင်ကြီးတက္ကသိုလ် ဥပဒေပညာ ဌာနတွင် စီးပွားရေးဥပဒေဒီပလိုမာ (Diploma in Business Law - DBL) အမှတ်စဥ် (၂/၂၀၂၃)ကို ဖွင့်လှစ် ပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။
သင်တန်းမှာ ၂၀၂၃ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၉)လတာကြာမြင့် မည်ဖြစ်သည်။ သင်တန်းကာလ (၉)လအတွင်း စာသင်နှစ်ကို နှစ်ပိုင်းခွဲခြားထားပြီး ပထမစာသင်နှစ်ဝက်မှာ ၂၀၂၃ခုနှစ် ဇွန်လမှ အောက်တိုဘာလအထိဖြစ်ပြီး ဒုတိယနှစ်ဝက်မှာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ခုနှစ် ဧပြီလ အထိဖြစ်သည်။
သင်တန်းကို အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်_
တက္ကသိုလ်၊ ဒီဂရီကောလိပ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုချက် အထောက်အထား တင်ပြရမည်။
Advertisement
Click Here >> Fuji Aluminium Industry
သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲပြုလုပ်၍ ရွေးချယ်လက်ခံမည်ဖြစ်သည်။
သင်တန်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
သင်တန်းချိန် - တနင်္လာနေ့မှသောကြာနေ့ (နံနက် ၇း၀၀မှ ၉း၀၀)
လျှောက်လွှာစတင်ရောင်းချမည့်ရက် - ၂၀၂၃ခုနှစ် မေလ ၁၆ရက်နေ့
လျှောက်လွှာစတင်ရောင်းချမည့်နေရာ - ဥပဒေပညာဌာန၊ တောင်ကြီးတက္ကသိုလ်။
နောက်ဆုံးလျှောက်ထားရမည့်ရက် - ၂၀၂၃ခုနှစ် မေလ ၂၅ရက်နေ့
ဝင်ခွင့်ဖြေဆိုရမည့်ရက် - ၂၀၂၃ခုနှစ် မေလ ၂၉ရက်နေ့
ဝင်ခွင့်ဖြေဆိုရမည့်အချိန် - နံနက် ၉း၀၀ မှ ၁၀း၀၀ နာရီ
ဝင်ခွင့်နှုတ်ဖြေဖြေဆိုရမည့်ရက် - ၂၀၂၃ခုနှစ် မေလ ၃၁ရက်နေ့
ဝင်ခွင့်နှုတ်ဖြေဖြေဆိုရမည့်အချိန် - နံနက် ၉း၀၀နာရီ
ဝင်ခွင့်နှုတ်ဖြေဖြေဆိုရမည့်နေရာ - လွိုင်လင်ဆောင်၊ ဥပဒေပညာဌာန၊ တောင်ကြီးတက္ကသိုလ်။
ဝင်ခွင့်ရရှိသူများစာရင်းကြေညာမည့်ရက် - ၂၀၂၃ခုနှစ် ဇွန်လ ၂ရက်နေ့
သင်တန်းစဖွင့်မည့်ရက် - ၂၀၂၃ခုနှစ် ဇွန်လ ၆ရက်နေ့
သင်တန်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက တောင်ကြီးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန ဖုန်း - ၀၈၁ ၂၁၂၁၀၉၀ နှင့် ဥပဒေပညာဌာန၊ တောင်ကြီးတက္ကသိုလ်၊ ဖုန်း ၀၉ ၂၀၁၀၀၀၉ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Source: The Mirror Daily Newspaper