စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် The Asia Foundation တို့နှင့်ပူးပေါင်း၍ MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းခွင်အတွင်း Digital နည်းပညာများကို ပိုမိုအသုံးပြုနိုင်ရန်အတွက် Digital နည်းပညာတတ်ကျွမ်းမှုဆိုင်ရာ သင်တန်း (Digital Literacy Training for MSMEs) အမှတ်စဉ်(၁၇)၊ (၂၁)နှင့် (၂၅) တို့အားအောက်ပါ အစီအစဉ်အတိုင်း Online မှတဆင့် စာတွေ့လက်တွေ့သင်ခန်းစာများ၊ ဉာဏ်စမ်း ပဟေဠိများ၊ Group Exercises များ၊ Audio Visual များဖြင့် သင်ကြားပေးသွားမည်ဖြစ်၍ တက်ရောက်မည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင် (၆၀) ဦး တို့၏ အမည်၊ ဖုန်းနံပါတ်နှင့် Email Address (၁၉.၁၁.၂၀၂၀) ရက်နေ့ ပေးပို့ရန် ရည်ညွှန်းချက်ပါစာဖြင့် အကြောင်းကြားလာရမည်ဟုသိရသည်။
သင်တန်းအမည်
ဒီဂျစ်တယ်နည်းပညာတတ်ကျွမ်းမှုဆိုင်ရာသင်တန်း (Digital Literacy Training for MSMEs)
ရည်ရွယ်ချက်
MSME လုပ်ငန်းများအနေဖြင့် လုပ်ငန်းခွင်အတွင်း အသုံးဝင်မည့် Digital ကိရိယာများ၊ Digital ဈေးကွက် ရှာဖွေခြင်း၊ အွန်လိုင်းငွေပေးချေမှု အစရှိသည့် အွန်လိုင်း ငွေကြေးစီမံခန့်ခွဲရေးအတွက် Digital နည်းပညာများ ကို ပိုမိုအသုံးပြုနိုင်ရန်။
ပို့ချမည့် သင်တန်းသား
သင်တန်း(၁)ကြိမ်လျှင် (၆၀)ဦး၊ သင်ကြားမည့်ပုံစံ - Online
သင်ကြားမှုပုံစံ
ZoomApplication ဖြင့် ပို့ချခြင်း
သင်တန်းပို့ချမည့်အချိန်
နံနက်ပိုင်း(၉:၀၀) မှ နေ့လည်(၁၂:၀၀)နာရီအထိ
သင်တန်းအမှတ်စဉ်
(၁၇) ပို့ချမည့်နေ့ရက် - (၂၄.၁၁.၂၀၂၀)ရက်နေ့မှ (၂၆.၁၁.၂၀၂၀)ရက်နေ့အထိ၊ (၁၇) ပို့ချမည့်နေ့ရက်
သင်တန်းအမှတ်စဉ်
(၂၁) ပို့ချမည့်နေ့ရက် - (၈.၁၂.၂၀၂၀)ရက်နေ့မှ (၁၀.၁၂.၂၀၂၀)ရက်နေ့အထိ၊ (၂၁) ပို့ချမည့်နေ့ရက်
သင်တန်းအမှတ်စဉ်
(၂၅) ပို့ချမည့်နေ့ရက် - (၂၂.၁၂.၂၀၂၀)ရက်နေ့မှ (၂၄.၁၂.၂၀၂၀)ရက်နေ့အထိ၊ (၂၅) ပို့ချမည့်နေ့ရက်
သင်တန်းကြေး
FoC (Free of charge)